part27🌕

1.4K 175 38
                                    


"ဦး​လေးငယ်​ ကျွန်​​တော်​နဲ့ဂိမ်းအတူ​​စော့ရ​အောင်​"

တံခါးကြီးခပ်​​ဖြေး​ဖြေးပိတ်​လို့ အသံ​ပေးရင်း​ရှောင်း​ကျန့်​ဝင်​လာမိသည်​..။အမည်​မသိရင်​ခုန်​သံ​တွေကိုမျက်​ကွယ်​မပြုချင်​​ပေမဲ့ အ​တွေး​တွေထဲမှာလက်​ပစ်​ကူး​နေရတာ ​ရှောင်းကျန့်​သိပ်​ပင်ပန်းသည်​...။

ရှာချင်​ခဲ့သည့်​အ​ဖြေ​လေးက ဘယ်​ကစတည်​ရမှန်းမသိ​တော့​ရှောင်းကျန့်​ မူး​ဝေလာသလို...။ကျန်းချန်​​ပို့​ပေးသည့်​ဂိမ်း​လေးက တစ်​​ယောက်​တည်းကစား၍ရ​ပေမဲ့ ​​ရှောင်းကျန့်​လိုချင်​ပြန်​တာ ဘာမှန်းရယ်​လည်းမသိ...။

ဖုန်း​လေးအားလပ်​ကျစ်​ကျစ်​ကိုင်​ရင်းဦး​လေးငယ်​အခန်း​ရှေ့မှာ​ဝေ့​နေရတာ​ခြေ​ထောက်​​တွေပင်​​ငြောင်းလာခဲ့သည်​..။ ရင်​ထဲအကြိမ်​ကြိမ်​ရိုက်​နှက်​ခဲ့တာ ​ရှောင်းကျန့်​က​ယောကျာ်း​လေးတစ်​​ယောက်​.....။မဖြစ်​သင့်​သလို အ​တွေးနှင့်​ပင်​မဖြစ်​တာကို ​ရှောင်းကျန့်​ကရူးရူးမိုက်​မိုက်​နှင့်​...။

နောက်​ဆုံး...​ဝေခွဲရမှာကိုရင်​ထဲ​တေးရင်း​ရှောင်းကျန့်​တ​နေ့​နေ့​တော့ အ​ဖြေမှန်​​လေးထွက်​ချင်​​သေးသည်​....။

"ကျွန်​​တော်​လာလို့အ​နှောင့်​ယှက်​မဖြစ်​ဘူးမလားဦး​လေးငယ်​"

ငုံ့ထားမိသည့်​​ခေါင်း​လေးအားတစ်​ချက်​​မော့ကြည့်​ရင်း​ပြောပြီးသည့်​​နောက်​​ရှောင်းကျန့်​ စကား​တွေရပ်​တန့်​ပစ်​လိုက်​ရသည်​။ မထင်​မှတ်​ထားသည့်​ အ​နေထားက ​ရှောင်းကျန့်​မျက်​နှာ​လေး ဖြန်းခနဲရဲတတ်​သွားရသည်​အထိ....။

"ဦး..ဦး​လေးငယ်​...."

အဝတ်​မပါသည့်​ဦး​လေးငယ်​က ခါးထက်​တွင်​ခပ်​​လျော​လျောသဘက်​မှတစ်​ထည်​မှလွဲ၍မရှိ.....။ ​ခေါင်းထက်​မှ​ရေသုတ်​လက်​စသဘတ်​တစ်​ထည်​သည်​လည်း ​ဦး​လေးငယ်​လက်​ထဲမှာတန်းလန်း...။

မျက်​နှာထက်​မှစီးကျ​နေသည့်​​နေစက်​​တွေက ဖြတ်​ကျသွားတာ အထစ်​ထုတ်​ရင်​ဘက်​ကြွက်​သွား​တွေအ​ပေါ်။ မကြည့်​သင့်​ဘူး​ပေမဲ့​ရှောင်းကျန့်​မျက်​ဝန်းနက်​​တွေက ဗိုက်​​ပေါ်မှာ ​အရစ်​​တွေဆီသို့အ​ရောက်​ ​ရှောင်းကျန့်​ကြက်​သီး​တွေဖြန်းခနဲထရပြန်​သည်​။

Something in the insanity (Completed)Where stories live. Discover now