ကိုယ်တိုင်ပထမဆုံးပြင်ဆင်လိုက်မိသည့်ဒန်းဖြူလေးကိုကြည့်ရင်း ရိပေါ်မျက်နှာမှာအပြုံးတွေနှင့်။စိတ်ကူယဉ်ခြင်းဆိုတာအားပထမဆုံးကလေးလေးနှင့်ပဲတွေးခဲ့ဖူးလို့...ဒန်းလေးလွှဲပေးရင်း ပြုံးနေမှာကိုမြင်ချင်သည်။အိမ်ထဲသို့အလျှင်စလိုဝင်လိုက်ရင်း...ကလေးလေးဆီမှ(၁)မှတ်လောက်ဖြင့်ဖြင့်ရလည်းကျေနပ်သည်။
အနည်းဆုံး ကလေးလေးမျက်နှာလေးလန်းဆန်သွားမည်ဆိုလျှင်...ရိပေါ်လုပ်ရကျိုးလည်းနပ်မှာမို့...။
လှေကားအဆင့်ဆင့်ကိုကျော်ဖြတ်ပြီး..ကလေးလေးနှင့်ရိပေါ်အခန်းသို့သွားမိသည်။ *ကျွန်တော်အရမ်းသဘောကျတာပဲ*ဟု ကလေးလေးပြောလာလျှင် ရိပေါ်ထခုန်မိလောက်မှာပဲ။စေ့ရုံလေးသာလုပ်ထားသည့်တံခါးလေးအား ရိပေါ်တွန်းဝင်မိသည့်အခါ..ကျောလေးပေးလို့ကလေးလေးကဘာလုပ်နေသလည်းရိပေါ်မသိ။
အနားသို့တိုးကပ်လိုက်မိပြီး...နောက်ကျောလေးနောက်မှကျော်ကြည့်လိုက်သည်။
"ကလေး....ကလေးလေး...!"
ကိုယ့်မျက်လုံးကိုပင် မယုံနိုင်လောက်အောင် ရိပေါ်စကားတွေလည်းရပ်တန့်နေမိသည်။ ခုံပေါ်မှဆေးဘူးလေးနှင့် လက်ထဲမှဆေးလုံးလေးအချို့ကိုကြည့်ပြီး..ဆွံ့အနေခဲ့မိတာ။
နောက်...လန့်တကြားအနောက်ဆုတ်ပစ်သည့် ရိပေါ်ကလေးလေး....။
"ဦး..ဦးလေးငယ်...."
"ဒါဘာတွေလည်း...ဒါဘာသဘောလည်းကလေးလေး"
အသံမာမိတာကိုသတိထားလိုက်မိလည်း...ရိပေါ်ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခဲ့ဘူး...။
ဆရာဝန်တစ်ယောက်အနေနှင့် ထိုဆေးတွေအားလုံးကကိုယ်ဝန်ဆောင်ဆေးမှန်းသိလိုက်ရတာ ဘယ်လောက်တောင်ထိန့်လန့်ဖို့ကောင်းလည်း။
တချိန်လုံးလိမ်ထားတာသည့် ကလေးလေးအား ဒေါသဖြစ်သလိုစိတ်မကောင်းလည်းဖြစ်သည်...။ ဝလာတယ်လို့အရူးတစ်ယောက်ထင်ခဲ့မိတဲ့ရိပေါ်က ကလေးလေးမှာကိုယ်ဝန်ရှိတာကို သတိမထားမိနိုင်လို့ ယူကျုံးမရလည်းဖြစ်ရပြန်သည်။
YOU ARE READING
Something in the insanity (Completed)
FanfictionI only write Yizhan fic.So, be careful of Reading lists. ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အရွယ်လေးက စိတ်ကူးယဥ် ဆန်ခဲ့တယ်....။ နာကျင်မှု....ကြင်နာမှု မတူ ကွဲပြား တဲ့ နယ်မြေ နှစ်ခုကြား မှာ..အချစ်တစ်ခုကို..ရူးရူးမိုက်မိုက် နှောင် ဖွဲ့ ခဲ့တယ်။အဆုံး သတ်က နာကျင...