[ ခြံထဲမှာမဟုတ်ပါဘူး..အိမ်မှာပဲ...]မင်းသားလေး၏အသံတိုးတိုးလေးက ကျန်းချန်အတွက်မနက်ခင်းအားဖြည့်အရာတစ်ခုမျိုး....။ ထိုင်ခုံပေါ်မှာထိုင်ချရင်း ယခုနေရှောင်းကျန့်ရုပ်ကလေးအားပုံဖော်ကြည့်မိသည်..။ အိမ်ထဲမှာပျင်းနေတယ်ဆိုကာ..ဆူပုတ်နေမလားဆိုတာမျိုး...။
ခြံထဲကတနေရာရာတွင်လိုက်စော့မည်ထင်သည့်သူ့ကောင်လေးက အေးအေးဆေးဆေးထိုင်နေသည်ဆိုတာရှားပါးလွန်းလို့..။ဥပမာ..မြင်းစီးကွင်းထဲမှာအတတ်ဆန်းနေမယ်ဆိုလျှင်ပေါ့....။
အတွေးထဲမှသူ့ကောင်လေးဆိုသည်အားအမျိုးမျိုးတွေးရင်းစိတ်ကူးယဉ်ဖူးသည်..။သူ့ကောင်လေး...။
အင်း..သူချစ်ရတဲ့ကောင်လေးပေါ့....။
"ကျောင်းတတ်ရတော့မယ်နော်ရှောင်းကျန့်....အစီစဉ်ကဘယ်လိုလည်း...."
တစ်ဖက်မှဆူပုတ်ပုတ်အသံကလေးသည် ကျန်းချန်ကိုအသည်းယားမှုတွေပိုအောင်လုပ်နိုင်စွမ်းရှိသည်...။ မမြင်ရပေမဲ့ ကျောင်းကိစ္စပြောလိုက်လျှင် မျက်နှာလေးကအိုသွားတတ်သေးတာ...။
နှာခေါင်းရှုံ့သံလေးကလည်း...အသည်းဆိုင်တွေနုတ်ယူနိုင်စွမ်းရှိပြန်သည်...။ ကျန်းချန်စိတ်ကူးထားခဲ့တာ ကျောင်းတတ်ရပြီဆိုလျှင် ဦးလေးအားတောင်းဆိုပြီးအတူတူသွားဖို့အခွင့်ရေးတစ်ခု..။လွတ်လပ်မှုတွေခုံမင်သည့်ရှောင်းကျန့်က သူ့လုပ်နိုင်စွမ်းအတွက် အပြုံးလှလှလေးတစ်ခုနှင့်ဖော်ပြမည်ဆိုလျှင် ။
စိတ်ကူးနဲ့ရူးမိတာ ချစ်ရတဲ့သူမို့လို့...။
[ကျောင်းတတ်ရမှာကိုမတွေးထားမိဘူး..မင်းရော.ဒီမှာပဲဆက်တတ်ဖြစ်မှာလား...]
"အင်း..ဒီမှာပဲပေါ့..မင်းလိုငတုံးလေးကိုစောင့်ရှောက်ပေးရဦးမှာလေ...."
ဆဲဆိုသံတိုးတိုးလေးက အခန်းအတွင်းမှာကျန်းချန်ရီမောသံတွေကိုကျယ်လောင်စေသည်..။မထင်လျှင်မထင်သလို ကျန်းချန်ကောင်လေးက ဆဲတတ်သေးသည်။အနားမှာရှိလျှင် နှုတ်ခမ်းပါးလေးကိုချွန်လို့ သူ့ကိုလိုက်ရိုက်နေဦးမှာ....။
YOU ARE READING
Something in the insanity (Completed)
FanfictionI only write Yizhan fic.So, be careful of Reading lists. ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အရွယ်လေးက စိတ်ကူးယဥ် ဆန်ခဲ့တယ်....။ နာကျင်မှု....ကြင်နာမှု မတူ ကွဲပြား တဲ့ နယ်မြေ နှစ်ခုကြား မှာ..အချစ်တစ်ခုကို..ရူးရူးမိုက်မိုက် နှောင် ဖွဲ့ ခဲ့တယ်။အဆုံး သတ်က နာကျင...