Part 5

10.7K 333 1
                                    

💞 Part - 5 💞
~~~~~~~~~~~~~~

"mojito"

ကောင်လေးက ခက်ကိုတစ်ချက်ကြည့်ကာ ဘာမှထပ်မပြောတော့ဘဲ လက်ချင်းချိတ်ထားတာကိုလွှတ်ပြီး Barထဲဝင်သွားတော့ ခက်နှင့် သူမသာကျန်ခဲ့သည်။
သူမက မျက်လုံးလေးတွေဝိုင်းစက်နေသည့်အပြင် နီရဲစုထွေးနေသည့်နှုတ်ခမ်းလေးကြောင့် ဘာဘီအရုပ်မလေးလို ချစ်စရာကောင်းသည်။
ချောကလက်ရင့်ရောင်ဆံပင်တွေက လည်တိုင်ကျော်ရုံသာမို့ ဆံပင်ကအရမ်းတော့မရှည်လောက်။
ခြုံကြည့်ရရင်တော့ သူမသည် ကလေးဆန်ဆန်ချစ်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးသည့်လူငယ်ဟန်အပြည့်။

"မင်း မဟာနဲ့ချစ်သူဖြစ်ခဲ့တယ်မလား"

မဟာဆိုသည့်နာမည်ကြားသည်နှင့် သူမနှုတ်ခမ်းလေးစူသွားပြီး ခက်ကိုမကြည့်တော့ဘဲ လမ်းဘက်ကို မျက်နှာလွှဲသည်။
မဟာနဲ့ပတ်သတ်သည့်စကားဆို မကြားချင်သည့်သဘောဖြစ်ပေမယ့် ထိုချေမိုးနေသည့်ပုံစံလေးကိုက ချစ်စရာကောင်းနေပြန်သည်။

"မေးတာဖြေပါဦး ဘာလဲ တို့ကဘယ်သူဘယ်ဝါမှန်းမသိလို့ အသည်းအသန်စဥ်းစားရင်း ငုတ်တုတ်မေ့သွားတာလား"

"ငုတ်တုတ်တော့မမေ့ပါဘူး ရည်ရည်မွန်မွန်ဆက်ပြောမယ့်စကားမျိုး ပါမယ်မထင်တော့ စဥ်းစားရတာပေါ့"

"ဘာကြောင့်အဲ့လိုထင်ရတာလဲ မင်းကိုမေးလိုက်တဲ့မေးခွန်းမှာ မဟုတ်တာပါသွားလို့လား"

"မပါပါဘူး ဒါပေမယ့် ကိုယ်မသိတဲ့လူတစ်ယောက်က ကိုယ်မေ့ထားတဲ့ကိစ္စအတွက် တံခါးလာခေါက်တာကို မကြိုက်တာ အစ်မအခုလာတာ ဘာကိစ္စလဲ"

ခက်မေးခွန်းကို ဟုတ်တယ်လို့ဝန်ခံခြင်းဖြစ်ပေမယ့် ထိုဝန်ခံခြင်းကိုရော၊ ခက်နှင့်တွေ့ရသည်ကို သဘောမကျခြင်းကိုပါ စကားကိုကွေ့ပတ်ဖြေသွား၍ သူမ မခေဘူးဟု ခက်တွေးလိုက်မိသည်။
လူငယ်ပေမယ့် အဆိပ်ပြင်းသောကောင်မလေးပဲ…

"မဟာ့ကိစ္စပါပဲ"

"အဲ့ဒါကျွန်မနဲ့ မဆိုင်ဘူး"

"မင်းနဲ့ကတော့ တကယ်မဆိုင်ပါဘူး ဒါပေမယ့်"

"ဒါပေမယ့် ဘာတွေပြောဖို့ရှိနေလို့လဲ coffeeဆိုင်မှာ ကိုင်းနဲ့စကားပြောဖြစ်ခဲ့တာကို အစ်မ သဝန်တိုပြီး ကိုင်းဆီရောက်လာတာလား"

သူမ မှ တစ်ပါးWhere stories live. Discover now