အထိန်းတော်များနှင့်အစေပါးများအားလုံးသည်ခပ်လှမ်းလှမ်းတနေရာမှာမတ်တပ်ရပ်နေကြ၏။သစ်ပင်ကြီးအရိပ်တနေရာတွင် စားပွဲဖြူသေးသေးလေးတစ်ခုနှင့် ထိုင်နေသည့်မင်းသားလေးက ကျောပြင်လေးတလှုပ်လှုပ်နှင့် ဘာလုပ်နေသလည်းရိပေါ်မသိပေ...။သူ့အားကျောပေးလို့ မင်းသားလေးအနားတိုးကပ်သွားသည့်အခါ မြင်သည့်အစေပါးများကအရိုသေပြုတော့လက်ရမ်းပြလိုက်သည်...။ရိပေါ်သိချင်နေခဲ့တာ မင်းသားလေးဘာတွေများသဘောကျနေသလည်း...။
အနောက်နီးနီးမှနေလို့ အပေါ်စီးမှအုပ်မိုးကြည့်မိသည့်အခါ ရိပေါ်နှုတ်ခမ်းစွန်းကွေးတတ်အောင်ပြုံးရ၏။ စာအုပ်ဖတ်နေသောမင်းသားလေးက အလိမ္မာလေးပါလားဟု....။
"မင်းသားလေး..."
အသံတစ်ခုပေးရင်းအနားတွင်ဝင်ထိုင်တော့ ထင်သလိုဖြစ်မလာသည့်မင်းသားလေးက မျက်ရည်စတို့နှင့် ..။နှာခေါင်းချွန်ချွန်ကလေးသည်နီဥထွေးစွာ နှုတ်ခမ်းပါးလေးကတုန်ရီနေသေး၏။
"ဟင့်..ဦးလေးငယ် "
နှာလေးတစ်ချက်ရှုတ်လိုက်သည့် မင်းသားလေးသည် မျက်ရည်စတို့အားလက်သေးသေးလေးတွေနှင့်အတင်းဖိသုတ်နေသေးတာ...။ မျက်ဝန်းဝိုင်းနက်နက်ကြီးတွေနှင့် သူ့အားကြည့်စွာမေးလေးကတဆက်ဆက် ..။
မင်းသားလေးငိုသည်အထိ ဘယ်သူတွေအပြစ်လုပ်ထားကြသလည်းဟု..ရိပေါ်အထိန်းတော်တို့ဘက်လှည့်ကြည့်လိုက်မိသည်။ခေါင်းတို့ခါရမ်းနေသည့် သူတို့ကပုံမှန်အဖြစ်ပျက်တစ်ခုလိုလုပ်နေတော့ ရိပေါ်စုတ်တချက်သတ်လိုက်သည်...။
မင်းသားလေးငိုနေတာကို ဘာလို့လာမချော့ကြသလည်း။
"မင်းသားလေး..ဘာလို့ငိုနေတာလည်း..ကိုယ့်ကိုပြော"
"အူးဝါး!...ဦးလေးငယ်!"
ကလေးများလိုကြူကြူပါအောင်ငိုသည့်မင်းသားလေးက မျက်လုံးလေးတွေကိုအတင်းဖိမှိတ်ထားသေးသည်...။ကိုယ်လုံးသေးသေးလေးအား အသာထွေးပွေ့ရင်း ကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးရသည်..။
YOU ARE READING
Something in the insanity (Completed)
FanfictionI only write Yizhan fic.So, be careful of Reading lists. ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အရွယ်လေးက စိတ်ကူးယဥ် ဆန်ခဲ့တယ်....။ နာကျင်မှု....ကြင်နာမှု မတူ ကွဲပြား တဲ့ နယ်မြေ နှစ်ခုကြား မှာ..အချစ်တစ်ခုကို..ရူးရူးမိုက်မိုက် နှောင် ဖွဲ့ ခဲ့တယ်။အဆုံး သတ်က နာကျင...