part14🌕

1.7K 214 20
                                    


ကားထဲတွင်​သီချင်းသံ​အေး​အေး​လေးတစ်​ပုဒ်​အားဖွင့်​လို့ လမ်း​ကြောင်းတိုင်းမှာမှန်​မှန်​သွား​နေသည့်​ကားက​လေး..။ ရိ​ပေါ်၏​ဆေးရုံအသွားက သီချင်းသံသဲ့သဲ့မှလွဲလျှင်​တိတ်​ဆိတ်​လို့ပင်​။

အပြန်​သည်​လည်းထိုနည်းတူဆို​ပေမဲ့ အိမ်​​တော်​ကြီးထဲမှာမျက်​ဝန်းနက်​ဝိုင်းဝိုင်းကြီး​တွေက သူ့အား​မျှော်​ကြည့်​​နေခဲ့​တော့ အပြုံးတစ်​ခုပိုသည်​လို့ဆိုရ​ပေမလား...။

မင်းသား​လေး....ရိ​ပေါ်၏အ​တွေးထဲမှာချစ်​စရာက​လေး​လေးတစ်​​ယောက်​ဖြစ်​သည်​.. ။

ကိုယ်​တိုင်​ပင်​မသိပါဘဲ ​တွေးမိတိုင်းမှာပြုံးတတ်​​နေတဲ့သူ့နှုတ်​ခမ်း​တွေက ​ရေ​ရေရာရာမရှိ​ပေ..။ဒီတိုင်း..မျက်​ဝန်းနက်​ကြီး​တွေ၊ယုန်​သွား​လေးနှင့်​မင်းသား​လေးကချစ်​ဖို့​ကောင်း​နေလွန်းလို့.....။

လမ်းချိုး​လေးတစ်​ခုအား ချိုးအ​ကွေ့တွင်​ ဆိုင်းဘုတ်​အဝါ​လေးတစ်​ခုကရိ​ပေါ်အမြင်​အာရုံ​တွေကိုဖမ်းစားခဲ့သည်​..။အနည်းငယ်​​ကျော်​လွန်​သွားသည့်​ ဆိုင်​​လေးက စာအုပ်​ဆိုင်​​လေးဖြစ်​​နေခဲ့တာမို့ တဖြည်းဖြည်း​ကား​လေးအား​နောက်​သို့ဆုတ်​လိုက်​မိသည်​...။

မျက်​ခမ်း​လေးနီဥ​နေသည်​အထိ​ငို​နေသည့်​မင်းသား​လေးက စာအုပ်​တစ်​အုပ်​​ကြောင့်​ဖြစ်​​နေတာကို ရိ​ပေါ်မကြိုက်​​ပေ..။စာကြည့်​တိုက်​ကြီးတစ်​ခုလုံးတွင်​ က​လေးတစ်​​ယောက်​အဖို့ ဖတ်​စရာက စည်းကမ်းချက်​​တွေဆိုတာသာဖြစ်​​နေခဲ့​တော့ စိတ်​မ​ကောင်းဖြစ်​ခဲ့ရသည်​...။

အမျိုးစားစုံလင်​လွန်းသည့်​စာအုပ်​ဆိုင်​​လေးက ရိ​ပေါ်လိုချင်​သည့်​စာအုပ်​​တွေရှိ​လောက်​မှာမို့ အတုန့်​မဆိုင်းစွာဝင်​​ရောက်​လာသည်​။ကောင်​တာမှ ​ဖော်​​ဖော်​​ရွေ​ရွေနှုတ်​ဆက်​သည့်​မိန်းမငယ်​​လေးက စာအုပ်​ကူ​ရွေး​ပေးရာတွင်​ အကူညီပြုမည်​ဆိုတာကို ရိ​ပေါ်လက်​မခံခဲ့..။

အကန့်​​တွေနှင့်​ခွဲခြားထားသည့်​ စင်​အများပြားတွင်​ ရိ​ပေါ်ရပ်​လိုက်​မိသည်​က ကာတွန်းသရုပ်​​ဖော်​နဲ့ဝတ္တုက​လေးများ။ (၇) နှစ်​ (၈) က​​လေး​တို့အတွက်​သင့်​​တော်​သည့်​စာအုပ်​​လေးများက ရိ​ပေါ်မျက်​ဝန်းထဲက အပြုံးလှလှ​လေးနှင့်​ မင်းသား​လေးအတွက်​​ရွေးချယ်​လိုက်​မိသည်​..။

Something in the insanity (Completed)Where stories live. Discover now