part74🌕

2.2K 212 14
                                    


အဖြစ်ပျက်တွေပြီးဆုံးသွားခဲ့တာ (၁)ပတ်အထိကြာနေပေမဲ့လည်း...အထိုင်ထတွေမှာရှောင်းကျန့်နာကျင်နေတုန်းပဲ။

လေသာဆောင်လေးမှာထိုင်နေပြီး..ခြံအကျယ်ကြီးငေးမောနေခဲ့တာ..ဘယ်အချိန်ထိရောက်နေပြီလည်းမသိရ။ တပတ်လုံးမှာကျောင်းတောင်မသွားဖြစ်ခဲ့ဘဲ အဆောင်ငယ်လေးမှာသာလာထိုင်ဖြစ်ခဲ့သည်။

မားမားဆီမှစိုးရိမ်သံတွေနှင့် ဖိုးဖိုး၏ဂရုစိုက်မှုတွေကရှိပေမဲ့..လေသာဆောင်လေးမှာသာအချိန်ဖြုန်းဖြစ်နေခဲ့မိတယ်..။

ညအိပ်ချိန်လေးမှာအခန်းထဲဝင်ဖြစ်ခဲ့ပြီး..စားသောက်ချိန်တွေအထိအဆောင်လေးမှာပဲ။

"ကလေးလေး "

တပတ်လုံးရှောင်းကျန့်ကြားနေကျအသံပေမဲ့ အမြဲတမ်းကိုယ်လုံးလေးတုန်တတ်စမြဲ။

ရင်ခုန်ရသည့်နွေးထွေးမှုအသံတွေပေမဲ့ ရှောင်းကျန့်မသိချင်ယောင်ဆောင်တတ်နေပြီ။

အားလုံးကဦးလေးငယ်ပဲသင်ပေးခဲ့တာ။

ရှောင်းကျန့်ကွာရှင်းစာချုပ်လေးပေးခဲ့ပေမဲ့..ဦးလေးငယ်ကမထွက်သွားခဲ့ဘူး....။

အရင်ချိန်တွေထက်အနားမှာပိုနေပေးလာပြီး...သိသိသာသာလည်းဂရုစိုက်နေခဲ့ပြီ။

လိုချင်ခဲ့ပေမဲ့..ဒီအချိန်မှာတော့မဟုတ်ခဲ့ဘူး။ဦးလေးငယ်နံဘေးမှာရှောင်းကျန့်မနေချင်ဘူး.....။

"ခဏလေးပါ...ကိုယ့်ကိုအဲ့လိုတွေမရှောင်ပါနဲ့"

ထွက်သွားဖို့လုပ်လိုက်ပေမဲ့ ရှောင်းကျန့်လက်တွေကဦးလေးငယ်ဖမ်းအကိုင်မှာရုန်းထွက်မရခဲ့ဘူး။မျက်နှာလွှဲနေမိတော့ အမြဲတမ်းလိုလိုဦးလေးငယ်၏သက်ပျင်းချသံတွေ။

သို့ပေမဲ့..ရှောင်းကျန့်အပေါ်မှာစိတ်ရှည်ပေးပြီး..အလိုလိုက်ပေးလာသလိုမျိုး။

"ကျွန်တော်..အိမ်ထဲဝင်မလို့ဦးလေးငယ်...."

"ကိုယ့်ကိုနည်းနည်းတော့စကားပြောခွင့်ပေးပါ အခုလိုမျိုးရှောင်မနေပဲ..ကိုယ်ပြောတာကိုနားထောင်ပေးမလား..."

"....."

"ဟင်...ကလေးလေး..."

ရင်ခုန်နှုန်းယဲ့ယဲ့တွေကိုဦးလေးငယ်မသိစေရန် လက်ကိုဆွဲဖြုတ်လိုက်ပြီး..ထိုင်ခုံလေးမှာပြန်ထိုင်လိုက်မိသည်။

Something in the insanity (Completed)Where stories live. Discover now