Part 21

10.6K 316 1
                                    

💞 Part - 21 💞
~~~~~~~~~~~~~

Seaတို့က မော်ဒိုက်ကိုသွားကြဖို့ တိုင်ပင်ထားသည်ဆိုတော့ ကိုင်းလည်း ခေါင်းညိတ်ပေးလိုက်ကာ Amsterdamကိုတော့ ဦးနဲ့အတူသွားဖို့သာ စိတ်ကူးထားလိုက်သည်။
ကိုင်းခရီးထွက်မှာမှန်း သိနေသောဦးက အလိုက်တသိဖုန်းမဆက်တာမို့ Telegramကနေသာ မက်ဆေ့တွေပို့ပေးထားလိုက်သည်။
လေဆိပ်ထဲမှာ ကိုင်းတို့ လေယာဥ်စောင့်နေကြသည့်ပုံလေးတွေ ပို့ပေးလိုက်တော့ ဦးက စာပြန်ပို့လာ၏။

"Take care baby"

တဲ့လေ…
ထို့နောက် ဆက်တိုက်ဝင်လာသော အသည်းပုံemojiလေးတွေကြောင့် ကိုင်း အသည်းယားစွာ တခစ်ခစ်ရယ်လိုက်မိတော့သည်။

"ကိုင်း သွားစို့လေ ပလက်ဖောင်းကိုခေါ်နေပြီ"

Seaရဲ့သတိပေးစကားကြောင့် ကိုင်းထရပ်လိုက်ပြီး ဘယ်ကိုသွားရမှန်းမသိခင် Seaက ပလက်ဖောင်း 3ဟု လှမ်းပြောသောကြောင့် LED boardကို သေချာမကြည့်တော့ဘဲ ထွက်လာခဲ့၏။
လေယာဥ်လက်မှတ်စစ် ဌာနကိုရောက်မှ Seaက ပြူးပြူးပြာပြာဖြင့် ဘောင်းဘီအိတ်တွေစမ်းသပ်ကာ…

"ဖုန်းရော"

"လုပ်ပြီ နင်ဟာလေ"

"ငါတို့ထိုင်ခဲ့တဲ့နေရာမှာ ကျန်ခဲ့တယ်ထင်တယ် ခဏဟာ ငါသွားလိုက်ဦးမယ်"

"အဲ့ဒါဆိုငါတို့တက်နှင့်မယ် မဟုတ်လည်း လက်မှတ်တွေက ကပ်လျက်ပဲမလား"

"အေး.. ကပ်လျက်ပဲ နင်တက်နှင့်လိုက် မ.. နေသာ ငါနဲ့လိုက်ခဲ့ ဖုန်းခေါ်ပေးဦးနင်က"

အခုမှပြာယာခတ်နေသော Seaကို အမြင်ကတ်ကတ်ဖြင့် မျက်စောင်းချီကာ ကိုင်းကပဲအရင် လေယာဥ်ပေါ်တက်နှင့်ဖို့ စိတ်ကူးလိုက်၏။
Seaဖြတ်ထားသည့်လက်မှတ်လေးကိုကိုင်ကာ ထိုင်ရမည့်ခုံကို လိုက်ကြည့်နေတုန်း လေယာဥ်မယ်လေးရောက်လာကာ ကိုင်းကို ဦးညွတ်ရင်း…

"Let me see seat number, please!"

ဟု မေးလာတော့ ကိုင်း လက်မှတ်ကိုပြလိုက်သည်။
ထိုအခါ လေယာဥ်မယ်လေးက လက်ကလေးပြကာ သူ့နောက်ကိုလိုက်ခဲ့ဖို့ ပြောတော့ ကိုင်းလိုက်လာခဲ့သည်။

"Here!"

ကိုင်းရဲ့ဘေးခုံမှာ လူတစ်ယောက်ရှိနေပြီး ထိုလူ့ကိုမြင်လိုက်တော့ ရင်ထဲဒိန်းခနဲဖြစ်သွားကာ တအံ့တသြဖြစ်သွားမိသည်။
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ…

သူမ မှ တစ်ပါးWhere stories live. Discover now