Part 13

9.4K 343 1
                                    

💞 Part - 13 💞
~~~~~~~~~~~~~

"ဦးကိုချစ်တယ် အဆုံးအထိတွဲချင်တယ်လို့ပြောတာ"

သူ ထင်မှတ်မထားသည့်Surpriseမို့ အံ့လည်းအံ့ဩမိသလို ပျော်လည်းပျော်သွားပြီး မျက်နှာကိုလွှဲပြီး သဘောတကျရယ်မိသည်။
သူမ အဖြေပေးပုံလေးက တကယ်ချစ်စရာကောင်းပါလား...

ထိုအချိန် လက်ကလေးထိုးပေးသောသူမကြောင့် ဟမ်းချိန်းလေးကိုလှမ်းယူလိုက်ကာ ကိုင်းလက်ကလေးမှာ ကိုယ်တိုင်ဝတ်ပေးလိုက်တော့ သူမက ငုံ့ကြည့်ပြီးပြုံးနေခဲ့သည်။
ထိုလက်ကလေးကို သူပြန်မလွှတ်တော့ဘဲ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ကာ ကိုင်း ပခုံးလေးကိုဆွဲယူပြီး ဖက်ထားလိုက်သည်။
သေးကွေးသောပခုံးနုနုလေးပေါ် မေးတင်ထားလိုက်ရင်း ဆံနွယ်လေးတွေကို တဖွဖွနမ်းမိတော့ မရဲတရဲပြန်ဖက်လာသည့် သူမလက်ဖဝါးလေးတွေ...

"မင်းကိုချစ်တယ် ချာတိတ်"

တိုးဖွဖွပြောပြီး နဖူးလေးကိုငုံ့နမ်းတော့ သူမ ရှက်သွားကာ ခေါင်းလေးငုံ့သွားပေမယ့် မေးဖျားလေးကနေ ပင့်ယူတော့လည်း မျက်နှာလေးပြန်မော့လာသည်။
ပူပူနွေးနွေးချစ်သူလေး၏ ရှက်နေသောမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိတော့ သူမမျက်နှာလေးပိုပြီးရဲလာကာ ရင်ဘတ်ကိုဖွဖွထုသည်။

"ဦးနော် ဘာလို့အဲ့လိုကြီးကြည့်​နေတာလဲ"

"မင်းရှက်နေလို့လေ ချစ်လို့နမ်းတာပဲဖြစ်ဖြစ် စိတ်လှုပ်ရှားလို့နမ်းတာပဲဖြစ်ဖြစ် ကိုယ့်အတွက် မင်းကပထမဆုံးပဲ"

"မယုံပါဘူး"

သူမ မျက်လုံးလေးထောင့်ကပ်ပြီးပြောတော့ အသည်းယားသွားမိ၍ နှာခေါင်းဖျားလေးကို မနာအောင်ဆွဲလိမ်လိုက်သည်။
ထိုအခါ ချာတိတ်မသည် မနာပေမယ့်နှာခေါင်းလေးရှုံ့ကာ နှုတ်ခမ်းလေးစူထော်လာလေ၏။

"ပါးစပ်က​နေမပြောချင်ဘူး ကိုင်း ကိုယ်လက်တွေ့ပြရတာကိုပဲ သဘောကျတယ် ဟုတ်ပြီလား ဒါအတွက် ကိတ်မုန့်ရောဝယ်လာတာပေါ့ အမှတ်တရဖြစ်အောင်လို့လား"

"မဟုတ်ပါဘူး ကိုင်းစားချင်လို့ပါ"

သူ သဘောတကျရယ်ပြီး နဖူးလေးကိုထပ်နမ်းတော့ သူမ မရဲတရဲဖြင့် သူ့ခါးကိုပြန်ဖက်ကာ ရင်ဘတ်ပေါ်မျက်နှာလေးကပ်ထားရင်း မော့ကြည့်သည်။
စိုလက်နေသော ထိုမျက်လုံးအကြည့်တွေဟာ သူ့ကိုပိုပြီးရင်တုန်စေသလို ခပ်ဟဟလေးဖြစ်နေသော နှုတ်ခမ်းလွှာလေးတွေက ငုံ့နမ်းပါဟု မြှူဆွယ်နေသည့်အတိုင်း...

သူမ မှ တစ်ပါးWhere stories live. Discover now