part3🌕

3.6K 359 15
                                    


April (1) ရက်​​နေ့.........။
ရာသီ၏နှစ်​ထပ်​​မြှောက်​ကူး​ပြောင်းချိန်​ကသိပ်​ကိုမြန်​ဆန်​လွန်းသည်​။

ကျွီ....။

ငွေ​ရောင်​​ဆေးခြယ်​ထားသည့်​တံခါးမကြီးအားဖွင့်​မိ​သောအ ခါ..အသံအနည်းငယ်​ထွက်​လာသည်​မို့..ဆက်​လို့မဖွင့်​ဖြစ်​​တော့...။တစ်​ကိုယ်​စာအ​နေထား​လောက်​သာ ဖွင့်​၍ဖြူစွတ်​​နေ​သောအခန်းကြီးအတွင်းသူမ​ခြေချလိုက်​သည်​။

ကျယ်​ဝန်း​သောကုတင်​၏ထက်​တွင်​ အိပ်​စက်​​နေ​သောသား​တော်​​လေးက အရုပ်​တို့ကြားမှာနှစ်​နှစ်​ခြိုက်​ခြိုက်​။ နှုတ်​ခမ်းတို့ထက်​မှအပြုံးတစ်​ပွင့်​သယ်​​ဆောင်​၍ ကုတင်​၏တစ်​ဖက်​မှာဝင်​ထိုင်​လိုက်​သည်​...။

စားပွဲထက်​မှနာရီလက်​တံတိုက​လေးသည်​ (၈)နာရီထိုးလုလု။

ကုတင်​ထက်​မှအဖြူ​ရောင်​သား​တော်​​လေး၏ နဖူးထက်​မှဆံစတို့အားပင့်​တင်​​ပေးလိုက်​သည်​..။မျက်​နှာသန့်​သန့်​က​လေးက ရှင်းလင်းစွာ​ပေါ်ထွက်​လာသည့်​အခါ သူမသက်​ပျင်းချမိသည်​။

အရွယ်​တစ်​ခုသို့​ရောက်​လာသည့်​သား​တော်​​လေးက အလှတရားနှင့်​ပြည့်​စုံ​နေ​တော့ သူမရင်​​တွေပူ​လောင်​လွန်းသည်​။ သမီး​တော်​ထက်​ပင်​ လှရက်​လွန်း​နေသည့်​ထိုက​လေးက..​ယောကျာ်း​လေးအဖြစ်​မှားယွင်းပြီးများ​​မွေးဖွားလာသလား.။

"သား​တော်​....သား​တော်​...."

နဖူး​ပြေ​ပြေ​လေးထက်​အနမ်း​လေးတစ်​ခုနှင့်​နိုး​စေ​​တော့ နှုတ်​ခမ်းပါးက​လေးအနည်းငယ်​တွန့်​တတ်​သွားသည့်​သား​တော်​။ နှစ်​တို့​ပြောင်းလဲသွားလည်း..က​လေးတစ်​​ယောက်​လိုသား​တော့ကလာနိုး​ပေးရစမြဲ...။

"ထ​တော့​လေ..သား..​အောက်​ထပ်​မှာဖိုးဖိုးတို့​စောင့်​​နေပြီ"

"အင်း...."

ထွက်​လာသည့်​အသံက​လေးက ခပ်​အီအီ။ ​စောင်​ပုံကြားထဲတိုးဝင်​သွားသည့်​သား​တော်​က အဆိုး​လေးဖြစ်​သည်​..။

မနက်​ခင်းတိုင်း..မိသားစုစုံလင်​မှစား​တော်​ပွဲတည်​တက်​မှန်းသိရဲ့နဲ့..​နောက်​ကျမှ​အောက်​သို့ဆင်းတတ်​​သေးတာ..။

Something in the insanity (Completed)Where stories live. Discover now