သဘက်ဖြူလေးလက်မှာကိုင်ရင်းရေချိုးခန်းထဲရှောင်းကျန့်ထွက်လာပေမဲ့လန်းဆန်းမှုတော့ရှိမနေခဲ့...။ အကြောင်းရင်းတွေချပြလျှင်ရှောင်းကျန့်ကရူးမိုက်လိုက်တဲ့ကလေးတစ်ယောက်လို့တွေးနိုင်သေးတာ။သို့ပေမဲ့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာတော့..သဝန်တိုမှုလေးတစ်ခုပေါ့....။
မမကြောင့်ပါလို့ရက်ရက်စက်ရက်စက်ရှောင်းကျန့်ဆိုချင်တာမဟုတ်ပေမဲ့ခည်း နည်းပါးလွန်းသည့်အချိန်ပေးမှုလေးတွေမှာရှောင်းကျန့်အနားဦးလေးငယ်မရှိတော့ပေးတော့ဘူး...။
"ဟက်ချိုး..!"
"မင်းသားလေး!"
ပြာပြာသလဲရောက်လာသည့်မာဂရက်ကဘယ်အချိန်ကတည်းမှရောက်နေလည်းရှောင်းကျန့်သတိမထားမိနိုင်လောက်အောင်...။ရေချိုးခန်းဝတ်စုံလေးထက်မှာ လွှားတင်ပေးလာသည့်အမွှေးပွခြုံစောင်ကို ပိုလို့တိုးခြုံရင်း ရှောင်းကျန့်ကခပ်ပြုံးပြုံး ။
ကိုယ်ပြုလုပ်တဲ့အပြုမူလေးမှာတောင် မျက်မှောင်တွန့်ကျိုးလို့မကျေမနပ်နဲ့ဦးလေးငယ်ကိုပြေးပြေးမြင်မိတာ...။
"ဘာတွေတွေးနေတာလည်းမင်းသားလေး..အဲ့လိုနဲ့ဖျားရင်မာဂရက်ဘယ်လိုလုပ်ရမလည်း...."
"ကျွန်တော်ကအဲ့လောက်တော့လည်းမပျော့ပါဘူး"
သက်ပျင်းချသံသဲ့သဲ့နောက်မှ ရှောင်းကျန့်အတွေးထဲဘာတွေရှိနေမလည်းဆိုတာ သိတဲ့သူရှိနိုင်မလား...။ကလေးတစ်ယောက်လိုဆိုးပစ်ရင်း...ဆေးမသောက်ချင်ပါဘူးလို့ အော်အော်ငိုချင်တာ ဦးလေးငယ်လက်မောင်းကြီးကိုဖက်တွယ်ပြီး...။
စိတ်ကူးနဲ့ပြုံးနေမိတာ ရှောင်းကျန့်ကအရူးကလေး။
အတွေးလေးနဲ့တောင်ပျော်ရွှင်စေနိုင်တဲ့ဦးလေးငယ်ကိုရှောင်းကျန့်စိတ်မဆိုးတော့ပါဘူး....။နှုတ်မှထွက်ပေးသည့်ကတိစကားဆိုတာ လွယ်လွယ်နှင့်ဖျက်လို့ရတာပဲ...။ပြီး...ဦးလေးငယ်ကမေ့ခဲ့တာမှမဟုတ်တာ....။
YOU ARE READING
Something in the insanity (Completed)
FanfictionI only write Yizhan fic.So, be careful of Reading lists. ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အရွယ်လေးက စိတ်ကူးယဥ် ဆန်ခဲ့တယ်....။ နာကျင်မှု....ကြင်နာမှု မတူ ကွဲပြား တဲ့ နယ်မြေ နှစ်ခုကြား မှာ..အချစ်တစ်ခုကို..ရူးရူးမိုက်မိုက် နှောင် ဖွဲ့ ခဲ့တယ်။အဆုံး သတ်က နာကျင...