part20🌕

1.9K 187 15
                                    


"သီချင်း​လေး​ပြောင်းလိုက်​မယ်​​နော်​ဦး​လေးငယ်​..."

ရိ​ပေါ်အ​ဖြေပင်​မ​ပေးရ​သေးပါဘဲ သူ့ကား​ပေါ်မှသီချင်း​အေး​အေး​လေးသည်​ လူငယ်​​တွေအကြိုက်​အနည်းငယ်​မြူးသည့်​သီချင်း​လေးဖြစ်​သွားခဲ့သည်​...။ခြေ​ထောက်​က​လေးတနန့်​နန့်​နှင့်​မင်းသား​လေးက သ​ဘော​တွေကျ​နေသည့်​အခါ ရိ​ပေါ်ပြုံးမိပြန်​သည်​....။

သီချင်းကိုမရပါဘဲနှင့်​ လိုက်​ဆို​နေသည့်​မင်းသား​လေးသည်​ အသည်းယားစရာ​ကောင်း​နေသည့်​အခါ လှမ်းကြည့်​မိသည်​ကအကြိမ်​ကြိမ်​..။သွား​လေးဖြဲလို့ရီပြ​နေသည့်​မင်းသား​လေးက ​ပျော်​​နေမှန်းရိ​ပေါ်သိလိုက်​ရသည်​...။

ပထမဆုံး​ကျောင်းတတ်​ရမှာ မင်းသား​လေးဆီမှအပြုံး​လေး​တွေသာမြင်​ရ​တော့ရိ​ပေါ်စိတ်​ချမ်းသာမိသည်​....။ဦး​လေးခွမ်း​လိုက်​ပို့ရမည်​ဆို​ပေမဲ့ ဦး​လေးတို့အားခွင့်​​တောင်းလို့ရိ​ပေါ်လိုက်​​ပို့​ပေးမိခြင်း.....။

မင်းသား​လေးသည်​ ဦး​လေးငယ်​လိုက်​ပို့ပါလားဟုမ​ပြော​ပေမဲ့လည်း..ပထမဆုံးရက်​မှာ​တော့​ပျော်​ရွှင်​​စေချင်​သည်​...။သူ့အားခင်​တွယ်​လွန်းသည့်​မင်းသား​လေး​ကြောင့်​ ရိ​ပေါ်ထိုကဲ့သို့သာစီစဉ်​လိုက်​မိသည်​...။

"မင်းသား​လေး...."

လှည့်​ကြည့်​လာသည့်​မင်းသား​လေးသည်​ နှုတ်​ခမ်းပါး​လေးအား လုံး​နေ​အောင်​ချွန်​လို့သီချင်း​တွေလိုက်​ဆို​နေ​သေးတာ..။မေး​လေးတ​မော့​မော့နှင့်​ သူ​ပြောမည်​အားနား​ထောင်​သည့်ပုံ​စံ​လေးနှင့်​ပင်​မဲ့ ရိ​ပေါ်မှာ​ပြောစရာမရှိ​ပေ....။

ချစ်​စရာ​ကောင်း​နေသည့်​က​လေး​လေးကို ဒီတိုင်း​ခေါ်ကြည့်​လိုက်​မိတာ.....။

"ကိုယ်​​ပြောစရာမရှိပါဘူး.."

"ဟွန့်​...ကျွန်​​တော့်​ကို​နောက်​စရာလို့များမှတ်​​နေတာလား"

ဘာမဟုတ်​သည့်​မင်းသား​လေး၏စကားတစ်​ခွန်းကရိ​ပေါ်ကိုပြုံး​စေနိုင်​သည်​...။မျက်​​စောင်း​လေးရွယ်​လို့တစ်​ဖက်​လှည့်သွားတာ ​ရိ​ပေါ်​နောက်​​နေသည်​ထင်​၍စိတ်​​ကောက်​သွားသည့်​ပုံ..။

Something in the insanity (Completed)Where stories live. Discover now