part28🌕

1.4K 177 19
                                    


ရှောင်းကျန့်​​ကျောင်းဝန်းထဲကခုံတန်း​လေးတစ်​ခုမှာ ​ခြေ​ထောက်​အား​ရှေ့​နောက်​လွှဲရင်း ဟိုကြည့်​ဒီကြည့်​...။သို့​ပေမဲ့ ​ရှောင်းကျန့်​အမြဲ​တွေး​နေသည့်​အရာတစ်​ခုက စိုးစိုးမိုးမိုးရှိ​နေဆဲပင်​။

အောက်​နှုတ်​ခမ်း​လေးဖိကိုက်​ရင်း ​ခေါင်းရမ်းရသည်​ကအကြိမ်​ကြိမ်​။ရှောင်းကျန့်​ရင်​ထဲမှာတင်းတင်းကျပ်​ကျပ်​ခံစားမှုက ရင်​ဖွင့်​မရသလို.....။ပြည့်​ကျပ်​​နေသည့်​ခံစားမှုက ပြင်းထန်​သည့်​​ဝေဒနာတစ်​ရပ်​လိုမျိုး ဖယ်​ထုတ်​ပစ်​မရပါဘဲ အတင်းနဲ့တိုးဝင်​​နေတာ ​ရှောင်းကျန့်​ပင်​ပန်းသည်​။

"​ရှောင်း​ကျန့်​....!"

ခေါင်း​လေးဆက်​ခနဲ​မော့ရသည်​အထိ ကျန်းချန်​၏အသံပါဝါကသိပ်​​ကောင်းလွန်းသည်​...။အ​အေးနှစ်​ခွက်​လက်​မှမဖိတ်​​အောင်​ကိုင်​ရင်း အပြုံးတစ်​ခုနှင့်​​ရှောင်းကျန့်​ဆီလှမ်းလာ​နေ၏။

ဘေးတစ်​ဖက်​သို့တိုးကပ်​​ပေးသည့်​​ရှောင်းကျန့်​အနား ဝင်​ထိုင်​သည့်​ကျန်းချန်​ကအ​အေးတစ်​ခွက်​​ပေးလာတာသူ့အကြိုက်​ဖြစ်​သည်​...။ အသာယူရင်း ငုံ​သောက်​ကြည့်​​တော့ကျန်းချန်​က​စောင့်​ကြည့်ေ​နတာဂရုတစ်​စိုက်​...။

"​​သောက်​လို့​ကောင်းတယ်​...."

"​မင်းကြိုက်​ရင်​ရပါပြီ...ဒါနဲ့ဘာ​တွေ​တွေး​​နေတာလည်း.ငါအ​ဝေးကြီးမှာကတည်းကမြင်​​နေရတာ .."

အ​အေး​လေးငုံထားရက်​နဲ့ ​ရှောင်းကျန့်​နှုတ်​ဆိတ်​​နေမိသည်​။ရင်​ထဲမှခံစားမှုအား.တစ်​စုံတစ်​​ယောက်​နှင့်​မျှ​ဝေချင်​​ပေမဲ့ စိတ်​ထဲမှာအ​တွေး​တွေက ​ယောက်​ယတ်​ခတ်​​နေတုန်း..။တကယ်​..​ရှောင်းကျန့်​​ပြောပြသင့်​ရဲ့လား...။

"​ရှောင်းငယ်​......! "

"....."

"မင်းအတွက်​ဆိုငါဆိုတဲ့ကျန်းချန်​ကရှိ​နေတယ်​​နော်​"

ထိုသို့လည်း သူ့နာမည်​အားကျန်းချန်​ကအမျိုးမျိုး​ခေါ်​ဝေါ်တတ်​​သေးတာ....။ပြောင်​​ချော်​​ချော်​မဟုတ်​ပါဘဲ အ​လေးတထားနှင့်​စကားတစ်​ခွန်းက ​ရှောင်းကျန့်​စိတ်​ကို​ပေါ့ပါး​စေသည်​။

Something in the insanity (Completed)Where stories live. Discover now