Part 2

17.1K 382 9
                                    

💞 Part - 2 💞
~~~~~~~~~~~~~

ရုံးခန်းမှာ အလုပ်ထဲအာရုံရောက်နေရင်း လျှပ်စီးလက်ခြင်းကိုတွေ့လိုက်မှ ရုံးခန်းရဲ့အပြင်ဘက်ကို လှမ်းကြည့်မိသည်။
မိုးရွာတော့မှာမို့ တိမ်မည်းတွေက ကောင်းကင်တစ်ခုလုံးကို အုံ့ဆိုင်းနေပြီး သူ့မြင်ကွင်းတစ်ခုလုံး မှောင်နေသည်။

"မိုးရွာတော့မယ်"

သူတစ်ယောက်တည်း ခပ်တိုးတိုးပြောရင်း ရုံးခန်းမှန်ချပ်ကတစ်ဆင့် အောက်ဘက်က ကားလမ်းတွေဆီ တစ်ချက်ငုံ့ကြည့်မိသည်။
မိုးတွေ မှိုင်းညှို့နေလျှင် ကိုယ်ပိုင်ကားမစီးတတ်သော သူမသည် Bus stopမှာ မိုးခိုရင်း အမြဲရှိတတ်သည်မဟုတ်လား…

"ဦး"

သူမ ခေါ်လိုက်သလားဟု ဆတ်ခနဲနောက်လှည့်ကြည့်ပေမယ့် ဘယ်သူမှမရှိ။
တစ်ခန်းလုံးတိတ်ဆိတ်နေသလို ရယ်မောနေတတ်သောမျက်နှာလေးကို ပြန်သတိရလိုက်သည့်အခါ အထီးကျန်ခြင်းဟာ သူ့ထံ အလည်ရောက်လာခဲ့သည်။
သူမအသံလေးကို တကယ်လွမ်းမိသလို သူမမျက်နှာလေးကိုတွေ့ချင်စိတ်ကလည်း ရင်ဘတ်ထဲ ပြင်းပြင်းပြပြတိုးဝင်လာခဲ့သည်။
သူမနဲ့စတွေ့ခဲ့စဥ်ကလည်း ခုလိုမိုးတွေရွာခါနီးအချိန်လေး..

"အခုမှ လုပ်လာတာကိုဟယ် ဒီမိုးက.. စိတ်ညစ်လိုက်တာ"

ဧည့်သည်တစ်ယောက်နဲ့တွေ့အပြီး ကားလာမကြိုသေး၍ ဘက်စ်ကားဂိတ်မှာစောင့်နေတုန်း သူမက အမိုးအောက်ကိုပြေးဝင်လာရင်း ခပ်ညည်းညည်းလေးဆိုသည်။
ဆေးနံ့လည်းရလိုက်တာမို့ သူမ ဆံပင်ဆေးဆိုးလာသလား၊ တစ်ခုခုလုပ်လာသလားမသိ...

"မောင်လေးရေ မ ကိုလာကြိုပေးဦး"

ဆိုသည့် ခပ်ချွဲချွဲအသံလေးဖြင့် သူမ ဖုန်းပြောနေသံက နီးကပ်နေသည်မို့ နားမထောင်လည်းကြားနေရသည်။
သူမက စကားပြောနေရင်း ဆံပင်တွေဖွလိုက်၊ မိုးပေါ်မော့ကြည့်လိုက်နှင့် တစ်ချက်ကလေးမှအငြိမ်မနေ။

"ခုမှဆံပင်ကောက်လာလို့ပါ မိုးရေစိုလို့မဖြစ်ဘူးလေ လာပါဟယ် please"

ပြောရင်း လက်အုပ်ချီလိုက်သေးသည်။
မောင်လေးဆိုသည့်လူ မြင် မမြင်တော့မသိ..
သူကတော့မြင်နေရ၍ ဘေးဘီဝဲယာကို ဂရုမစိုက်လွန်းသည့် သူမကို ငုံ့ကြည့်ချင်မိသည်အထိ စိတ်ဝင်စားသွားသည်။

သူမ မှ တစ်ပါးWhere stories live. Discover now