Part 12

10.8K 344 4
                                    

💞 Part - 12 💞
~~~~~~~~~~~~~

"ကိုင်း ဘာလုပ်နေတာလဲ အားရဲ့လား"

"Barရောက်နေတယ် ဦး"

"ခဏလေးအားလို့လှမ်းဆက်လိုက်တာ စကားပြောလို့ရလား"

"ရတော့ရပါတယ်"

သူမရဲ့စကားက ရတော့ရပေမယ့် မပြောချင်ဟန်။
သူမနဲ့ Seaက အတော်လေးအတွဲညီသော မောင်နှမတွေဖြစ်သလို သူ ဖုန်းဆက်သည့်အချိန်အများစုမှာ သူမ Barကိုရောက်နေတတ်သည်။
မိဘတွေက အလိုလိုက်ထား၍လည်း ဆိုးချင်တိုင်းဆိုးကာ ထင်ရာစိုင်းတတ်သည့် ထိုမိန်းကလေးကို ဘာကြောင့်ချစ်မိသလဲမသိ။
သူမရဲ့typeဟာ ကိုယ်နဲ့တစ်လမ်းစီ...

"ကိုယ် အဲ့ဒီBarကိုလာရင်ရော စကားပြောလို့ရမလား"

သူ့ဘက်က တောင်းဆိုသလိုပြောလိုက်သည့်အခါ ကိုင်းက အသံလေးတိတ်ကျသွားကာ ဂစ်တာသံသဲ့သဲ့လေးကြားလိုက်ရ၏။
Barမှာ သီချင်းဆိုဖို့ပြင်နေပုံရပြီး ကိုင်းရဲ့နှုတ်ဆိတ်နေမှူက သူ့ကိုရင်တုန်လာစေကာ ခဏနေမှ အသံတိုးတိုးလေးထွက်လာသည်။

"ဦးက Barထိုင်ရတာ အဆင်ပြေလို့လား"

"မင်းနဲ့စကားပြောရရင် ပြေတယ်"

"အဲ့ဒါဆိုလာခဲ့လေ ကိုင်းတို့ကS3မှာပဲ ဦးတကယ်ရောက်လာရင် ကိုင်းတစ်ညလုံးစကားပြောပါ့မယ် ကတိပေးတယ်"

"တစ်ညလုံး"

"Omm မေမေပါSingaporeကို လိုက်သွားတယ်လေ ဒီညတစ်ညလုံးNight outမှာ"

"တစ်ညလုံးတော့ ကိုယ်အချိန်မရဘူး မနက်ဖြန်အလုပ်ကိစ္စ ချိန်းထားတာရှိသေးတယ်"

"အဲ့ဒါဆို ခဏပဲစကားပြောမယ် ဦး.. လာခဲ့တော့ကွာ"

ခပ်ချွဲချွဲအသံလေးနှင့် ကလေးဆိုးလေးက ဖိတ်ခေါ်လာတော့ သူ ဖုန်းချလိုက်ပြီး သူမ,ပြောသည့်Barကိုထွက်လာခဲ့သည်။
ထိုဆိုင်ဟာ သူမနဲ့ပြန်ဆုံခဲ့သည့်ဆိုင်မို့ သေသေချာချာမှတ်မိနေသည်။

S3ကိုရောက်တော့ Barmanရှေ့မှာ ထိုင်သောက်နေသော သူမကိုတွေ့လိုက်ရပြီး ဘေးနားမှာတော့ မဟော်ဂနီရောင်ဆံနွယ်တွေနှင့် ကောင်မလေးတစ်ယောက်ရှိနေသည်။
သူတို့ရဲ့ဘေးမှာတော့ Seaက ဂစ်တာကြိုးညှိနေ၏။

သူမ မှ တစ်ပါးWhere stories live. Discover now