part73🌕

2.2K 226 14
                                    


"အခု...ဘယ်လိုလုပ်ကြမလည်း"

ထိုင်မနေနိုင်တော့သည်အထိ ကျိရန်ခေါင်းထဲမှာမီးတောက်နေခဲ့ပြီ....။မပြောမဆိုနှင့် အကို့​ေ ကြာင့်ထိခိုက်သွားရမည့် လူနှစ်ဦးက ပြန်အဆင်ပြေနိုင်ပါတော့မလား။

ဆိုဖာထက်မှာလက်မှိုင်ချနေသည်အကိုကတော့ ရင်ထဲဘာတွေရှိနေမလည်းမသိပေမဲ့ ကျိရန်ထိုင်မနေနိုင်ဘူး။အခုချိန်ဆိုတော့ အခြေနေအားလုံးကအဆိုးဘက်မှာပဲရှိနေတော့မှာ။

"အကို..ဘာလို့ကျွန်တော့်ကိုလာမမေးတာလည်း"

"ကိုယ်လည်းမသိဘူးလေရေခဲသေတ္တာထဲမှာတွေ့တော့ အဲ့ဒါပဲယူပေးလိုက်တာပေါ့..."

စိတ်ဖြေဖို့အတွက်ရိပေါ်ကောသောက်သွားသည့်အရက်ပုလင်းက ကျိရန်စိတ်ကြွဆေးတွေထည့်ထားခဲ့တာ...။အကိုနှင့်ရန်ဖြစ်ထားတော့...သင်ခန်းစာပေးချင်တာမို့ အရက်တိုက်ပြီး ကြိုးတုတ်လို့ မနေနိုင်မထိုင်ဖြစ်အောင် အပြစ်ပေးမည်လို့စဉ်းစားခဲ့တယ်။

ယခု..အဲ့ဒီအရက်ပုလင်းကရိပေါ်သောက်သွားသည်ဆိုတော့ အိမ်တော်ကြီးမှာဘာတွေဖြစ်နေမှာလည်း။

ပြီးတော့...ငယ်လေး...ငယ်လေးအဆင်ပြေပါ့မလား။

ပုံမှန်ထက်ဆိုးလွန်းသည့်ဆေးတွေက အသိစိတ်တောင်ပျောက်နိုင်သည်။ရိပေါ်ကောက ဘယ်လိုလူပဲဖြစ်နေပါစေ ဆေးဒဏ်ကိုတော့ခံနိုင်မှာမဟုတ်ဘူး....။

ဒါဆို....ထိခိုက်မည့်သူကငယ်လေးမှလွဲပြီးလည်းရှိမှာမဟုတ်ဘူး......။ကလေးလေးပဲရှိနေသေးတာ...ထိုဆေးဒဏ်ရဲ့ဒဏ်ကို...ငယ်လေး....။

"အကို...ရိပေါ်ကောဆီဖုန်းဆက်...မေးကြည့်ပါဦး"

"ကိုယ်ဆက်ပြီးသွားပြီ..အိပ်ပျော်နေလားမသိဘူး.."

ဆိုဖာထက်မှာပစ်စလတ်ထိုင်ချလိုက်ရသည်အထိ။အနားရောက်လာပြီး ပွေ့ဖက်ေပးထားသည့်အကိုရှိနေပေမဲ့လည်း သူ့ရင်ထဲမှာငယ်လေးအဆင်ပြေရဲ့လားပဲ ရှိနေခဲ့ပါသည်။

*********************************************
****

မျက်လုံးတွေကိုအရင်မဖွင့်နိုင်သေးဘဲ မျက်နှာတစ်ခုလုံးမဲ့နေရသည်။ ခေါင်းတစ်ခုလုံးလည်း ထိုးကိုက်နေပြီး..ခြေလက်တွေအထိငြောင်းကိုက်နေတာ...ရိပေါ်ညကအများကြီးသောက်ခဲ့တာလား....။

Something in the insanity (Completed)Where stories live. Discover now