part50🌕

1.8K 196 20
                                    


အပြုံးသဲ့သဲ့မျက်​နှာအ​နေထားနှင့်​ဦး​လေးငယ်​က ​ရှောင်းကျန့်​နံ​ဘေးမှာရှိ​နေခဲ့တာ အရင်​ချိန်​တုန်းများကလိုပါဘဲ..။သို့​ပေမဲ့.​ပြောင်းလဲသွားသည့်​ ည​လေးတစ်​ခုမှပဲ​ရှောင်းကျန့်​နှလုံးအိမ်​​လေးက ​ကြွေခသွားခဲ့ရတယ်....။

ဘောပင်​တစ်​​ချောင်းနှင့်​​ရှောင်းကျန့်​နားလည်​​စေရန်​ သင်​ကြား​ပေး​နေသည့်​ဦး​လေးငယ်အား စူးစိုက်​ကြည့်​မိသည့်​​ရှောင်းကျန့်​က ဦး​လေးငယ်​ကိုချစ်​လွန်း၍ဆိုတာ....။ဒါ​ပေမဲ့လည်း...နှာ​ခေါင်းထိပ်​​လေးအား.ဖွဖွလိမ်​ဆွဲပစ်တတ်​သည့်​ဦး​လေးငယ်​က က​လေး​လေးစာလုပ်​​လေဆိုသည့်​စကား​တွေနှင့်​ ပုံသွင်းချ​နေသည်​....။

မျက်​နှာ​လေးလွှဲချရင်းပုတ်​ခတ်​လိုက်​မိသည့်​​ရှောင်းကျန့်​မျက်​လုံး​လေး​တွေက တညလုံးငိုခဲ့ရတာမို့ နီရဲ​နေမလား....။ထူးခြားစွာနှင့်​ သိပ်​​ပေးသည့်​ဦး​လေးငယ်​ရင်​ခွင်​မှာ အိပ်​ချင်​​ယောင်​​ဆောင်​ရင်းလည်း ​ရှောင်းကျန့်​အ​တွေး​တွေ​ထွေပြားခဲ့ဖူးသည်​..။

တိတ်​တဆိတ်​ ငို​ကြွေးမိသည့်​ရင်​ခွင်​ကျယ်​မှတခဏ​လောက်​ပဲဖြစ်​ဖြစ်​နားခိုခွင့်​ရမလားဟု​တွေးရင်းနှင့်​..အချစ်​​တွေကိုဖွင့်​ဟပစ်​ချင်​သည်​.....။

လက်​မခံနိုင်​မှန်းသိသိရက်​နှင့်​ ရူးဖို့ဆုံးဖြတ်​ခဲ့သညံ​​ရှောင်းကျန့်​က ​အောက်​နှုတ်​ခမ်းပါး​လေးအားနာနာကိုက်​ရင်း ​ကျေးဇူးပြုပြီးဦး​လေးငယ်​ ဟုအကြိမ်​ကြိမ်​ဆု​တောင်း​နေခဲ့တယ်.... ။

လက်​ရှိအချိန်​​လေးကိုတန်​ဖိုးတထားနှင့်​​ငေးကြည့်​ခွင့်​​လေးဆိုတာကို မူပိုင်​ရလျှင်​​ကျေနပ်​တတ်​သည့်​​ရှောင်းကျန့်​က ဦး​လေးငယ်​ဆီကအနမ်းတရှိုက်​​တွေကိုမက်​​မော​နေမိပြီ....။

မကြင်​နာနိုင်​​တော့မှန်းသိပါရဲ့နဲ့ ​မေးမိ​တော့မည့်​နှုတ်​ခမ်း​တွေကိုအတင်းကိုက်​​ဖောက်​ထားရတာ ​ရှောင်းကျန့်​နာသည်​။

"ဦး​လေးငယ်​...."

"အင်း...ကိုယ့်​ကို​ပြောချင်​တာရှိပြီလား...ဘာ​ပြောချင်​လည်း"

Something in the insanity (Completed)Where stories live. Discover now