ဦးလေးငယ်ကားလေးချိုးကွေ့သွားသည့်နေရာသည် အိမ်တော်ကြီးသို့သွါးရသည့်လမ်းမဟုတ်သည့်အခါ..ရှောင်းကျန့်မျက် လုံးလေးက ကလည်ကလည်.....။လှည့်ကြည့်မိသည့်ဦးလေးငယ်မျက်နှာက အရင်ချိန်များကလိုခပ်ပြုံးပြုံးဆိုတော့ရှောင်းကျန့်လွယ်အိတ်ကြိုးလေးအားခပ်ကျစ်ကျစ်ကလေးဆုတ်ကိုင်ထားမိသည်....။စကားတွေကိုမေ့ပစ်ကြမည်ဆိုသည့်ဦးလေးငယ်သည် မဖြစ်ခဲ့သလိုပြုမူနေတကြောင့်ရှောင်းကျန့်နာကျင်သည်....။
ကလေးတစ်ယောက်စိတ်ကစားပါတယ်လို့ မှတ်ချက်တွေနှင့်ရိုက်ချခဲ့တာကို ရှောင်းကျန့်မုန်းသည်...။
mallတစ်ခု၏ရှေ့တွင်ဦးလေးငယ်ကားရပ်နားတော့..မေးခွန်းများစွာနှင့်ရှောင်းကျန့်အဖြေရှာမရသေး...။
"ဦးလေးငယ်...."
"မင်းသားလေးလိုချင်တာရှိလား....မွေးနေ့လက်ဆောင်ပေါ့"
နာနာကျင်ကျင်နှင့်ရှောင်းကျန့်အပြုံးအား ဦးလေးငယ်မမြင်စေရန်တစ်ဖက်လှည့်လိုက်မိသည်...။ ဖြစ်ခဲ့သမျှတွေကိုမေ့ပစ်ချင်သည့်ဦးလေးငယ်က ပြီးခဲ့တာတွေကိုအစပြန်ဖော်ချင်ပုံမရပေ။
ရှောင်းကျန့်ပြောခဲ့မိသည့် စကားလေးတစ်ခွန်းကိုမေ့ပစ်ပြီးပုံမှန်အတိုင်းဆက်သွားချင်နေသည့်ဦးလေးငယ်က ရက်စက်လွန်းနေတယ်ဆိုတာ...။သို့ပေမဲ့...အားလုံးကဦးလေးငယ်ကြောင့်ချည်းမို့...ရှောင်းကျန့်နှစ်သက်တာပဲ....။
ယခင်အတိုင်းပြန်သွားချင်သည့်ဦးလေးငယ်သည် ကျောင်းအကြိုပို့ကိုပင်ပြန်လုပ်ပေးနေကတည်းကရှာင်းကျန့်ရိပ်မိခဲ့သင့်တာ...။ခံစားချက်ဆိုသည့်စကားစုလေးက ဦးလေးငယ်အပြုမူတိုင်းမှာ ရှောင်းကျန့်နာသည်။
"မင်းသားလေးက ကိုယ်ပေးတဲ့ဖိနပ်ကိုမကြိုက်ဘူးဆိုတော့ အခုမင်းသားလေးလိုချင်တာ ကိုယ့်ကိုပြောကြည့်...."
YOU ARE READING
Something in the insanity (Completed)
FanfictionI only write Yizhan fic.So, be careful of Reading lists. ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အရွယ်လေးက စိတ်ကူးယဥ် ဆန်ခဲ့တယ်....။ နာကျင်မှု....ကြင်နာမှု မတူ ကွဲပြား တဲ့ နယ်မြေ နှစ်ခုကြား မှာ..အချစ်တစ်ခုကို..ရူးရူးမိုက်မိုက် နှောင် ဖွဲ့ ခဲ့တယ်။အဆုံး သတ်က နာကျင...