part12🌕

1.8K 214 24
                                    


"သားငယ်​နဲ့ အဆင်​​ပြေရဲ့လားရိ​ပေါ်..."

မင်းကြီး၏အ​မေးစကား​ကြောင့်​ရိ​ပေါ် လက်​ထဲမှ​ကော်​ဖီခွက်​​လေးအား​အောက်​သို့ချလိုက်​သည်​..။ရင်းနှီးမှုတစ်​ခုရရန်​ဆိုသည်​ထက်​ ချစ်​ဖို့​ကောင်းလွန်း​နေသည့်​မင်းသား​လေးအား အမှန်​တကယ်​ခင်​ချင်​ခဲ့သည်​...။

အလိုမကျလျှင်​နှုတ်​ခမ်း​လေးဆူလို့မင်းသား​လေးက သိပ်​ချစ်​စရာ​ကောင်းလွန်း​တော့ ဆံပင်​​အိအိက​လေး​တွေဆွဲဖွရင်း က​လေးတစ်​​ယောက်​လိုလည်းသူပြုမူခဲ့သည်​...။ ထင်​ထားထက်​လျှင်​မြန်​သည့်​ရင်းနှီးမှုတစ်​ခုက သူနှင့်​မင်းသား​လေးကြားမှာသံ​ယောဇဉ်​​လေးတစ်​ခုဖြစ်​တည်​​နေပြီဖြစ်​သည်​ . .။

"မင်းသား​လေးက ချစ်​ဖို့​ကောင်းလွန်း​​တော့ ကျွန်​​တော်​နဲ့ရင်းနှီး​နေပါပြီ..."

တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​သည့်​မင်းကြီးတို့ဇနီး​မောင်​နှံမျက်​နှာသည်​ ​ကျေနပ်​မှုအရိပ်​​ယောင်​​တွေဖြတ်​​ပြေးလို့ပင် ။ မင်းသား​လေးဂုဏ်​တစ်​ခုနှင့်​ က​လေးတစ်​​ယောက်​က မာန​လေး​တွေရှိ​လောက်​ထင်​​ပေမဲ့ က​လေးတစ်​​ယောက်​အပြင်​မပိုခဲ့​တော့..သူနှင့်​အဆင်​​ပြေတာသိပ်​​တော့ထူးခြားမ​နေပါ။

ထို့အပြင်​ သူ့အ​ပေါ်မှာထားသည့်​ မင်းသား​လေး၏စိတ်​ရင်း​လေးက သိပ်​လှသည်​....။

"သားငယ်​က က​လေးဆန်​လွန်း​တော့အလိုမကျတာ​လေး​တွေရှိရင်​ ရိ​ပေါ်ကပဲအလိုလိုက်​​ပေးလိုက်​ပါ..."

"ဟုတ်​ကဲ့..မင်းသား​လေးကထင်​ထားတာထက်​လိမ္မာပါတယ်​"

"တချိန်​မှာ သတင်းတစ်​ခုကသား​ငယ်ေ​လးစိတ်​ဒဏ်​ရာရမှာဆိုးလို့ အခုလို​တွေလုပ်​လိုက်​ရတာ..သူစိမ်းတစ်​​ယောက်​မဟုတ်​​တော့ပဲ ကိုယ့်​ရဲ့အကိုတစ်​​ယောက်​လိုပဲဆို​တော့ သားငယ်​​လေးလက်​ခံနိုင်​တာ​ပေါ့.."

ရိ​ပေါ်​ခေါင်းကို​လေးပင်​စွာငြိမ့်​လိုက်​မိသည်​..။လူကြီး​တွေအ​နေနှင့်​ စီစဉ်​မှုကရင့်​ကျက်​လွန်း​ပေမဲ့ က​လေးတစ်​​ယောက်​စိတ်​နှင့်​​တွေးကြည့်​လိုက်​လျှင်​ တကယ်​ပဲတချိန်​မှာ မင်းသား​လေးအဆင်​​ပြေနိုင်​ပါ့မလား...။

Something in the insanity (Completed)Where stories live. Discover now