Part 30

7.6K 219 6
                                    

💞 Part - 30 💞
~~~~~~~~~~~

"စာမေးပွဲအောင်တာဂုဏ်ယူပါတယ် ကိုယ့်ရဲ့princessလေး"

"ကျေးဇူးပါ ဦးကိုချစ်လိုက်တာ"

သူ မသိအောင်ဖြေထားခဲ့သည့် MBA ဝင်ခွင့် Resultထွက်ပြီမို့ ကိုင်းက ကျောင်းတက်ခွင့်လျှောက်ရုံသာကျန်ကာ တစ်နည်းပြောရရင် သူမဟာကိုယ့်အနားက ထွက်ခွာဖို့လပိုင်းလောက်သာလိုတော့သည်။
လျှောက်လွှာတင်ခဲ့စဥ်အချိန်က စိတ်ဆိုးမိပေမယ့် သူမလေးကို မြတ်နိုးရလွန်း၍ ကြာကြာစိတ်မဆိုးနိုင်ခဲ့။
အခုလည်းကိုင်းရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးချင်၍ နှင်းဆီပန်းစည်းကြီးဝယ်လာပေးတော့ သူမက အကြည့်မလွှဲနိုင်အောင် သဘောကျနေသည်။

"ကျောင်းသွားတက်ရင် ဘယ်လောက်ကြာမှာလဲ"

"၄နှစ်တည်းပါ ဦးရဲ့"

"၄နှစ်တောင်လား"

သူ စိတ်ပျက်သွားမိသလို ထို၄နှစ်မှာ ဘယ်လိုများနေရမလဲဟု အတွေးဖြင့် စိတ်တွေလေးလံသွားမိသည်။
သူသည် ကိုင်းကို နေ့ရောညပါ အပိုင်လိုချင်နေပြီမို့ ၄ရက်လောက်တောင် ခွဲမနေချင်တော့တာ သေချာနေခဲ့ပြီဖြစ်သည်။
သူမ ကိုယ့်အတွက် ဘာမှမခံစားရဘူးလား…

"ကိုယ်မလွှတ်ချင်သေးဘူး မသွားပါနဲ့လား ကိုင်းရယ်"

"ဦးကလည်း ကိုင်းလည်းဘယ်သွားချင်ပါ့မလဲ ဒါပေမယ့် ဒါကကိုင်းရဲ့မျှော်လင့်ချက်လေ ဦးအပေါ်  အချစ်တွေလျော့မှာလည်းမပူနဲ့သိလား ဦးကိုပဲပိုပိုပြီးချစ်မှာ"

"ကိုယ်သိပါတယ် ဒါပေမယ့် ကိုယ်မှမလွှတ်ချင်တော့တာ မင်းကိုစိတ်မချဘူး"

"ကိုင်း ကလေးမဟုတ်တော့ပါဘူး ဦးရဲ့"

စာမေးပွဲresultကို ကြားလိုက်ပြီးကတည်းက ဒီပြဿနာစတော့မှန်း သူသိသည်။
ဖြစ်နိုင်ရင် သူမကို ဘယ်ကိုမှမသွားစေချင်သလို သူ့မျက်ကွယ်မှာလည်း အချိန်အကြာကြီးလွှတ်မထားနိုင်။
သူမကိုကြည့်တော့လည်း အရှုံးမပေးချင်သည့်အကြည့်တွေဖြင့်…

"မင်းက မင်းရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ကိုယ်နဲ့ပဋိပက္ခဖြစ်အောင် လုပ်နေတာလား ကိုင်း"

သူမ မှ တစ်ပါးWhere stories live. Discover now