ကော်ဖီခွက်ပူပူလေးအား..နှုတ်ခမ်းကလေးလုံးချွန်စွာမှုတ်နေသည့်မင်းသာလေးက ရိပေါ်အတွက်ငေးကြည့်စရာသိပ်ကောင်းနေသည်။ထိုပုံစံကလေးက မပြောသင့်ဘူးပေမဲ့ တကယ်လှသည်။
ထမင်းစားဝိုင်းမှစောစီးစွာထွက်သွားခဲ့သည့်မင်းသားလေးက တနေရာမှာသွားဆော့နေမည်ထင်ခဲ့ပေမဲ့ အဆောင်ငယ်လေးတစ်ခုမှတိတ်တဆိတ်ကော်ဖီလာသောက်နေသည်တဲ့လား။ တိုင်းပြည်အကြောင်းတစ်မျိုးနှင့် Spain မှသူ့၏အကြောင်းအချို့အား ပြောခဲ့ကြတော့ မင်းသားလေးပျင်းရိသွားသည်ထင်၏။
စားပွဲဝိုင်းရှည်ကြီးမှာ တစ်ဦးနှင့်အလှမ်းဝေးသည့်အပြင် သာမာန်မိသားစုများလို နွေးထွေးမှုရှိမနေသည့်အနေထားက ကလေးတစ်ယောက်၏စိတ်ထဲမှာဟာနေမည်ထင်သည်။
မိသားစုဆိုတာ လွန်ခဲ့သော(၇)နှစ်ခန့်မှာမရှိတော့သည့်ရိပေါ်အတွက်က မထူးဆန်းသလို..ရှိခဲ့သေးလျှင်လည်း စီးပွားရေးအကြောင်းနှင့်ကုန်ဆုံးတတ်သည့်အချိန်တွေကြောင့် ထိုအနေထားကမထူးဆန်းလှပေ။
ရင့်ကျက်နေသည့်လူကြီးတစ်ယောက်မို့လည်းဖြစ်နိုင်ပါသည်။
သို့ပေမဲ့ အရွယ်မရောက်သေးသည့်(၁၇)နှစ်အကျော်မင်းသားလေးကတော့ နွေးထွေးမှုတို့လိုအပ်နေလိမ့်မည်။ မင်းသားလေးအကြောင်းရိပေါ်သိပ်မသိသေးပေမဲ့ ကလေးတစ်ယောက် ၏ဘဝအားအပြည့်ဝမခံစားရဘူးဆိုတာတော့ နားလည်သည်။
ဥပမာ_မေမေဆိုပြီးချွဲမရတာမျိုး။
ဂုဏ်ပုဒ်တစ်ကြောင့် သွားချင်သည်များတောင်မသွားရတာမျိုး။နိုင်ငံရေးအကြားနှင့် တာဝန်တို့အကြားမှာ
ထမင်းစားဝိုင်းမှထမင်းဖြူတွေချည်းစားတတ်တာမျိုး။ယခုလိုတနေရာမှာသီးသန့်နေတတ်တာမျိုးအထိ ။
"အား..ပူလိုက်တာ!"
YOU ARE READING
Something in the insanity (Completed)
FanfictionI only write Yizhan fic.So, be careful of Reading lists. ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အရွယ်လေးက စိတ်ကူးယဥ် ဆန်ခဲ့တယ်....။ နာကျင်မှု....ကြင်နာမှု မတူ ကွဲပြား တဲ့ နယ်မြေ နှစ်ခုကြား မှာ..အချစ်တစ်ခုကို..ရူးရူးမိုက်မိုက် နှောင် ဖွဲ့ ခဲ့တယ်။အဆုံး သတ်က နာကျင...