part35🌕

1.3K 148 3
                                    


"​မားမား....ပါးပါး​ရောဟင်​...."

မျက်​နှာငယ်​​လေးနှင့်​​ရှောင်းကျန့်​၏အ​မေးကို မားမားကဆံပင်​​လေးအသာသပ်​​ပေးရင်းပြုံးပြလာ၏။ ​မော်​ဒယ်​မြင့်​ကားတစ်​စီးဝယ်​​ပေးပြီးသွားဖြစ်​သည့်​ပါးပါးက ​ရှောင်းကျန့်​ကား​မောင်းသင်​မည့်​ထို​နေ့​လေးမှာ..အခန်းထဲမှပင်​ထွက်​မလာ​တော့ ​ရှောင်းကျန့်​စိတ်​မ​ကောင်းမိသည်​.....။

ပါးပါးစိတ်​ပူဆိုတာကို​ရှောင်းကျန့်​နားလည်​​ပေးလို့ရ​ပေမဲ့..​ရှောင်းကျန့်​၏စိတ်​ထဲမှဘာ​တွေရှိ​နေသလည်းဆိုတာလည်းပါးပါးနားလည်​​ပေးသင့်​သည်​....။စိတ်​ပူသည်​စကားတစ်​ခွန်းမ​ပြောခဲ့သည့်​ ပါးပါးက မင်းသားတစ်​ပါးဆိုသည့်​ဂုဏ်​ထဲကို ​ရှောင်းကျန့်​ကိုရိုက်​ချခဲ့တာ....။

သို့​ပေမဲ့လည်း.....။

"ခမည်း​တော်​က သားငယ်​သိတဲ့အတိုင်း..အလုပ်​ရှုပ်​​နေတာ"

နှစ်​သိမ့်​စကားတစ်​ခွန်းက ​ရှောင်းကျန့်​ကို​ပျော်​​နေ​စေဘူး...။နောက်​ထံမှပခုံး​ပေါ်​ရောက်​လာသည့်​ လက်​ဖဝါး​နွေး​နွေးတစ်​ခုက​တော့..ဦး​လေးငယ်​မှန်း....။ လက်​ထဲမှဦးထုတ်​​လေးအား ခပ်​ကျစ်​ကျစ်​စုပ်​ကိုင်းရင်း ပင့်​သက်​​လေးတစ်​ချက်​ရှိုက်​မိသည်​။

ဒါက...လက်​တစ်​ဖက်​ပါပဲ။ရှောင်းကျန့်​ရင်​ထဲမှာ​တော့အ​နွေးဓတ်​က​လေး......ဖြစ်​သွားတာအဓိပ္ပါယ်​ရှိရှိနှင့်​...။

"ဒါဆို..သားသွား​တော့မယ်​...."

"အင်း....ဂရုစိုက်​​နော်​သားငယ်​...ရိ​ပေါ်...မင်းညီကိုဂရုစိုက်​လိုက်​ပါဦး..."

စိတ်​ပူစကားတစ်​ခွန်းနှင့်​အတူ ​နောက်​ထဲမှမတ်​တပ်​ရပ်​​နေသည့်​ဦး​လေးငယ်​ဆီသို့​ရှောင်းကျန့်​အားအပ်​လာသည့်​အခါ..​ပျော်​ရွှင်​မှု​ကေတေစ်​စွန်းတစ...။ နံ​ဘေးမှာအတူရှိ​ပေးသည်​ဆိုတာနှင့်​...​ရှောင်းကျန့်​အတွက်​လုံခြုံသွားတာမျိုး....။

အပြုံးတစ်​ခုက​ရှောင်းကျန့်​ဆီစိုက်​မြိုက်​သည့်​အခါ..လှုပ်​ရှားတို့ရပ်​တန့်​လို့​ငေး​ငေး​မော​မော....။မနက်​ခင်းတစ်​ခုက..အပြုံးယဲ့တစ်​ခု​ကြောင့်​ လှပသွားပြန်​ပြီ....။

Something in the insanity (Completed)Where stories live. Discover now