part45🌕

1.4K 195 23
                                    


"​ဒေါက်​တာဝမ်​....ဒါ​လေးလာပို့သွားတယ်​..အဲ့ဒါ.."

ရိ​ပေါ်စားပွဲခုံ​ပေါ်​ရောက်​လာသည့်​ အဖြူစွတ်​စွတ်​ဘူး​လေးသည်​ ဖဲကြိုးပန်းနု​ရောင်​စ​လေးနှင့်​​သေ​သေချာချာစီးချည်​ထား​သေးသည်​...။ နှုတ်​ခမ်းထက်​မှအပြုံး​တွေနှင့်​ ရိ​ပေါ်ကတတယ်​ကိုသ​ဘောတကျ...။ကိုယ်​တိုင်​ဒီဇိုင်းထုတ်​​ပေးရင်း မှာယူထားသည့်​ပစ္စည်း​လေးက ပိုင်​ရှင်​​လေးထံမှာဘယ်​​လောက်ေ​တာင်​ လိုက်​ဖက်​မှုရှိ​နေမလည်းဟု​တွေးရင်း.....။

"​ကျေးဇူးပါပဲ..သွားလို့ရပါပြီ...."

nurse မ​လေးကအပြုံးတစ်​ခုနှင့်​ထိုဘူး​လေး​ပေါ်မှအကြည့်​မခွာ....။ရိ​ပေါ်ခပ်​တည်​တည်​တစ်​ချက်​ကြည့်​​ပေးမှသာ ထွက်​သွားသည့်​မိန်းက​လေးက စပ်​စုချင်​စိတ်​​တွေအများအပြားနှင့်​....။

ဒါ...ရိ​ပေါ်ပထမဆုံးမှာယူလိုက်​သည့်​ပစ္စည်းတစ်​ခု။

လက်​မှနာရီအားတစ်​ချက်​ကြည့်​ပြီးသည့်​​နောက်​..ပစ္စည်းအချို့သိမ်းဆည်းရင်း ဂျူတီကုတ်​ပါချွတ်​ပစ်​လိုက်​သည်​...။စီစဉ်​စရာအချို့လည်းရှိ​နေ​သေးတာမို့...အလုပ်​ဖျက်​လိုက်​မိတာ ရိ​ပေါ်ဘဝမှာမကုန်​နိုင်​သည့်​ပထမဆိုတာ​တွေ....။

ဘူးလှလှက​လေးအား မ​ပေ​ရေ​အောင်​ရိ​ပေါ်​သေချာထပ်​ထုတ်​ပိုးရင်း ​ကော်ရ​စ်​တာတစ်​​လျှောက်​မှာ ​ငေး​မောဖို့​ကောင်း​အောင်​အပြုံး​တွေလည်းရှိ​နေ​သေးတာ...။ခပ်​တည်​တည်​​နေတပ်​သည့်​ရိ​ပေါ်​က...အထက်​လူကြီးများပင်​ စကားစဖို့ဝန်​​လေး​ဖို့​ကောင်းသည့်​​သူမျိုး....။

ယခုလို နှုတ်​ခမ်းစွန်း​တွေ သိသိသာသာ​ကွေးတတ်​​နေလျှင်​..မိနစ်​ပိုင်းအတွင်း pageတစ်​ခုတွင်​ သူ့အ​ကြောင်း​တွေတက်​လာဦးမှာ....။ ဂရုမစိုက်​နိုင်​သည်​အထိ....ရိ​ပေါ်ကိုယ်​တိုင်​ထွင်း​ပေးရမည့်​ စလုံးလှလှ​လေးအတွက်​ ​ခြေလှမ်း​တွေက အသက်​ဝင်​စွာနှင့်​..။

"​ဒေါက်​တာဝမ်​ ပြန်​​တော့မလို့လား..."

"အင်း...ကျွန်​​တော့်​မှာအ​ရေးကြီးတာ​လေးရှိ​နေလို့"

Something in the insanity (Completed)Where stories live. Discover now