part70🌕

2.1K 208 25
                                    


လွယ်အိတ်ကြိုးလေးကိုစုတ်ကိုင်ရင်း သူ့မျက်နှာကိုပြုံးကြည့်ေနသည့်ကလေးလေးက ချစ်စရာ။

အချစ်ဆိုတာ နားလည်မှုနှင့်သံယောဇဉ်ကြောင့်မဟုတ်မှန်းသိလိုက်သည့်အချိန်က နောက်ကျနေလျှင်တောင် ရိပေါ်ဝေခွဲနိုင်ခဲ့ပြီ။

အဆုံးသတ်....ရိပေါ်ကလေးလေးကိုချစ်နေပြီဆိုတဲ့လေ။

ကားတံခါးကိုဖွင့်ပေးရင်း...လွယ်အိတ်လေးကိုပါကူလွယ်ထားပေးမိသည်....။ ကျောင်းဝန်းအထိလိုက်စောင့်ရှောက်ပေးချင်သည်အထိခံစားချက်နှင့် လွယ်အိတ်ကူလွယ်ပေးချင်သည့် စိတ်ကိုပါ အတူတူရမိတော့....လူကြီးတစ်ယောက်တန်မဲ့ ရှက်ရွံ့မိပြန်သည်။

ဒါတွေက...ချစ်တတ်သွားလို့မဟုတ်လား....။

"ကျေးဇူးပါ ဦးလေးငယ်..ဟို...လိုက်ပို့ပေးလို့"

အရင်လိုလန်းဆန်းမနေသည့်ကလေးလေးက ကျေးဇူးတင်စကားနှင့်အဆုံးသတ်သည့်အခါ ရင်ထဲမှာအောင့်သက်သက်။

သို့ပေမဲ့လည်း..ဒီအခြေနေထိ ဖြစ်လာအောင် ရိပေါ်ကကိုယ့်ခံစားချက်ကိုမသိခဲ့တာမဟုတ်လား...။*မချစ်ဘူးဆိုတာ သိပေမဲ့လည်း*ဆိုသည့်စကားလေးတွေ ဖြစ်လာခဲ့တာရိပေါ်ကြောင့်ချည်း....။

"ကိုယ် အတန်းထဲထိလိုက်ပို့ပေးရမလား..."

မျက်ဝန်းလေးတွေဝိုင်းသွားခြင်းနှင့် နှုတ်ခမ်းပါးလေးကပြုံးယောင်သန်းနေသည့်အခါ ထပ်တူလိုက်ပြီးပျော်မိတာမျိုး။

အပြုံးတွေမှာ ရိပေါ်အကြိမ်ကြိမ်ကျရှုံးခဲ့ပေမဲ့ ဒီတိုင်း ချစ်စရာကောင်းလို့ပဲဟု ထင်မြင်ချက်တွေနှင့် အလွှာခြားခဲ့ဖူးတယ်။

"ရပါတယ်...ဦးလေးငယ်လည်းဆေးရုံသွားရမဲ့ဟာ...."

ငြင်းဆန်မှုလေးက အကြောင်းပြချက်လေးနှင့်အတူ.နေရခက်နေသည့်အနေထားတွေ။

ခေါင်းငြိမ့်ပြလိုက်ပြီး ကလေးလေးနှင့်ရိပေါ်အကြည့်ချင်းဆုံနေမိသည်။မော့ကြည့်နေသည့်ကလေးလေးက ဖြူနုနေသည့် အသားရေလေးနှင့် နုထွေးနေတော့ တံတွေးကိုမြိုချမိတာ အခါခါ။

ပါးဖောင်းလေးတစ်ဖက်ကို နမ်းချင်နေမိတာ ရိပေါ်ဘယ်လိုခွင့်တောင်းရမလည်း....။

Something in the insanity (Completed)Where stories live. Discover now