part54🌕

1.5K 198 16
                                    


"လက်​ထက်​ပွဲအတွက်​အားလုံးစီစဉ်​ပြီးသွားပြီ.."

လေထဲရပ်​တန့်​သွားသည့်​ဇွန်းက​လေးနှင့်​အတူ.​ရှောင်းကျန့်​နှလုံးအိမ်​​တွေ​အေးစက်​သွားသည့်​ခံစားချက်​မျိုး...။မယုံကြည်​သလို​မော့ကြည့်​မိသည့်​ ပါးပါးတို့က ပြုံးရွှင်​​နေ​တော့ ​ရှောင်းကျန့်​လက်​ဖျား​တွေတုံယင်​လာရသည်​...။

နောက်​မျက်​နှာချင်းဆိုင်​တွင်​ တည်​ငြိမ်​လွန်းသည့်​ဦး​လေးငယ်​နှင့်​မမအပြုံး​တွေကသက်​ဝင်​လွန်းစွာ...။အားလုံး...အားလုံး​ကို​ရှောင်းကျန့်​တစ်​ခုမှမသိခဲ့ရဘူး...။

"ရိ​ပေါ်​ပြောတဲ့ထားအတိုင်းဦးတို့ဘက်​ကလုပ်​​ပေးမှါပါ.."

ချွင်​....!။

ကျဆင်းသွားသည့်​ဇွန်း​လေးက ကြမ်းပြင်​ထက်​မှာလူးလိမ့်​​နေရင်း....။ဦး​လေးငယ်​ကိုယ်​တိုင်​အ​လောတကြီးစီစဉ်​လိုက်​သည့်​ လက်​ထက်​ပွဲလို့ဆိုလိုသည့်​စကားတစ်​ခွန်းက ​ရှောင်းကျန့်​ရင်​ထဲမှာနာကျင်​လွန်းလို့.....။

မေးဖျား​လေးတဆက်​ဆက်​တုန်​ယင်​လာရင်း..လက်​ဖျား​တွေ​အေးလာသည့်​အခါ..ထွက်​​ပြေးချင်​သည်​...။ထိုထမင်းစားဝိုင်းမှ.....။ရှောင်းကျန့်​ကိုအလိုမရှိသလိုထမင်းစားဝိုင်းက..ထိုအထိရက်​စက်​လိမ့်​မည်​မှန်း..မသိခဲ့ဘူး....။

"​မောင်​ငယ်​​လေး...."

ရှောင်းကျန့်​လက်​ဖျား​တွေ​ပေါ်အုပ်​မိုးလာသည့်​မမလက်​​တွေက ထင်​သ​လောက်​​နွေး​ထွေးမှုမရဘူး...။မော့ကြည့်​မိသည့်​ ဦး​လေးငယ်​ကမဆိုင်​သလိုပြုမူ​နေ​တော့...​ရှောင်းကျန့်​မျက်​ရည်​စက်​က​လေးက...စားပွဲထက်​သို့​ပေါက်​ခနဲ....။

ပြီး...အားလုံး၏စိုးရိမ်​တကြီး​အ​မေးသံ​တွေ....။

"သားငယ်​....ဘာလို့..ဘာလို့ငို​နေရတာလည်း"

အနား​ရောက်​လာသည့်​မားမားကို.​ရှောင်းကျန့်​ပြန်​​ဖြေလို့မရသည့်​ဒဏ်​အရာအ​ကြောင်းနှုတ်​မဟခဲ့ရဲဘူး...။ခေါင်း​လေး​တွေခါရမ်းပစ်​ရင်း...မျပ်​ရည်​​တွေလည်းလွင့်​စင်​ရင်း..။

Something in the insanity (Completed)Where stories live. Discover now