part57🌕

1.8K 214 21
                                    


"​ရှောင်းငယ်​....မင်းဘာ​တွေလုပ်​​နေတာလည်း!!"

ပခုံး​လေးနှစ်​ဖက်​ကိုလှုပ်​ရမ်းပစ်​လိုက်​ရင်း ကျန်းချန်​​အော်​လိုက်​မိပြီ...။လက်​ထဲမှ ခပ်ေ​ဖျာ့​ဖျော့ကျန်းချန်​​ကောင်​​လေးက အပြုံးယဲ့ယဲ့​လေးတစ်​ခုနှင့်​ နာကျင်​​နေတာသိပ်​သိသာလွန်းသည်​။

ပါး​ဖောင်း​လေးနှစ်​ဖက်​ပေါ် အဖြိုင်​ဖြိုင်​စီးဆင်း​နေသည့်​မျက်​ရည်​​တွေ​က ကျန်းချန်​ရင်​ထဲကိုဓားနှင့်​အစိတ်​စိတ်​မွှန်း​နေသလို။ မျက်​နှာ​လေးလွှဲထားတာ သူ့ကိုအမျိုးမျိုးနှိပ်​စက်​​နေတဲ့​ကောင်​​လေး.....။

ကျောင်းပိတ်​ရက်​မှာသတိရလွန်းလို့ မ​နေနိုင်​မထိုင်​နိုင်​ထွက်​လာမိတာ ထိုမြင်​ကွင်းကိုကျန်းချန်​မြင်​ချင်​လို့မဟုတ်​...။ဖုန်းဆက်​လျှင်​လည်း သတိရစိတ်​​တွေမ​ပြေလွန်းတာ သူ့အတ္တမို့ စိတ်​ဆုံးဖြတ်​ရင်းထွက်​လာခဲ့မိသည်​။

ရုတ်​တရပ်​လက်​ထက်​သတင်းတစ်​ခုက ဘယ်​​လောက်​​ကြေကွဲ​စေမလည်းသိတာမို့ အနည်းဆုံး​တော့ရင်​ခွင်​ငှါးရင်းနှစ်​သိမ့်​​ပေးချင်​ခဲ့တာ...။ယခု......။

ခြေ​လက်​​တွေ​လေထဲ​ဝေ့ဝဲရင်း ကျန်းချန်​​ကောင်​​လေး ကမြင်းကြီး​ပေါ်မှာလှလှပပပျံဝဲ​နေလိုက်​တာ..သူ့ကိုအ​သေသတ်​​နေသလို....။အလျင်​မြန်​ထိန်း​ပွေ့ရင်​စဖမ်းမိလိုက်​​ပေမဲ့...ကျန်းချန်​ရင်​​တွေနာလို့ ​အော်​ဟစ်​ပစ်​လိုက်​တာ.....။

မျက်​ရည်​ဆိုတာအဲ့လူကြီးအတွက်​မကျပဲ သူ့အတွက်​ပဲကျ​ပေးပါလားလို့အတ္တဆန်​ဆန်​လည်း​ပြောပစ်​ချင်​တယ်...။

သို့​ပေမဲ့..သူမြင်​ချင်​တာ​ရှောင်းငယ်​အမြဲတမ်းပြုံး​နေဖို့ပဲ။

ရှောင်းငယ်​အတွက်​ဆိုလျှင်​ အတ္တဆိုတာ​တွေပယ်​ထုတ်​ပစ်​ရင်းမျက်​နှာလေးကိုအမြဲတမ်းပြုံး​နေ​စေမှာ...။

ဒါ....ကျန်းချန်​ဘဝကြီးမှာအဖြစ်​ချင်​ဆုံးအရာ​လေး..။

"​ရှောင်းငယ်​လို့...မင်းကွာ...!"

Something in the insanity (Completed)Where stories live. Discover now