Part 16

10K 313 4
                                    

💞 Part - 16 💞
~~~~~~~~~~~~~

"ထမင်းစားခဲ့ပြီလား"

Seaရဲ့စကားကြောင့် နေ နာရီကိုတစ်ချက်လှမ်းကြည့်မိကာ နေ့လည်၃နာရီမှ မေးလာသောထိုမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိ။
ကိုင်းဆိုသည့် ယောင်းမစုတ်ကလည်း ဝတ်စုံကြည့်ဆိုသည့်ခေါင်းစဥ်နှင့် နေ့ကို ခေါ်ထုတ်လာပြီး...

"ဒီနားလေးမှာ ဦးရဲ့ရုံးရှိတယ် ငါသွားလိုက်ဦးမယ် နင်တို့ဆက်ရွေးနေလိုက်ကြ ခဏနေပြန်လာခဲ့မယ်"

ဆိုကာ ပျောက်သွားသည်မှာ အတော်လေးကြာနေပြီဖြစ်သည်။
နေတို့လက်ထပ်ဖို့အတွက် ဝတ်စုံတွေရွေးပြီးသည့်တိုင် ကိုင်းကပေါ်မလာတော့ နေရထိုင်ရခက်ခဲလာချိန် Seaက မရဲတရဲ စကားစလာတော့၏။

"မ,က ပြန်နှင့်ပြီထင်တယ် နင်ဝတ်စုံဝတ်ကြည့်လိုက်လေ ငါ မ,ကိုဖုန်းဆက်လိုက်ဦးမယ် သူပြန်မလာဘူးဆိုလည်း ခဏနေပြန်ရအောင်လေ"

"Omm"

နေသည် ရွေးထားသည့်ဝတ်စုံကို စမ်းဝတ်ကြည့်ဖို့ အဝတ်လဲခန်းကိုရောက်တော့ ကိုင်းကိုဖုန်းခေါ်ပေမယ့် ကိုင်းကမကိုင်ချေ။
အဖြူရောင်သတို့သမီးဂါဝန်သည် နေ့ကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ် နေရာယူထားကာ အပြင်မှာSeaစောင့်နေမှန်းသတိရတော့ ရင်တွေခုန်လာမိသည်။

"မှန်ထဲသွားကြည့်ရအောင်နော် ညီမ"

"ဟုတ်"

နေ ဂါဝန်စတစ်ဖက်ကိုမပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးခေါ်ရာနောက်ကို လိုက်လာတော့ နေ့လက်တွေ အေးစက်နေတာကို သတိထားမိသည်။
လိုက်ကာစ ရွေ့ဖယ်သွားတော့ အဖြူရောင်အနောက်တိုင်းဝတ်စုံဖြင့် ရပ်နေသော သူ...

သပ်ရပ်ချောမွေ့သော Seaရဲ့ပုံစံက နေ တစ်ခါမှမမြင်ဖူးသည့်ပုံစံမို့ ငေးခနဲဖြစ်သွားမိကာ သူသည်လည်း နေ့ကိုငေးနေ၍ မျက်နှာလေးငုံ့လိုက်မိသည်။
အခန်းတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၍ နေ့ ရင်ခုန်သံတွေက ပိုပြီးကျယ်လောင်နေသလို ခံစားရသည်။
ထို့နောက် Seaက နေ့အနားကို ဖြည်းဖြည်းလျှောက်လာပြီး လက်ကမ်းပေးသည့်အခါ နေသည် သူ့လက်ကို မြဲနေအောင်ဆုပ်ကိုင်လိုက်မိသည်။

သူမ မှ တစ်ပါးWhere stories live. Discover now