part53🌕

1.4K 171 6
                                    


မအိပ်​ချင်​သည်​ထက်​ ကျိရန်​အိပ်​လို့မရခဲ့တာ​အေးစက်​​နေသည့်​ည​နေခင်းစကား​ပြောဝိုင်း​လေး​ကြောင့်​...။အကို့ဘက်​မှစတင်​၍ ​သောက်​စားရင်းစကားတို့​ပြောဖို့လုပ်​ခဲ့​ပေမဲ့ ကျိရန်​နှင့်​အကိုမှလွဲ၍မင်းသား​လေးနှင့်​ရိ​ပေါ်မ​သောက်​ခဲ့ကြ​....။

ထိုသို့နှင့်​အခန်းကိုယ်​စီဝင်​သွားကြပြီး​နောက်​...ကျိရန်​လည်းမအိပ်​ဖြစ်​​တော့​ပေ...။ လမ်းထွက်​​လျှောက်​ရင်း လွင့်​လာသည့်​အရိပ်​ဖြူက​လေးက မင်းသား​လေးမှန်းသိ​နေခဲ့တာမို့ ကျိရန်​လိုက်​သွားမိသည်​.....။

ဝရန်​တာ​လေးတွင်​မှီလို့ ​ငေး​မော​နေသည့်​မင်းသား​လေးအကြည့်​​တွေက​ကောင်းကင်​ထက်​မှလအစွန်းပိုင်း​လေးကို....။လက်​ထဲမှ ဝိုင်​အနီ​လေးတစ်​ခွက်​​ကကျိရန်​တားသင့်​လိုက်​​ပေမဲ့ မျက်​ဝန်း​တွေကိုဖတ်​တတ်​သည့်​အခါသက်​ပျင်းသာချလိုက်​မိသည်​။

စောင့်​ကြည့်ေ​နမိသည့်​တခဏမှာ နှုတ်​ခမ်းပါး​လေးနှင့်​မထိ​တွေ့သည့်​ခွက်​က​လေး​ကြောင့်​ ကျိရန်​အနားတိုးကပ်​လိုက်​မိပြီ....။ငယ်​​လေး....ရင်​ဖွင့်​ဖို့လိုတာ...လက်​ထဲမှဝိုင်​ခွက်​က​လေးဟုတ်​မ​နေခဲ့ဘူး......။

"ငယ်​​လေး....."

"အာ...ကိုကိုကျိရန်​ "

လှည့်​ကြည့်​လာသည့်​မျက်​ဝန်းနက်​က​လေးနှင့်​ အပြုံးလှလှ​လေးက ကျိရန်​စိတ်​ကို​အေးမသွား​စေဘူး...။ သက်​ပျင်းချလိုက်​မိတာ တန​နေ့ထဲမှာပဲအကြိမ်​​ရေ​တွေလည်းများ​နေခဲ့ပြီ....။နံ​ဘေးတွင်​မတ်​တပ်​ရင်း တိတ်​ဆိတ်​​နေမိတာကျိရန်​ဘယ်​နားမှစကားစ​ပြောရင်​​ကောင်းမလဲဟု....။

နောက်​...လက်​​သေး​သေး​လေးထဲမှဝိုင်​နီက​လေး။

"ကျွန်​​တော်​နည်းနည်း​သောက်​မလို့ယူလာခဲ့တာ.."

အားနာသလိုအ​ပြော​လေး​ကိုကျိရန်​​ခေါင်းရမ်းရင်း ထိုလက်​ဖျား​လေး​တွေအားစုပ်​ကိုင်​လိုက်​မိသည်​...။ဘာမှဖြစ်​မ​နေသလို မင်းသား​လေးက အပြုံးယဲ့ယဲ့က​လေးနှင့်​....။

Something in the insanity (Completed)Where stories live. Discover now