Part 8

9.7K 295 10
                                    

💞 Part - 8 💞
~~~~~~~~~~~~~~

မိုးတွေရွာတော့မှာမို့ spaထဲမှထွက်ခဲ့မိသည်ကိုပင်နောင်တရသွားပြီး ဘေးနားကို ကြည့်မိတော့ busကားဂိတ်အမိုးတစ်ခုကိုတွေ့ရာ ကိုင်းဘာမှမစဥ်းစားတော့ဘဲ ပြေးလာခဲ့သည်။
ကိုင်းထက်အရင်ရောက်နေသည့် လူတစ်ယောက်ကိုတွေ့ပေမယ့်ဂရုမစိုက်မိဘဲ လာကြိုဖို့Seaကိုဖုန်းဆက်သည့်အခါ ဂျစ်ကန်ကန်လုပ်နေသည့်Seaက ချက်ချင်းမလာချင်။

"မလာလည်းနေပေါ့ အစုတ်ပလုတ်ကောင် စော်နဲ့ပြတ်ပါစေ"

ကိုင်း စိတ်ဆိုးပြီးဖုန်းချပစ်လိုက်ရင်း Seaစုတ်ကို ဖေဖေနဲ့ပြန်တိုင်ဖို့ တေးမှတ်နေစဥ် ကိုင်းအနားကလူသည် ပြုံးလိုက်သလိုထင်၏။
စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်လာ၍ busတစ်စီးလောက်များ လာလိုလာငြားကြည့်မိတော့ ကိုင်းသည် ဘေးကလူကို တည့်တည့်ကြည့်မိသွားသည်။

အနောက်တိုင်းဝတ်စုံပြည့်နှင့် ရှူးဖိနပ်ကို စီးထားသည့်ထိုလူသည် နာရီတစ်လုံးမှလွဲ၍ ဘာတန်ဖိုးကြီးရတနာတစ်ခုမှဝတ်မထားဘဲ သူ့အရည်အချင်း၊ သူ့ရုပ်ရည်က ကြေညာစရာ မလိုအောင်ထည်ဝါနေ၏။
ကိုင်းကိုကြည့်လာသည့် မျက်လုံးတွေကလည်း ထက်မြက်စူးရှနေသလို နှာတံပေါ်ပေါ်၊ မာနကြီးမည့်နှုတ်ခမ်းပါးများဖြင့်။
ရင်ထဲ ဒိန်းခနဲဖြစ်သွားမိပြီး ထိုရင်ခုန်သံကိုသဘောမကျသလို ကိုင်းမျက်မှောင်ကုပ်ပစ်ကာ...

"ဦးလေးကြီး ဘာကြည့်နေတာလဲ"

ဟုပြောလိုက်ကာမှ နှုတ်ခမ်းမဖွင့်ဘဲ သူပြုံးကာ မျက်နှာလွဲသွားတော့သည်။
ထိုအပြုံးကို သဘောကျရလွန်း၍ ရုတ်တရက် ကိုင်းရူးသွားပြီလားဟုတောင် ထင်မိသည်။
ထိုအချိန်Seaရောက်လာ၍ ဆံပင်ရေစိုမှာစိုးစိတ်ဖြင့် ကိုင်း အလျှင်အမြန်ပင်ကားပေါ်တက်ပြေးမိပေမယ့် သူ မိုးမိမှာကိုလည်း တစ်ချက်စိုးရိမ်သွားကာ...

"ဦးလေးကြီး လာကြိုမယ့်ကားမလာသေးရင် လိုက်ခဲ့ပါလား မိုးမိမှာစိုးလို့"

ဟု ဖိတ်ခေါ်လိုက်ပြီး Seaကိုလည်း ခြေထောက်ချင်းလှမ်းကန်ရင်း အချက်ပြရ၏။
ကိုင်းရဲ့ အလိုက်သိသောမောင်လေးကပါ ဖိတ်ခေါ်ပေမယ့် သူကယဥ်ယဥ်ကျေးကျေးငြင်းခဲ့၍ Seaက ကားကိုမောင်းထွက်လာခဲ့တော့ ထိုမြင်ကွင်းကို နှမျောမိသလို လည်ပြန်ငေးကြည့်မိသည်။

သူမ မှ တစ်ပါးKde žijí příběhy. Začni objevovat