part24🌕

1.4K 182 14
                                    


ဒေါက်​...​ဒေါက်​....!။

အခန်းတံခါးအား ခပ်​​ဖြေး​ဖြေး​ခေါက်​ကြည့်​​နေ​ပေမဲ့ အထဲမှ တုန့်​ပြန်​သံမကြားရ​ပေ...။လက်​ထဲမှနာရီ​လေးသည်​ ​လေးနာရီခွဲသာသာ သာရှိ​သေးတာမို့..မင်းသား​လေးမအိပ်​​လောက်​​သေးဘူးဟုရိ​ပေါ်ထင်​သည်​...။

"မင်းသား​လေး...ကိုယ်​ဝင်​လာမယ်​​နော်​..."

အရင်​တစ်​​ခေါက်​လိုမျိုးစာကြည့်​ရင်းနှင့်​ မင်းသား​လေးအိပ်​ငိုက်​​နေမည်​စိုးစွာအသံ​ပေးရင်းဝင်​ခဲ့မိသည်​...။တံခါးမကြီးအားပိတ်​ပြီး​နောက်​ အခန်းအတွင်းတစ်​ချက်​​ဝေ့ကြည့်​မိသည့်​အခါ အရိပ်​​ယောင်​ပင်​မရှိသည့်​မင်းသား​လေးက ဘယ်​မှာများလည်း..။

စာ​ရေးခုံ​လေး​ပေါ်တွင်​ ​နေရာတကျရှိ​နေသည့်စာ​အုပ်​များက ရိ​ပေါ်​ရောက်​သည်​နှင့်​အဆင်​သင့်​ဖြစ်​​နေ​စေသည့်​သ​ဘော။ထိုမင်းသား​လေး သန့်​စင်​ခန်းများဝင်​​နေသည်​လား...။

ပါလာသည့်​ပစ္စည်းများအား စာ​ရေးခုံနံ​ဘေးတွင်​ချလို့ရိ​ပေါ်မင်းသား​လေးအခန်းအားကြည့်​မိသည်​...။ အရွယ်ေ​ရာက်​​တော့မည့်​မင်းသား​လေးက တခန်းလုံးအပြင်​ဆင်​ကိုအဖြူနှင့်​ပန်းနု​ရောင်​များသာသုံးထား​တော့ ခပ်​​ရေး​ရေးပြုံးမိသည်​...။

က​လေး​တစ်​​ယောက်​ဆိုတာအပြုမူ​လေးကအစမြင်​နိုင်​သည်​..။သို့​ပေမဲ့လည်း မင်းသား​လေးလို​ကြွေထည်​​လေးသည်​ ထိုအ​ရောင်​​လေး​တွေနှင့်​သိပ်​ကိုလိုက်​ဖက်​မှုရှိလွန်းပြန်​သည်​။

"အဟက်​...!"

ကုတင်​ကြီး၏​ဘေးနားမှာရှိ​နေသည့်​ ပုလင်းလှလှ​လေးက ရိ​ပေါ်အကြည့်​ကိုဆွဲ​ဆောင်​သွား​တော့ ဟက်​ခနဲပြုမူမိသည်​။ ရိ​ပေါ်​ပေးထားသည့်​ချိုချဉ်​​လေး သုံးလုံးက ဖန်​ပုလင်းထဲမှာလှလှပပ​လေး​နေရာယူလို့...။ မင်းသား​လေး ဘာလို့မစားသည်​လည်းဆိုတာ ရိ​ပေါ်မ​တွေးမိဘူး...။

သိမ်းထားတတ်​သည့်​အပြုမူ​လေးကိုပဲ..အာရုံရှိ​နေခဲ့တာ။

"ဒါဒါ...ဒီးဒီး...ဒါဒါဒါ...."

ပေါက်​တတ်​ကရသီချင်းသံ​လေးကနားထဲ​ရောက်​လာ​တော့ ​ကျော​ပေးထားသည့်ေ​ရချိုးခန်းဘက်​ရိ​ပေါ်ဆက်​ခနဲလှည့်​မိသည်​။ ​ရေချိုးခန်းဝတ်​စုံ​လေးဖရိုဖရဲနှင့်​မင်းသား​လေးက ခန္ဓာကိုယ်​လည်း လှုပ်​ပဲ့လှုပ်​ပဲ့နှင့်​...။

Something in the insanity (Completed)Where stories live. Discover now