Part 10

10.4K 313 6
                                    

💞 Part - 10 💞
~~~~~~~~~~~~~~

"မသိဘူး မသိဘူး ဘာမှလာမပြောနဲ့ ရှင့်ကိုကွာမယ် ရှင်နဲ့မပေါင်းနိုင်တော့ဘူး တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်"

စူးစူးရှရှအသံနှင့်အတူ နေသာ့အခန်းထဲဝင်လာပြီး နေသာ့အနားမှာဆောင့်ခနဲထိုင်ချလိုက်သည့် မာမီ့ကြောင့် စာအုပ်ကိုချလိုက်သည်။
တစ်ဆက်တည်းမှာပဲ နေသာအခန်းတံခါးဝဆီရောက်လာသော ဒက်ဒီ..

"ဆိုင်ပိတ်သွားတာလေကွာ ကိုကိုက ဝယ်မကျွေးချင်လို့မှမဟုတ်တာ"

"မသိဘူး ကိုကိုတွေဘာတွေ ​လာလုပ်မနေနဲ့ ဦးမြဲမြံ ဒီမယ်ရှင့်သမီးရှိတယ် သတိရဦး"

မဆီမဆိုင်ဆွဲထည့်ခံလိုက်ရ၍ နေသာ မျက်လုံးပြူးသွားကာ မာမီ့ကိုကြည့်မိတော့ မာမီကမျက်နှာကိုစူပုတ်ထားပြီး ဒက်ဒီက စိတ်ရှုပ်နေသည့်ပုံစံဖြင့်။
ခါတိုင်း မာမီတို့တည့်နေချိန်ဆို ကိုကိုရေ၊ အိမ်မက်ရေ ဆိုပြီး တီတီတာတာချွဲနွဲ့နေကျဖြစ်ကာ အခုတော့ မာမီကဦးမြဲမြံတဲ့။
ရှင်တဲ့…

"ငါ မင်းကိုစိတ်တိုနေပြီနော် အိမ်မက်ချိုချို အကြောင်းမရှိဘဲ စိတ်ကောက်နေတာ သမီးတောင်စိတ်မကောက်ဘူး"

"ဘာဖြစ်လဲ ကျွန်မကတော့ကောက်မှာပဲ အဲ့ဒီဆိုင်က အစောကြီးပိတ်တတ်လို့ စောစောသွားဝယ်ခဲ့ပါလို့မှာရဲ့သားနဲ့ သွားလိုက်ပါ့မယ် ဝယ်လိုက်ပါ့မယ်ဆိုပြီး.."

"ဆိုင်စောပိတ်တတ်တယ်လို့မှ မပြောဘဲ မင်းကိုက"

"ကဲ.. တော်ကြပါတော့ ဒက်ဒီနဲ့မာမီကလည်း သမီးကိုရှေ့ထားပြီး"

နေသာစိတ်ညစ်လာ၍ လက်သီးဆုပ်လေးဖြင့် ပေါင်ကိုထုကာ အော်ပစ်လိုက်တော့ နှစ်ယောက်လုံးခဏတော့ ငြိမ်သွားကြသည်။
သို့သော် မာမီက ဟွန့်ခနဲမျက်စောင်းထိုးကာ မျက်နှာလွှဲသွားတော့၏။

"စကားအရင်စပြောတဲ့သူက တစ်ပတ်တိတိ ခိုင်းသမျှလုပ်ပေးရမယ် ကြားလား ဟိုလူ"

"စိန်လိုက်လေ မြဲမြံတို့ကလည်း စိန်ခေါ်ရင်တိမ်ပေါ်အထိ လိုက်မယ့်ကောင်မျိုး"

ဒက်ဒီက တော်တော်စိတ်ရှုပ်နေဟန်ဖြင့် ဆံပင်တွေကိုဆွဲဖွပြီး နေသာ့အနားမှာဝင်ထိုင်ကာ မာမီကတော့ တစ်ဖက်မှ မျက်စောင်းထပ်ထိုးလေ၏။
ဒက်ဒီနဲ့မာမီက Westernမှာနေခဲ့သူများပီပီ နေသာ့ကိုလည်းလွတ်လပ်ခွင့်ပေးထားသလို နေသာ လုပ်ချင်သမျှကိုလည်း လုပ်ခွင့်ပေးထားသည်။
သူတို့ချင်းလည်း အတော်လေးချစ်ကြသလို တစ်ခါတစ်လေ အတွဲမရှိသော နေသာ့ကိုတောင်...

သူမ မှ တစ်ပါးWhere stories live. Discover now