Part 6

10.4K 351 8
                                    

💞 Part - 6 💞
~~~~~~~~~~~

မျက်နှာတည်တည်ဖြင့် ကို ခက်ဆီကိုရောက်လာတော့ တစ်ခုခုထူးသည်ဟု ထင်ထားမိခဲ့ကာ ထင်ထားသည့်အတိုင်းပင်…

"မင်း ဘာဖြစ်လို့ သူ့ကိုသွားတွေ့တာလဲ ခက်"

ဟု မကျေလည်ခြင်းကစမေးလာ၏။
ခက်ဒေါသဖြစ်သွားပြီး မဖြေဘဲနေလိုက်သည့်အခါ သူရဲ့စူးရဲအေးစက်သော မျက်လုံးတွေက ခက်ကိုရိုက်သဝာ်ချင်လောက်အောင် ဒေါသဖြစ်နေဟန်ဖြင့် သူ့အမူအယာတွေကအစ ခက်ထန်လာခဲ့၏။

"မင်း ကိုင်းကိုသွား​တွေ့ခဲ့တာ ငါသိတယ် အဲ့ဒီမိန်းကလေးက ငါနဲ့မဆိုင်တော့ဘူးလို့ ငါတို့ ပြောထားပြီးသားမလား"

"ဒါဆို Milan cafeမှာတွေ့တုန်းက ကို ဘာလို့စကားတွေသွားပြောနေသေးတာလဲ"

ကိုက ခက်ကိုကြည့်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့သည်။
အထပ်ထပ်အခါခါ ဆွေးနွှေးခဲ့ဖူးသည့် လက်မထပ်ခင်စပ်ကြားမှာ သူနေချင်သလိုနေပါရစေ၊ ဝင်မပါပါနှင့်ဟု ပြောခဲ့ဖူးသည်တို့ကို မေ့နေသလား​ဆိုသည့်အကြည့်မျိုး…

"ငါတို့ အဲ့ဒီအကြောင်းခဏခဏပြောတယ်နော် မင်းနဲ့လက်မထပ်ခင် ငါ့ကိုလွှတ်ထားပါဆိုတာ ငါ့တောင်းဆိုချက်ကို နားလည်ပေးမယ်ဆိုတဲ့စိတ်ကူးတွေ မင်းခေါင်းထဲမှာရှိပုံမရဘူး ခက်"

"ဟုတ်တယ် မရှိဘူး ကို့ရင်ထဲမှာ အဲ့ဒီတစ်ယောက်ကိုပဲ အပြီးအပိုင်ထည့်ထားလိုက်တာလား ဒါမှမဟုတ် ခက် ဒူးထောက်အရှုံးပေးလာအောင် တမင်သက်သက်ပညာပြနေတာလား"

သည်းမခံနိုင်လွန်း၍ ခက် စကားစတော့ မျှော်လင့်ချက်တွေပါ ပါကုန်သည်။
သူဟာ ခက်နဲ့လက်ထပ်မည့် အရေးကိုအာရုံမရောက်ခြင်းက ခက်အတွက် ဘယ်လိုမှလက်မခံနိုင်သည့်ကိစ္စဖြစ်သည်။
နောက်ထပ်ဒေါသဖြစ်နေမိသည်က နေမင်းမဟာဆိုသည့်ယောကျာ်းဟာ ခက်အပေါ် ငြိတွယ်နိုင်စရာအကြောင်းရင်း တစ်ခုမှမရှိ။

"မင်းပါးစပ်ထဲကနေ ကိုင်းအကြောင်းထုတ်ပစ်လိုက်.. ခက် မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့ ဒူးထောက်တာတွေ၊ ပညာပြတာတွေလုပ်ရအောင် မင်းနဲ့ငါကရန်သူတွေလား"

သူမ မှ တစ်ပါးWhere stories live. Discover now