Part 19

10K 334 7
                                    

💞 Part - 19 💞
~~~~~~~~~~~~~

"ရေချိုးဦးမလား"

"ဟင့်အင်း"

နေသာ့ရဲ့အသံလေးက စိတ်လှုပ်ရှားနေသလို ကတုန်ကယင်လေးဖြစ်နေကာ သူမလက်ကလေးတွေက ဂါဝန်စလေးကို မသိမသာဆုပ်ကိုင်ထားသည်။
ဆံထုံးလေးထုံးထား၍ မျက်နှာလေးတစ်ခုလုံး ရှင်းလင်းနေကာ အစိပ်အပိုင်းတစ်ခုချင်းစီက ဒီညမှာ ပိုလှနေသလိုပင်။

"နေ ငါနင့်ကိုပြောစရာရှိတယ်"

လက်ကလေးကိုလှမ်းဆွဲယူသည့်အခါ နေသာ့လက်ကလေးအေးစက်နေကာ မရဲတရဲဖြင့်မျက်နှာလေးမော့လာတော့ သူမရဲ့ပါးလေးတွေရဲနေသည်။
သူမလည်း သူ့လို ရင်ခုန်စိတ်လှုပ်ရှားနေတာပဲ…

"အခြေအနေတွေ သိပ်မြန်နေတယ်ဆိုပေမယ့် ငါနင့်ကိုချစ်တာ နင်သိတယ်မလား"

"အင်း"

"ပန်းပွဲတော်မှာတုန်းက ငါနင့်ကိုတကယ်ဖွင့်ပြောခဲ့တာ ဒါပေမယ့် အဟွန်း… ဘယ်လိုပြောရမလဲ ငါရှက်သွားတယ်"

"ငါကတမင်လုပ်တာမှမဟုတ်တာ နင်ကအဲ့ဒါကိုမှတ်ထားတဲ့ဥစ္စာ"

"ထားပါ.. ငါမှားတာပါ နောက်တစ်ခါဖွင့်မပြောလို့ နင်ငိုတာ မှတ်မိလား"

မမှတ်မိမှန်းသိပေမယ့် တမင်မေးလိုက်သည့်အခါ နေသာ့မျက်နှာလေး ပိုရဲသွားပြီး နှုတ်ခမ်းလေးကိုပါ ဖွဖွကိုက်သည်။
ထိုနှုတ်ခမ်းကိုက်လိုက်ပုံလေးကြောင့် ရင်ခုန်သံတွေပိုမြန်လာပြီး သူမနှုတ်ခမ်းလေးကိုကြည့်ကာ စိတ်ထဲမရိုးမရွဖြစ်လာမိသည်။
ရည်းစားတွေထားခဲ့ဖူးပေမယ့် သူမကိုနမ်းဖို့တော့ စိတ်ထဲတွန့်ဆုတ်နေမိကာ ဘာကြောင့် ဒီလောက်ထိတွန့်ဆုတ်နေသလဲမသိ။
တကယ်ဆို ကိုယ်ချစ်ရသည့်မိန်းကလေးမို့ သူမအလှအပ၊ သူမနှုတ်ခမ်းတွေဆီမှာ ပိုပြီးယစ်မူးနေရမည်မဟုတ်လား…

"ကိုင်းက အဲ့ဒါကြောင့် နင့်ကို ငါ့ဆီရောက်အောင်တွန်းပို့ပေးခဲ့တာ"

"ဟင်!!"

"ပြောရရင် ငါ ရည်းစားတွေထားခဲ့တာတော့မှန်တယ် အဲ့ဒါနင့်ကိုရွဲ့တယ်လို့ ခေါင်းစဥ်တပ်ရမလားပဲ"

"နင့်ဘာသာနင် ထားချင်လို့ထားတာပါ Seaရယ်"

"ထားချင်လို့ထားတာ ဟုတ်တယ် ဒါပေမယ့် နင်များသဝန်တိုပြီးတားမလားလို့ မျှော်လင့်မိတာ ခဏခဏပဲ ကြာတော့ ငါကပဲတစ်ဖက်သတ်ဖြစ်နေသလားဆိုပြီး မမျှော်လင့်တော့တာ ဒါပေမယ့်ကိုင်းကပြောတယ် နင်ငါ့ကိုစိတ်ဝင်စားနေတယ်တဲ့ သူပြောတော့ငါမယုံဘူးသိလား"

သူမ မှ တစ်ပါးWhere stories live. Discover now