Part 36

12.5K 334 7
                                    

💞 Part - 36 💞
~~~~~~~~~~~

Doramonအရုပ်လေးတွေပါသော အပြာရောင်ဝတ်စုံလေးဖြင့် Skyက သူ့ရှေ့မှာရပ်နေကာ အိပ်ယာနိုးထားတာ မကြာသေးဟန်ဖြင့် မျက်နှာလေးက ဖောင်းဖောင်းလေး။
ဘီးကုပ်လေးကလည်း အပြာရောင်လေးဖြစ်သလို Doramonရုပ်မွေးပွဖိနပ်ကလည်း အပြာရောင်လေး။
နေမင်းမဟာက ခေါင်းအစ ခြေအဆုံးအထိ သေသေချာချာ ဂရုစိုက်ဆင်ပေးထားပုံရတာမို့ Skyရဲ့အိမ်နေရင်းပုံစံလေးကအစ ချစ်စဖွယ်။

"Sky ငါ့သမီးကို ဒီကောင်ဘာလုပ်သေးလဲ"

"မလုပ်ပါဘူး ဖေဖေ"

"ဖေဖေမကြိုက်တာကို သမီးမလုပ်ဘူးလို့ ဖေဖေယုံကြည်နေတယ် ဒီကောင် သမီးကို မေ့ဆေးအုပ်ပြီးခေါ်သွားတာမလား"

"မဟုတ်ပါဘူး ကိုင်းလိုက်လာတာပါ"

"လိုက်လာတယ် လိုက်လာတယ်ပေါ့ ဟုတ်လား ဒီကိုမပြန်ခင် ငါ့ကိုဘာပြောခဲ့သလဲ မှတ်မိလား Sky"

ထောင်းခနဲဒေါသဖြစ်သွားမိကာ ခေါင်းလေးငုံ့ပြီး ဘာမှမပြောတော့သည့် သမီးဖြစ်သူကို ပခုံးနှစ်ဖက်ကို တအားဆွဲခါပစ်လိုက်မိသည်အထိ။
Skyသည် အရင်ကတည်းက မနဲ့သူ့တွင် သူ့စကားကိုမှ နားထောင်တတ်သည့်ကလေးမို့ သားထက်ပိုပြီး အလိုလိုက်ယုယခဲ့ရသည့်သမီးလေး။
ဒီသမီးလေးကမှ သူ တောင်းထားသည့်ကတိကိုမှ မကြောက်မရွံ့ ချိုးဖောက်ပစ်လိုက်သည်မို့ ဒေါသကိုဘယ်လိုမှထိန်းမရ။

"ဦးဧကန် ကလေးက သိပ်ကြောက်နေပြီ ပြောချင်ရင်ကျွန်တော့်ကိုပြောပါ ကိုင်းက ကျွန်တော်အတင်းခေါ်လာလို့ပါ"

"အေး ငါသိပြီးသား ငါ့သမီးက ငါ့စကားဆို ဘယ်တုန်းကမှ ဖယ်ရှားခဲ့တာမဟုတ်ဘူး ပြန်လာခဲ့လို့ပြောတာတောင် ဟုတ်လို့ပဲပြောခဲ့တာ
မင်း ဘာရည်ရွယ်ချက်နဲ့ ငါ့သမီးကိုခေါ်သွားတာလဲ ဟမ်!! တစ်ခါဖြစ်ထားရုံနဲ့ အားမရသေးလို့လား"

"မဟုတ်ပါဘူး ကျွန်တော် ကိုင်းကိုနောက်ထပ်ဘာမှအဖြစ်မခံပါဘူး"

"ငါလည်းအဖြစ်မခံနိုင်ဘူး ဟိုတစ်ခါနဲ့တင် ငါ့သမီးကိုကြည့်ပြီး ငါ့မှာရင်ကွဲမတတ်ပဲ အဲ့ဒါမင်းသိလား မင်းနားလည်လား
မင်းကြောင့်လို့ခေါင်းစဥ်မတပ်နိုင်ပေမယ့် မင်းကြောင့်ပဲ ငါ့သမီး မင်းရဲ့စိတ်နဲ့ စီးကရက်တွေ တစ်ညလုံးထိုင်သောက်နေခဲ့တာ မင်းရဲ့စိတ်နဲ့ပဲ ဆေးရုံပေါ်ရောက်ခဲ့တာ
ငါနောက်ထပ်အဖြစ်မခံနိုင်ဘူး ဖြစ်ခွင့်လည်းမရှိဘူး အခုငါ့သမီးကိုလာခေါ်တာ"

သူမ မှ တစ်ပါးWhere stories live. Discover now