part72🌕

2.2K 205 20
                                    


ဒုန်း!.....။

အရက်ခွက်ကိုဆောင့်ချပစ်လိုက်ရင်း...ရိပေါ်ခေါင်းကလည်းငိုက်ခနဲ။

*မချစ်ချင်တော့ဘူး*ဆိုသည့်စကားလေးတွေကနားထဲမှာလည်ပတ်နေလိုက်တာ ရိပေါ်ရင်ထဲမှတင်းကျပ်နေခဲ့ပြီ။မျက်ရည်တွေရွှဲနေသည့်မျက်ဝန်းနက်တွေက နာနာကျင်ကျင် ကြည့်လာသည့်အခါ....အဖြစ်ပျက်အစဆုံးက ရိပေါ်ကြောင့်ချည်းသာ။

"မင်းများနေပြီ...ရိပေါ်"

ရိပေါ်အိမ်မှာပြန်လာသောက်တာမို့ နံဘေးမှာထိုင်နေပေးသည့်ဟောက်ရွှမ်းက အရက်ခွက်ကိုဆွဲလုလာ၏။သို့ပေမဲ့ ထိုနေ့လေးတော့သောက်မှဖြစ်မှာမို့ ..ပြန်ဆွဲယူမိသည်။

ခံုနောက်ကျောမှီသည့်ဟောက်ရွှမ်းက သက်ပျင်းတွေလှိမ့်ချနေလိုက်တာ....။

"ဘာလို့လာသောက်နေတာလည်း...."

"ဒီတိုင်း...ရင်ထဲမှာမွန်းကျပ်နေလို့...."

ခေါင်းခါရမ်းနေသည့်ဟောက်ရွှမ်းကမယုံကြည်ပေမဲ့..ရိပေါ်မျက်လုံးထဲမှကျောပေးသွားသည့်မြင်ကွင်းကဆိုးလွန်းသည်။

"ကျိရန်ရော..."

"အခန်းထဲမှာ ငါ့ကိုစိတ်ဆိုးနေတာ(၂)ရက်လောက်ရှိပြီ.."

ပူဆင်းသွားသည့် အရည်တွေက ရိပေါ်လည်ချောင်းထဲမှာရှိန်းခနဲ။ မျက်မှန်ကိုချွတ်ချပြီး..ဆံပင်တွေကိုဖွလိုက်မိလည်း...စိတ်ထဲမှာမတင်မကျပဲ။

"မင်းသားလေးနဲ့အဆင်မပြေဘူးလား..."

"အင်း...မချစ်တော့ဘူးတဲ့"

မတုန့်မဆိုင်းဖြေချလိုက်ရင်း နောက်တစ်ခွက်လည်ချောင်းထဲမြောဆင်းလာပြန်သည်။မယုံသလိုဟောက်ရွှမ်းအကြည့်တွေကြောင့်....ကလေးလေးကသူ့အပေါ်မှာဘယ်လောက်ချစ်သလည်းဆိုတာ မြင်လာရသည်။

အားလုံးကသိနေခဲ့ပြီး...ရိပေါ်မျက်ကွယ်မိသည့်ဖြူစင်တဲ့အချစ်လေးတွေ.....။

သိလိုက်ရသည့်အချိန်တစ်ခုနောက် ရလာတာက နောင်တတရားမှလွဲ ပြီး.....။

"ဘယ်လိုတွေဖြစ်သွားတာလည်းရိပေါ် မင်းသားလေးက"

အပြုံးတစ်ခုကအသက်မပါသည့်အခါ ဟောက်ရွှမ်းစကားတွေကရပ်တန့်လို့....။ကလေးလေးသူ့အပေါ်မှဘယ်လောက်ချစ်လည်းကိုသိရဲ့နှင့် ရိပေါ်ဘာတွေလုပ်ခဲ့မိတာလည်း ။

Something in the insanity (Completed)Where stories live. Discover now