part31🌕

1.5K 181 28
                                    


လက်​ထဲမှမုန့်​ထုတ်​က​လေးအားကြည့်​ရင်းရိ​ပေါ်အပြုံး​တွေကမနက်​ခင်းမှာခန့်​ညားလွန်းသည်​...။နှုတ်​ခမ်းစွန်းတစ်​ဖက်​မြှင့်​တတ်​လို့ရိ​ပေါ်​​ခြေလှမ်း​တွေသည်​ မင်းသား​လေးအခန်းဆီတည့်​မတ်​စွာ..။

လာကြိုမည်​ဟုကတိ​ပေးခဲ့​ပေမဲ့ ရုတ်​တရပ်​ဝင်​ရသည့်​ဂျူတီ​ကြောင့်​မင်းသား​လေးအားရိ​ပေါ်သွားမကြိုနိုင်​​ပေ...။ အပြန်​တွင်​ မင်းသား​လေးအတွက်​ရည်​ရွယ်​၍ အစား​သောက်​ဝယ်​ခဲ့​ပေမဲ့..အိပ်​ရာဝင်​ချိန်​​​စောလွန်းသည့်​မင်းသား​ကြောင့်​ ရိ​ပေါ်မ​ပေးခဲ့ရ...။

ထို့​ကြောင့်​ သည်​​နေ့မနက်​တွင်​သာ​ပေးဖို့ရည်​ရွယ်​မိရသည်​..။ကံ​ကောင်းသည်​က ရိ​ပေါ်ဝယ်​ခဲ့သည့်​အစား​သောက်​ကရက်​အနည်းငယ်​ခံသည့်​အစား​သောက်​မို့၍သာ..။

ဒေါက်​...​ဒေါက်​...!။

"မင်းသား​လေး..."

ခါတိုင်းများလိုရုတ်​တရပ်​ဝင်​၍မသင့်​​တော်​သည်​မို့...​နောက်​ပိုင်းများတွင်​အလုပ်​တစ်​ခုက..အခန်းတံခါးကြို​ခေါက်​ရခြင်းပင်​...။ယောကျာ်း​လေးချင်းဆို​ပေမဲ့..မတူညီသည့်ြ​ကားခံနယ်​ဆိုတာ ရိ​ပေါ်တို့မမြင်​နိုင်​​အောင်​ကွဲထွက်​​နေသလားလို့...။

တိတ်​ဆိတ်​​နေသည့်​အခန်းတစ်​ခုက..တုန့်​ပြန်​သံမလာခဲ့​တော့​နောက်​တစ်​ကြိမ်​ရိ​ပေါ်တံခါးထပ်ေ​ခါက်​ရသည်​..။ကျောင်းပိတ်​ရက်​ရယ်​မို့..မင်းသား​လေးအိပ်​ရာမထ​သေးတာများလား..။

ကျွီ.....။

"သခင်​​လေး...."

လှည့်​ထွက်​မည်​ကြံအရွယ်​မှဖွင့်​ဟလာသည့်​တံခါးတစ်​ချက်​​ကြောင့်​ရိ​ပေါ်ပြန်​လှည့်​ရသည်​...။တံခါးလာဖွင့်​​သောမာဂရက်​က မျက်​နှာမ​ကောင်းပြန်​​တော့ ရိ​ပေါ်မျက်​ခုံး​တွေကအလိုလိုတွန်​ကျြိုးရသည်​....။

ဘေးတစ်​ဖက်​သို့ကပ်​​ပေးသည့်​အခါ..အခန်းအတွင်းတန်းဝင်​ခြင်းနှင့်​ရိ​ပေါ်မျက်​လုံး​တွေက ကုတင်​ထက်​မှဖြူ​ဖျော့​ဖျော့မင်းသား​လေးဆီသို့..။ ​နောက်​...ကုတင်​​ပေါ်တ​စောင်းထိုင်​​နေသည့်​​ဒေါ်​လေးနှင့်​..မျက်​နှာခပ်​တင်းတင်းရှိလှသည့်​ဦး​လေးတို့။

Something in the insanity (Completed)Where stories live. Discover now