part81🌕

2.2K 210 12
                                    


လက်​ထဲမှဖုန်း​လေးအားချလိုက်​ပြီး..မိဖုရားကသက်​ပျင်းအသာချသည်​.....။သားငယ်​​လေးနှင့်​သူမ​နေ့တိုင်းအဆက်​သွယ်​မပျက်​ပဲ ရှိ​နေခဲ့တာမို့ အနားမှာရှိမ​နေ​ပေးရတာကလွဲရင်​သူမစိတ်​ချမ်းသာရသည်​။

သို့​ပေမဲ့ ယခု....ရိ​ပေါ်ကသားငယ်​​လေးအနားကို​ရောက်​​နေသည်​ဆို​တော့ သူမ​ပျော်​ရမလား ဝမ်းနည်းရမလားပင်​မသိ​တော့​ပေ....။

သားငယ်​နှင့်​ပတ်​သတ်​ပြီးရိ​ပေါ်အားသူမ​ဒေါသထွက်​မိ​ပေမဲ့လည်း သားငယ်​​လေးနှင့်​​တော့ပြန်​အဆင်​​ပြေ​စေချင်​ပါသည်​။

အရင်​လိုတစ်​​ယောက်​တည်းလွတ်​လွတ်​လပ်​လပ်​မဟုတ်​​တော့ဘဲ သားငယ်​​လေးမှာကိုယ်​ဝန်​လည်းလွယ်​ထားရတာမဟုတ်​လား...။

(၂)လအထိရှိ​နေခဲ့သည့်​ကိုယ်​ဝန်​​လေးက ယခုဘယ်​လိုလည်းဖြစ်​​နေမလည်းဆိုပြီးသူမ​တောင်​ရင်​ခုန်​​နေမိသည်​။ဖုန်းနှင့်​အတက်​သွယ်​ရှိလည်း သားငယ်​ကသူမတို့ကိုလာမ​တွေ့ခိုင်းခဲ့။

ထိုသို့အတိုင်း​တွေးမိ​တော့ရိ​ပေါ်လည်းသိသွားလျှင်​ဘယ်​​လောက်​​တောင်​​ပျော်​လိမ့်​မလည်းဟု..။(၂)လလုံးအထိ သားငယ်​​လေးမှကိုယ်​ဝန်​ရှိ​နေတာကိုမသိခဲ့ရဘူးမဟုတ်​လား..။

ယခုလည်း..သားငယ်​မ​ပြောလျှင်​ရိ​ပေါ်သိရမှာမဟုတ်​​ပေ။ အစပိုင်း​တွေမှာရိ​ပေါ်ကိုဘယ်​​လောက်​ပဲ​ဒေါသဖြစ်​ခဲ့ပါ​စေ သားငယ်​နှင့်​သ​ဘောမတူချင်​ခဲ့ပါ​စေ...အားလုံးကပြီးခဲ့ပြီမဟုတ်​လား.....။

ထိုသို့​တွေဖြစ်​လာမှာစိုးလို့ မင်းသမီး​ရွေးချယ်​​ပေး​ခဲ့​ပေမဲ့ အားလုံးကကံကြမ္မာအရပါဘဲ။

"မိဖုရား...သားငယ်​​လေးဆီဖုန်းဆက်​​နေတာလား..."

"ဟုတ်​ကဲ့ မင်းကြီး"

အပြုံးယဲ့ယဲ့နှင့်​မင်းကြီးက ယခင်​ကများလိုမျက်​နှာတည်​တင်း​နေတာမျိုးမရှိ​တော့​ပေ...။ပြဿနာ​တွေဖြစ်​ပျက်​ခဲ့ခြင်းက သူတို့လည်းသားငယ်​အ​ပေါ်ကိုဂရုမစိုက်​မိလို့မဟုတ်​လား....။

Something in the insanity (Completed)Where stories live. Discover now