Part 35

13.6K 402 17
                                    

💞 Part - 35 💞
~~~~~~~~~~~

"မသိဘူး လူလိမ်ကြီး ဒီနားမလာနဲ့ ကိုင်းထုလွှတ်မှာနော်"

Seaဆီကဖုန်းဝင်ပြီးကတည်းက တငိုတည်းငိုနေသော ဒီကလေးမလေးကို ဘယ်လိုချော့ရမှန်းမသိဘဲ မေမေ့မှာလည်း ညစာပင်မစားနိုင်။
ညနေက မေမေကိုယ်တိုင် Seaဆီကရသည့် Singaporeဖုန်းနံပါတ်ကို ဖုန်းဆက်သည့်အခါ မိုးညရောင်စဥ်ဆိုသည့်အမျိုးသမီးက ဖုန်းကိုင်၏။

"ကလေးက ကြည်ဖြူရင် မိုးညလက်ခံပါတယ် ဒါပေမယ့် Skyကငြင်းရင်တော့ ကျွန်မတို့လက်ထဲကိုပြန်အပ်ပါ"

ဟု ပြောသွားပေမယ့် Seaဆီကဖုန်းဝင်လာတော့ ဧကန်သစ္စာဆိုသည့် ကိုင်းဖေဖေက ဘီလူးဆိုင်းတီးနေသည်ဆို၏။

"သဘောမတူဘူးတဲ့ မ ကို ကိုယ်တိုင်ပြန်လာခေါ်မယ်တဲ့ နားမလည်လို့တော့မဟုတ်ပါဘူး အစ်ကိုမဟာ.. မ က ဖေဖေ့ရဲ့အသည်းကျော်ဆိုတော့ မ နဲ့ပတ်သက်လာရင် ဖေဖေကအမြဲဒေါသကြီးတယ်
မ လက်ခံရင်တော့ ဖေဖေကအလျှော့ပေးလောက်ပါတယ် မ ကိုပဲ ချော့ပြောပါ"

Seaကအသေအချာမှာသွားခဲ့ပေမယ့် သူမက အနားအကပ်မခံဘဲ တငိုတည်းငိုနေတော့၏။
အလွန်ကဲပြီး အပျော်အပါးမက်လွန်းသော ဒီချာတိတ်လေးဟာ အဖေကိုတော့ကြောက်သားပဲဟု တွေးမိတော့ ရယ်ချင်မိသလိုလို...

"သူများကိုချောက်ချပြီး ပြုံးစိစိလုပ်နေတယ် မုန်းလိုက်တာ"

"ကိုယ် မင်းကိုချစ်လို့ပါ"

"အဲ့ဒါဆိုအိမ်ပြန်ပို့ပေး ဖေဖေတကယ်လိုက်လာရင် ဘယ်လိုလုပ်မလဲ ဦးကိုကြည့်မရနေတာကြာပြီ"

"ကြည့်မရလို့ဆွဲထိုးလည်း ခံရုံပေါ့ ယောက္ခထီးပဲဥစ္စာ"

"ကိုင်းပြန်ပါရစေ ဦးရယ် ကိုင်းတို့ပြန်တွဲမယ်လေ နော်.."

"မတွဲဘူး တွဲရင်ရည်းစားပြန်ဖြစ်ရုံပဲ အခု မင်းကကိုယ့်မိန်းမဖြစ်တော့မှာ အခွင့်အရေးကိုမလဲနိုင်ဘူး ကလေးမလေးရဲ့"

"လူယုတ်မာကြီး အီး.. ဟီး"

ဧည့်ခန်းထဲမှာပဲ ကျောက်ချထိုင်နေသော သူမက ခြေကန်ငိုနေ၍ မေမေက ဘာမှမပြောဘဲ သဘောတကျကြည့်နေတော့၏။
အဖေသည်လည်း သူမကို ခြံထဲမှာထင်ရာစိုင်းနေသည့်တိုင် သဘောကျခဲ့တာမို့ သူမလေးကိုက ချစ်မွှေးပါလာသည်ထင်၏။

သူမ မှ တစ်ပါးWhere stories live. Discover now