Part 9

9.8K 318 7
                                    

💞 Part - 9 💞
~~~~~~~~~~~~~~

"နင် နေသာ့ကိုဘယ်လိုမြင်လဲ Sea"

နှုတ်ခမ်းနီဆိုးနေရင်း ကိုင်းမေးလိုက်သည့်စကားကြောင့် Seaက ပခုံးတွန့်ပြပြီး ဖုန်းအသုံးမပြတ်တာမို့ အမြင်ကတ်ကတ်ဖြင့် သူ့ဖုန်းကိုဆွဲယူလိုက်သည်။
ထိုအခါမှ Seaက ကျွတ်ခနဲဖြစ်သွားပြီး လျော့တိလျော့ရဲထိုင်နေရာမှ မတ်မတ်ပြင်ထိုင်လိုက်ကာ...

"ဘယ်လိုမြင်ရမှာလဲ နေသာက နေသာပဲပေါ့"

"နေသာက နေသာပဲလုပ်မနေနဲ့ သူနင့်ကိုသဘောကျနေတာ ငါသိတယ် ငါလည်း သဘောတူတယ်"

"နင်သဘောတူရင် နင်ပဲယူပါ့လား ဘာလို့ငါ့ကိုဆွဲထည့်နေတာလဲ နေပါဦး.. အဲ့ဒါကြောင့်မို့ နင် ငါ့ကောင်မလေးတွေကို လိုက်ဖျက်နေတာလား"

တကယ်လည်းဟုတ်နေသော ကိုင်းက ဆတ်ခနဲခေါင်းညိတ်ပြလိုက်၍ Seaက တင်းသွားဟန်ဖြင့် ကိုင်းကို ခေါင်းအုံးနှင့်လှမ်းပစ်သည်။
ဘုတ်ခနဲထိသွား၍ သေချာပြုပြင်ထားသည့် ဆံပင်တွေ နည်းနည်းဖွာသွား၍ ကိုင်း စိတ်တိုသွားပြီး နေရာမှထကာ Seaဆံပင်ကိုလှမ်းဆွဲ၏။
ကိုင်းလုပ်လာမည်ကို သိနေဟန်ဖြင့် Seaရှောင်သွားတော့ မမိလိုက်တာမို့ ပိုစိတ်တိုသွားပြီး ခုန်အုပ်ပစ်လိုက်သည့်အခါ အရှိန်မထိန်းနိုင်တော့ဘဲ ဆိုဖာက ဝုန်းခနဲလဲသွားတော့သည်။

"အ!! သေပါပြီ အဲ့ဒါနင့်ကြောင့် Seaစုတ်ရဲ့"

"ငါလည်းနာတာပဲ ဖယ်စမ်း ဝက်မရဲ့ အလေးကြီးပဲ"

"နင်သာဝက်"

"နင်သေဖို့သာပြင်"

ကိုင်းတို့ အသံတွေကို ကြားလိုက်ပုံရသောမေမေက အပြေးအလွှားရောက်လာသည်အထိ ကိုင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြဆဲ။
ကိုင်း သူ့ဆံပင်ကိုဆွဲထားသလို Seaကလည်း ကိုင်းအပေါ်ကမဖယ်သေးဘဲ ဖိထားဆဲ…

"ကဲ တော်ကြစမ်း"

"သူအရင်စတာ"       "သူအရင်စတာ"

"နင်ကဘာလို့လိုက်ပြောနေတာလဲ"

"ငါအရင်ပြောတာ နင်သာလိုက်ပြောနေတာ"

"ကဲ.. တော်တော့လို့ပြောနေတယ်နော်"

မေမေ့အသံက ဒေါသသံပါလာ၍ နှစ်ယောက်သားငြိမ်ပေးလိုက်ရင်း ဆံပင်ကိုပြန်လွှတ်ပေးလိုက်တော့ Seaကလည်း ဖိထားရမှ ပြန်လွှတ်ပေး၏။
သို့သော် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မကျေမနပ် အံကြိတ်ကြတာခြင်းလည်းအတူတူ။
မေမေကတော့ ရိုးအီနေသလိုကြည့်နေကာ နောက်တစ်ခွန်းထပ်ထွက်လာလျှင် ခေါင်းခေါက်ခံရမှာသေချာသည်။

သူမ မှ တစ်ပါးWhere stories live. Discover now