သန္းေခါင္ယံခ်စ္သူSeason-2 (za...

By MayKingMK119

221K 18.7K 1.3K

Written By - May King ေမွာ္ေလာကရဲ႕ အႀကီးအကဲ မင္းသတိုးက ျပသနာေတြကိုေျဖရွင္းေနတုန္း လူသားေလာကမွာက်န္ခဲ့တဲ့ ေဒါက... More

သန္းေခါင္ယံ ခ်စ္သူSeason - 2Episode (1)
သန္းေခါင္ယံ ခ်စ္သူSeason - 2Episode (2)
Season - 2 , Episode (3) (Zawgyi+Unicode)
Season - 2 , Episode (4) (zawgyi+Unicode)
Season - 2 Episode (5) (zawgyi+Unicode)
Season - 2Episode (6) (zawgyi+Unicode)
Season - 2Episode (7) (zawgyi+Unicode)
Season - 2Episode (8) (zawgyi+Unicode)
Season - 2Episode (9)(zawgyi+Unicode)
(zawgyi+Unicode)Season - 2 , Episode (10)
Season - 2 , Episode (11) (zawgyi+Unicode)
Season - 2, Episode (12) (zawgyi+Unicode)
(zawgyi+Unicode)Season - 2 , Episode (13)
(zawgyi+Unicode) Season - 2 , Episode (14)
Season - 2 , Episode (15) (zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2Episode (16)(zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2Episode (17)
Season - 2 Episode (18)(zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2Episode (19) (zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2 - Episode (20)(zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2 _Episode (21)(zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2 _Episode (22)လျပည့္ည အလြမ္း (zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2 _Episode (23)(zawgyi+Unicode)
သန္းေခါင္ယံ ခ်စ္သူSeason - 2 _Episode (24)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူ Season _2_ Episode (25)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူSeason 2 - Episode (26)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူ S2 - Episode (27)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူSeason 2 - Episode (28)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူSeason - 2 - Episode (29)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူ Season_2 - Episode (30)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူ Season -2 Episode (31)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူ Season -2 Episode (32)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူ Season_2 - Episode (33) (zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူ Season 2 - Episode (34) ( zawgyi+unicode)
သန္းေခါင္ယံခ်စ္သူ Season _2 - Episode (35) ( zawgyi+unicode)
အျမည္းေကြ်းျခင္း (အမြည်းကျွေးခြင်း )😉😉
သန္းေခါင္ယံခ်စ္သူ Season - 2 Chapter (36)(zawgyi+unicode)
သန္းေခါင္ယံခ်စ္သူ Season - 2 - Chapter (38)
Chapter (39) ( Zawgyi+Unicode)
Chapter (40) ( Zawgyi+Unicode)
Chapter (41) ⚠🔞🔞⚠(Zawgyi+Unicode)
Chapter (42) (Zawgyi+Unicode)
Chapter (43) (zawgyi+Unicode)
Chapter (44) ( Zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူChapter (45)(zawgyi+Unicode)
သန္းေခါင္ယံခ်စ္သူChapter (46)(zawgyi+Unicode)
Chapter (47) ( Zawgyi+Unicode)
Chapter (48) ဇာတ္သိမ္း ( Zawgyi+Unicode)
ဇာတ္လမ္္းသစ္အတြက္ အႀကံေတာင္းျခင္း
Season 1 and 2 completed

Season _ 2, အပိုင္း (37) (Zawgyi+Unicode)

2.8K 307 55
By MayKingMK119

သန္းေခါင္ယံခ်စ္သူ
Season _ 2, အပိုင္း (37)

ေႏြဦးသည္ အကိုသူရထံမွ စြမ္းအင္လႊဲေျပာင္းယူျပီးေနာက္ တကိုယ္လံုးေပါ့ပါးကာ ေလေပၚပ်ံ၀ဲမတတ္ ခံစား လိုက္ရသည္။ ဒါေႀကာင့္ ေမွာ္ပညာကို လူတုိင္း အရူးမူးတတ္ခ်င္ပါလားဆုိတာကို ေႏြဦး လက္ေတြ႕သိရွိသြားသည္။ မိိမိသာ ေမွာ္ပညာတတ္လွ်င္ ကေ၀ၿကီးကို ကူညီေပးနို္င္မည္ကို ေတြးမိေတာ့ ေႏြဦး ဒီေမွာ္ပညာကို တတ္ခ်င္သည့္ စိတ္ေလးေပၚလာေတာ့သည္။ ဒါေပမယ့္ ဒီအေႀကာင္းကို အကိုသူရသိေအာင္ တစြန္းတစမွ် ထုတ္မျပ၀ံ့ပါ။ ဘာေႀကာင့္လဲဆိုေတာ့ မိမိသာ ေျပာလိုက္မည္ဆိုလွ်င္ အကိုသူရ ခ်က္ခ်င္းလုပ္ေပးမွာကို သိေနေသာေႀကာင့္ျဖစ္သည္။

အကိုသူရလုပ္ေပးတာကို မလိုခ်င္ပါ။ ေႏြဦး လိုခ်င္တာက ကေ၀ႀကီး မိ္ိမိ ခ်စ္သူကိုယ္တုိင္ သင္ႀကားေပးတာကိုပဲ  ခံယူခ်င္မိသည္။ မိမိနွင့္ အကိုသူရက ဘာမွ မသတ္ဆိုင္ေတာ့သည့္ သူစိ္မ္းေတြျဖစ္လို႕ အခုလို ကေ၀ၿကီးကို ကယ္တင္ဖို႕ အကူညီေတာင္းရတာေတာင္ ေႏြဦး မ်က္နွာပူလွျပီ။ ဒါကို ဘယ္လို မ်က္နွာျဖင့္ အကိုသူရကို ေမွာ္ပညာသင္ခ်င္ေႀကာင္းေျပာ၀ံ့ပါ့မလဲ။

လူဆိုတာ တဖက္က ေပးခ်င္တာကို သိေပမယ့္ အကူညီကို လက္တစ္ဆံုး မယူသင့္ဟု ေဖေဖဆံုးမထားကို နွလံုးသားထဲထိ မွတ္မိေနေသာ ေႏြဦးအတြက္ ဒီလို အကူညီကို ဘယ္ေတာ့မွ ေတာင္းျဖစ္မည္ မဟုတ္ေပ။ ျပီးေတာ့ ေလာကမွာ အလကားရသည့္ အကူညီရယ္လို႕ ဘာမွမရွိေပ။ တစ္ခုလိုခ်င္လွ်င္ တစ္ခုျပန္ေပးဆပ္ရသည္။ ေႏြဦးမွာ မိမ္ိခ်စ္သူကလြဲရင္ ဘယ္သူ႕ကိုမွ ေပးစရာ မရွိပါ။ စိတ္နွင့္ ကိုယ္ကို ကေ၀ႀကီးကို အပိုင္ေပးထားျပီးေနာက္ ကေ၀ႀကီးကလြဲျပီး ဘယ္သူ႕ကိုမွ ဘာမွ ထပ္မေပးနိုင္ေတာ့ပါ။
ဒီလိုစိတ္ပိုင္းျဖတ္တာက မိိမိအတြက္တင္မက တဖက္လူအတြက္လည္း စဥ္းစားေပးရာက်သည္။ တကယ္လို႕ မိမိသာ အကိုသူရကို ထပ္မံတြယ္ကပ္ျပီး အကူညီေတာင္းလိုက္မည္ဆိုလွ်င္ အကိုသူရ၏ ေမွ်ာ္လင့္ခ်က္ကို ဆီေလာင္းလိုက္သလုိျဖစ္ျပီး ျပတ္ေတာက္သြားသည့္ သံေယာဇဥ္ကို မိမ္ိက ထပ္ဆက္ခ်င္သည္ဟု သူထင္သြားလွွ်င္ မခက္ပါလား။ မခ်စ္နုိ္င္ေသာသူကိို အက်ိဳးအျမတ္တစ္စံုတစ္ရာေႀကာင့္ ေႏြဦး အသံုးမခ်ခ်င္ပါ။ ဒါက ေႏြဦး၏ ရိုးသားမႈပင္ျဖစ္သည္။

ေႏြဦးသည္ အကိုသူရနွင့္အတူ ေတာင္ပိုင္းပင္လယ္ကို ရုပ္ေရႊ႕ေျပာင္းေရာက္ရွိခဲ့သည္။ ေႏြဦး၏ မ်က္၀န္းထဲ အစိ္မ္းေရာင္နန္းေတာ္တစ္ခု၏ မုခ္ေပါက္၀ကို လွမ္းျမင္လိုက္ရေသာအခါ ေတာင္ပိုင္းပင္လယ္သခင္မ၏ နန္းေတာ္ဆိုတာ သိလိုက္ရလို႕ ရင္ခုန္သြားသည္။ ကေ၀ႀကီးနွင့္ ေတြ႕ရေတာ့မည္။ အကိုသူရက ေႏြဦးကို အခြင့္ေရးမရလွ်င္ေနာက္ျပန္ဆုတ္ဖုိ႕ အထပ္ထပ္ သတိေပးကာ အနီးနားမွာ ေစာင့္ေနမည္ဟု ေျပာျပီး ေပ်ာက္ကြယ္သြားေတာ့သည္။

ေႏြဦးတစ္ေယာက္တည္း ေရညွိစိမ္းေရာင္ နန္းေတာ္မုခ္၀ကို ေလွ်ာက္လာစဥ္ ပင္လည္စစ္သည္ေတာ္မ်ား၏ တားဆီးျခင္းကို ခံလိုက္ရသည္။ ပင္လယ္စစ္သည္ေတာ္မ်ားက ေႏြဥိီးကို ျမင္သည္နွင့္ လူစိမ္းမွန္းသိလုိက္ျပီး လက္နက္ျဖင့္ ခ်ိန္ရြယ္ကာ ဖမ္းဆီးရန္ျပင္စဥ္ ခန္႕ညားသည့္ လူရြယ္တစ္ဦး မုခ္၀မွ ျဖတ္သန္းလာသည္နွင့္ ႀကံဳေသာေႀကာင့္ အေစာင့္မ်ားကို တားဆီးကာ ေႏြဦး ဒီနန္းေတာ္ပတ္လည္ တမိုင္အကြာက ခ်ထားသည့္ အကာရံကို ဘယ္လိုေဖာက္ထြင္းလာသည္ကို ေခ်ေခ်ငံငံေမးလိုက္သည္။

ေႏြဦးသည္ ကေ၀ႀကီးနွင့္ ေတြ႕ဆံုရန္စိတ္ေလာေနသျဖင့္ ထုိလူရြယ္ကို မိမ္ိအမည္ကိုေျပာလိုက္ျပီး ကေ၀ႀကီးနွင့္ ေတြ႕ခ်င္ေႀကာင္းေျပာလိုက္သည္နွင့္ ပင္လယ္စစ္သည္မ်ားနွင့္ လူရြယ္က ခ်က္ခ်င္း မ်က္နွာ အမူယာေျပာင္းကာ ေႏြဦးကို အရိုေသေပးျပီး နန္းေတာ္ထဲကို ခ်က္ခ်င္းေခၚေဆာင္လာေတာ့သည္။

မိမ္ိလာမည္ကို သိလို႕ ကေ၀ႀကီး ႀကိဳတင္မွာႀကားထားတာျဖစ္မည္ကို ေတြးမိေသာ္ ေႏြဦး စိတ္ထဲ ေက်နပ္သြားေတာ့သည္။ မိမိအတြက္ ႀကိဳတင္စီစဥ္ေပးထားသည္ကို ေက်နပ္ရင္း ဘာေႀကာင့္ မိမိကို သူကိုယ္တိုင္ လာမေခၚရသည္ကို တိတ္တိတ္ေလး ေတြးရင္း သက္ျပင္းခ်မိသည္။ သူ အရမ္း အလုပ္မ်ားေနတာ ျဖစ္ပါလိမ့္မည္ဟု ကိုယ့္ဖာသာ ေျဖေတြးျပီး နန္းေတာ္အတြင္းပိုင္းကို အကဲခတ္ရင္း ေနာက္မွ အသာတႀကည္လိုက္လာခဲ့သည္။

မႀကာခင္ သီးသန္႕နန္းေဆာင္တစ္ခုကို ေရာက္လာေတာ့သည္။ နန္းေဆာင္တစ္ခုလံုး လွပသည့္ အေျခြရံမိန္းမပ်ိဳေလးမ်ားနွင့္ ျပည့္ေနေသာေႀကာင့္ ဒီနန္းေဆာင္က ပင္လယ္သခင္မ နန္းေဆာင္မ်ား ျဖစ္ေနမလားဟု ေႏြဦး  ေတြးေနမိစဥ္ ကေ၀ႀကီးနွင့္ လွပသည့္ မိန္းမပ်ိဳတစ္ဦးကို ဥယ်ာဥ္ထဲက နားေနေဆာင္တြင္ အတူ ေခါင္းခ်င္းဆိုင္တြတ္ထုိးေနသည္ကို ရုတ္တရက္ေတြ႕လိုက္ရေသာေႀကာင့္ ေႏြဥိီးရင္ထဲ မုန္တိုင္းနွင့္ ေလေျပ တစ္ခါတည္း ေရာက္လာသလုိ ခံစားလိုက္ရျပီး ရင္ထဲ ေအာင့္သြားသည္။

သူ႕ကိုေတြ႕လို႕ ၀မ္းသာသြားသည့္စိတ္နွင့္ အျခားမိန္းမပ်ိဳတစ္ဦးနွင့္ အရမ္းနီးကပ္ေနသည့္ သူ႕ကို ေတြ႕လို႕ ၀မ္းနည္းသြားျခင္းတုိ႕ လြန္ဆြဲေနရင္း ေနာက္ဆံုး ေႏြဦး သူ႕ကို လွမ္းေခၚလိုက္ေတာ့သည္။ မိမ္ိအသံကို ႀကားလိုက္သည္နွင့္ ကေ၀ႀကီးက ခ်က္ခ်င္းလွည့္ႀကည့္လာျပီး  ျပံုးရႊင္စြာနွင့္ မိမ္ိထံကို အေျပးတပိုင္းလာသည္ကို ေတြ႕ေသာ္ ေႏြဦးရင္ထဲက မေက်နပ္စိတ္တို႕ ခ်က္ခ်င္း လြင့္ျပယ္သြားေတာ့သည္။ မိိမိခ်စ္သူက မိမိကို အခ်စ္ဆံုးဆိုသည့္ အခ်က္က ေႏြဦး၏ စိတ္ကို လံုျခံဳသြားေစေတာ့သည္။

"ေႏြဦး... ေႏြဦး... မင္း ဒီကို ဘယ္လို ေရာက္လာတာလဲ..."

"ကေ၀ႀကီး...ခင္ဗ်ားကို မဟာျမိဳင္က ၀ို္င္းတိုက္ခုိက္ႀကေတာ့မယ္ ႀကားရလို႕ ကြ်န္ေတာ္ လာခဲ့တာ... ခင္ဗ်ား ဘယ္ေနရာေရာက္ေန ေရာက္ေန ကြ်န္ေတာ္ ခင္ဗ်ား ရွိတဲ့ေနရာကို အေရာက္လာမွာ..."

ေႏြဦးသည္ မိမိခ်စ္သူ၏ လက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ကာ ေျပာလိုက္သည္။ သူ႕မ်က္နွာကိုေတြ႕လိုက္သည္နွင့္ မိမိ ႀကိဳးစားသမွ် မမွားဘူးဆိုတာ ေႏြဦးယံုႀကည္သြားသည္။ ကေ၀ႀကီး... မိမိ၏ တစ္ဦးတည္းေသာ ခ်စ္သူ.... မိမိကို ခ်စ္တတ္လာေအာင္ ညွိဳ႕ငင္နို္င္ေသာ တစ္ဦးတည္းေသာ ေမွာ္ဆရာႀကီး။

"ေႏြဦးေလး... ကိုယ္ မင္းကို စိုးရိမ္ေနတာ... မင္း ဒီကို ဘယ္လို လိုက္လာတာလဲ... မင္းကို ဘယ္သူ လိုက္ပို႕ေပးတာလဲ..."

မင္းသတိုးက ေႏြဥိီးကို ၀မ္းသာစြာေထြးေပြ႕ထားျပီး ေမးလိုက္သည္။ ေႏြဦးေနာက္မွ ဘယ္သူမ်ား ပါလာေသးသလဲဆိုတာ အကဲခတ္လိုက္သည္။ ေမာင္ရွင္ တစ္ေယာက္ပဲ ေတြ႕သျဖင့္ ဖြင့္ေမးလိုက္သည္။ မိမ္ိ၏ အစြမ္းထက္သည့္ အကာရံ အတားဆီးကို ေက်ာ္လႊားနုိ္င္သည့္ အစြမ္း ေႏြဦးထံတြင္ မရွိတာ ေသခ်ာသည္။ ဒါဆို မိမိထက္ အင္အားႀကီးသည့္ တစ္စံုတစ္ေယာက္က ေႏြဦးကို ဒီကိုလိုက္ ပို႕တာျဖစ္နုိင္သည္။

"အကို သူရကို အကူညီေတာင္းျပီး လာခဲ့တာပါ။ ခင္ဗ်ား ဘာေႀကာင့္ ကြ်န္ေတာ့္ကို လာမေတြ႕တာလဲ... ဘာေႀကာင့္ သူစိမ္းေတြ အလည္မွာ ကြ်န္ေတာ့္ကို ထားခဲ့ရတာလဲ.... "

ေႏြဦးသည္ ကေ၀ႀကီး၏ ရင္ခြင္ထဲ တိုး၀င္ေနသျဖင့္ သူ႕မ်က္နွာ အေျပာင္းလဲကို သတိမထားလိုက္မိေပ။ ဒါေႀကာင့္ သူ႕ကို ရင္ထဲ သိမ္းဆည္းထားသည့္ အခ်က္ကို ဖြင့္ေမးလိုက္သည္။

"ေႏြဦးေလး.... မင္း အဲ့ဒီမွာ ေဘးကင္းတယ္ဆိုတာ ကို္္ယ္သိလုိ႕... မင္းကို ေစာင့္ေရွာက္ေနတဲ့သူလည္းရွိလို႕ ကိုယ္ လုပ္စရာရွိတာကို ဆက္လုပ္ေနတာပါ..."

"ခင္ဗ်ား.... ဘာေႀကာင့္ ဒီလုိ ေျပာရတာလဲ.... ဘယ္သူရွိရွိ ခင္ဗ်ားရွိတာနဲ႕ တူနုိင္ပါ့မလား...ကြ်န္ေတာ့္ကို အရင္လို အေလးမထားေတာ့ဘူးလား.... ခင္ဗ်ား အသစ္ေတြ႕ေနလို႕လားဟင္.."

မင္းသတုိးသည္ ေႏြဦးေလး ဘာမွ မသိသျဖင့္ ဒီလိုေျပာသည္ကို နားလည္ေသာေႀကာင့္ စိတ္ကိုေလွ်ာ့ကာ သူ႕ေက်ာျပင္ေလးကို အသာယာပုတ္ကာ ေျပာလိုက္သည္။
ေႏြဦးက မင္းသတိုးေျပာလိုက္သည့္ စကားေႀကာင့္၀မ္းနည္းသြားျပီး သူ႕ကို ေမာ့ႀကည့္ကာ ေမးလိုက္သည္။ မိမိလာသည္ကို သူ မႀကိဳက္ေလေရာ့လားဟု ေတြးကာ ရင္ထဲ မေကာင္းျဖစ္သြားသည္။ ဒါမွမဟုတ္... မိမိထက္ ပို အေလးထားရသည့္ လူရွိေနေရာ့လားဆိုသည့္ အေတြးတစ္စက ရင္ကို ပူေလာင္လာေစသည္။

"မဟုတ္ဘူး ေႏြဦး။ မင္းကလြဲျပီး ကိုယ့္မွာ အေလးထားစရာ ဘယ္သူမွမရွိဘူး..."

"ဒါဆို ဘာေႀကာင့္ လာမေတြ႕တာလဲ..."

ေႏြဦးသည္ မင္းသတုိး၏ အေျဖေႀကာင့္ အနည္းငယ္ေက်နပ္သြားျပီး သူ႕ကို ဆက္ေမးလိုက္သည္။ တကယ္လည္း ဘာေႀကာင့္ မိမ္ိကို လာမေတြ႕သည္ကို ေနြဦး သိခ်င္ေနသည္။ သူ...ခါတိုင္းလို မဟုတ္ေတာ့ပါလား....။

"မင္း လာေတြ႕မယ္ဆိုတာ ကိုယ္သိေနလို႕..."

ကေ၀ႀကီးက ေႏြဦး၏ ပါးျပင္ေလးကို ညင္ညင္သာသာပြတ္သပ္ကာ တိီးတိုးေျပာလိုက္သည္။ ဒါေပမယ့္ ကေ၀ႀကီး ေျပာလိုက္သည့္ စကားနွင့္ ေလသံကို ေႏြဦး မႀကိဳက္ေပ။ သူ တစ္ခုခု အထင္လြဲေနပံုရသည္ဟု ထင္ကာ ေသခ်ာေအာင္ ေမးလိုက္သည္။

"ဘယ္လို... ဘာေႀကာင့္ ကြ်န္ေတာ္ လာေတြ႕မယ္လို႕ ခင္ဗ်ား ထင္ရတာလဲ..."

"မင္း ဒီကို လာေအာင္ သူရ လိုက္ပို႕တာ မဟုတ္လား။"

မင္းသတိုး၏ နူတ္မွ အကို႕စကားကို ႀကားလိုက္ရစဥ္ ေႏြဦး ထူပူသြားသည္။ သူ႕သံသယကို ေႏြဦးခ်က္ခ်င္း သိသြားျပီး စိတ္မေကာင္းျဖစ္သြားသည္။ ႀကာလွျပီျဖစ္ေသာ သံေယာဇဥ္ကို သူ ဘာေႀကာင့္ သံသယ၀င္တာပါလိမ့္။ မိမိကို သူ မယံုႀကည္လို႕ ဒီလိုေတြးတာလား ဆုိသည့္အေတြးက ေႏြဦး၏ ရင္ကို ခါးသက္သည့္ ခံစားခ်က္ျဖစ္ေပၚေစသည္။ ဒါေႀကာင့္သူ႕ကို ေလသံမာမာနွင့္ ေျပာလိုက္မိသည္။

"ဘယ္သူ လိုက္ပို႕ပို႕ ဘာထူးလို႕လဲ။ အဓိက ကြ်န္ေတာ္ ခင္ဗ်ားကို ေတြ႕နို္င္ဖို႕ပဲ လုိတာ မဟုတ္ဘူး"

မင္းသတိုးသည္ ေႏြဦး၏ စကားေႀကာင့္ ခ်ဳပ္တည္းထားတာေတြ လြတ္ထြက္သြားေတာ့သည္။ ေႏြဦးက ဘာေႀကာင့္ သူရ နာမည္ကို ထုတ္ေျပာလိုက္သည္ႏွင့္ အနာေပၚ ဒုတ္က်သလို ဆတ္ဆတ္ခါသြားရသလဲဆိုတာ မင္းသတိုး တကယ္သိခ်င္မိသည္။ ရိုးသားတယ္ဆိုလွ်င္ ဘာေႀကာင္ မိမိေမးသည္ကို ရိုးရိုးသားသား ျပန္မေျဖပဲ ပံုမွန္ထက္ အကဲဆတ္ရပါသလဲ။ ဒါက မရိုးသားျခင္းရဲ႕ ျပယုသ္ဆိုတာ ဆရာ၀န္ေလး မသိေလေရာ့သလား။

"ထူးတယ္... အျခားလူလိုက္ပို႕တာနဲ႕..သူရ လိုက္ပို႕တာရဲ႕ႀကားက ကြာျခားမႈကို မင္း မျမင္တာလား။ တမင္ မျမင္ခ်င္ေယာင္ေဆာင္ေနတာလား..."
"မျမင္ခ်င္ေယာင္ေဆာင္ေနတယ္ ဟုတ္လား... အကို သူရက ဘာျဖစ္ေနလို႕လဲ.... ခင္ဗ်ား ဘာလို႕ ဒီလိုေတြေျပာေနတာလဲ ကေ၀ႀကီး။ ခင္ဗ်ား ကြ်န္ေတာ့္ကို သံသယ၀င္တာလား..."

ကေ၀ႀကီး၏ စကားကိုႀကားေသာ္ ေႏြဦး ဘယ္လိုမွ သည္းမခံနုိ္င္ေတာ့ေပ။ အကိုသူရက မိမိကို အျဖဴစင္ဆံုး ကူညီေပးေနတာေတာင္...သူက မိမိတို႕ကို သံသယ၀င္ရက္သည္။ မဟာျမိဳင္က လံုျခံဳသည္ဆိုသည့္ အေႀကာင္းျပခ်က္ျဖင့္ သူ ထားရစ္ခဲ့သည္။ မဟာျမိဳင္မွာ မိမိအရွက္တကြဲနွင့္ အသတ္ခံရေတာ့မည္ကို သူ သိပါေလစ။ အဲ့အခ်ိန္ သူ ဘာလုပ္ေနသလဲ။ မိမိကို အကိုသူရ ကယ္တင္ထားလို႕သာ သူ မိမိကို အေကာင္းတုိင္း ေတြ႕ခြင့္ရသည္ကို ဘာမွ မသိပါပဲ... ေတြ႕ေတြ႕ျခင္း ေဆာက္နွင့္ထြင္းသလို ဆီးျပီး သမုတ္လိုက္သည္။ သူ႕စိတ္ေတြ ဘယ္ေလာက္ေတာင္ ရိုင္းစိုင္းႀကမ္းတမ္းေနျပီလဲ။

"မင္းကို သံသယ မ၀င္ပါဘူး။ ဒါေပမယ့္ ကိုယ့္ဆီကို လာဖို႕ ရည္းစားေဟာင္းကို အကူညီေတာင္းတာကို နားမလည္နုိ္င္လို႕ ေမးတာပါ..."
"ဒါေတြက ႀကာခဲ့ပါျပီ။ ဘာေႀကာင့္ သူ႕ကို သာမန္ မိတ္ေဆြတစ္ေယာက္လို သေဘာမထားနုိ္င္ရတာလဲ.... ခင္ဗ်ား ကြ်န္ေတာ့္ ကိုယ္က်င့္တရားကို ေစာ္ကားလိုက္တာပဲ ကေ၀ႀကီး။"

ေႏြဦး သူ႕စကားကို မခံနုိင္ေသာေႀကာင့္ ေအးစက္စက္ႀကည့္ကာ ေမးလိုက္သည္။ သူ တကယ္ ေျပာင္းလဲသြားေလျပီ။ သူက မိမိကို အရိပ္တႀကည့္ႀကည့္နွင့္ ခ်စ္ခဲ့သည့္ ကေ၀ႀကီး မင္းသတိုး မဟုတ္ေတာ့ေပ။ သူက မဟာျမိဳင္က ေမွာ္ဆရာေတြ ေျပာသလို ေမွာ္နက္စြမ္းအင္ ခ်ဳပ္ထိန္းခံလိုက္ရျပီလား။

"သူရက မင္းကို ဒီလို ေျပာဖို႕အျပင္ အျခား ဘာေတြသင္ေပးလိုက္ေသးလဲ... "

မင္းသတိုးသည္ မိမိေမးသည္ကို မေျဖပဲ ေကြ႕၀ိုက္ေျပာေနသည့္ ေႏြဦး၏ စကားကိုႀကားေသာ္ သူ႕ကို ေလသံ ခပ္ဆတ္ဆတ္ျဖင့္ ေမးလိုက္သည္။
မင္းသတိုး၏ စကားကိုႀကားေသာ္ ေႏြဦး၏ သည္းခံနိုင္စြမ္းတို႕ ကုန္ဆံုးသြားေလျပီ။ သူ႕ကို ေစ့ေစ့ႀကည့္ကာ ေျဗာင္ေမးလိုက္ေတာ့သည္။

"ခင္ဗ်ား.... ကြ်န္ေတာ္တို႕ နွစ္ေယာက္ကို သမုတ္တာလား။ အကိုသူရက ကြ်န္ေတာ္ ေတာင္းဆိုလို႕ မဟာျမိဳင္အႀကီးကဲေတြရဲ႕ အမိန္႕ကို ဆန္႕က်င္ျပီး လိုက္ပို႕ခဲ့တာ... ဘာေႀကာင့္ ကြ်န္ေတာ္ေရာက္လာတာကို ၀မ္းမသာပဲ လုိက္ပို႕တဲ့ လူကို ရမယ္ရွာျပီး ဒီလို ရန္လုပ္ရတာလဲ... ခင္ဗ်ား အရမ္းေျပာင္းလဲသြားတယ္ ကေ၀ႀကီး...ခင္ဗ်ား ကြ်န္ေတာ့္ကို မယံုဘူးဆိုရင္ ဒီမွာ ေနလည္း ဘာမွမထားဘူး။ ကြ်န္ေတာ္ ျပန္ေတာ့မယ္..."

"ေနဦး ေႏြဦး။ မင္းကို ျပန္မလႊတ္နုိင္ဘူး။ မင္း ျပန္သြားရင္ သူတို႕က မင္းကို တခုခုလုပ္လိ္မ့္မယ္။ အထူးသျဖင့္ သူရက မင္းကို အလြတ္ေပးမွာ မဟုတ္ဘူး"

မင္းသတိုးသည္ ေႏြဦး၏ ေဒါသတႀကီးစကားကို ႀကားေသာ္ ခ်က္ခ်င္း တားလိုက္သည္။ ေႏြဦးက ရိုးသားသည္။ သူ႕ ေဆးကုသည့္ အလုပ္လိုပဲ ျဖဴစင္လြန္းသည္။ သူက သူတပါးကို အေကာက္မႀကံဖူးသလို သူ႕ကို သူမ်ားလည္း အေကာက္မႀကံဘူးဟု ယံုႀကည္ထားသူျဖစ္သည္။ အခု သူ ေလးစားရေသာ သူရဆိုသည့္ လူက သူ႕ကို လွည့္စားခ်င္တုိင္းလွည့္စားေနသည္ကို မိမိ ဘယ္လိုနည္းနွုင့္မွ ႀကည့္မေနနုိင္ပါ။

"ကေ၀ႀကီး...ခင္ဗ်ား ေစာ္ကားလြန္းေနျပီေနာ္.... အကိုသူရက ကြ်န္ေတာ့္အေပၚ အဲ့ဒီလို မရိုးသားတဲ့ စိတ္မရွိဘူး..."

"ဒါဆိုရင္ မင္းကိုယ္ထဲမွာ ဘာေႀကာင့္ သူ႕စြမ္းအင္ကို အာရံုခံမိေနတာလဲ။ မင္းကိုယ္ထဲ သူ႕စြမ္းအင္ေရာက္ဖို႕ တနည္းပဲရွိတယ္။ အဲ့ဒါ လိင္ဆက္ဆံတာပဲ... မင္း သူနဲ႕ ေဖာက္ျပန္ေနတာလား။ က်ဳပ္မရွိတာနဲ႕ သူ႕ကို လက္ခံလိုက္တာလား..."

မိမိ၏ ေစတနာကို မျမင္ပဲ ေလသံနွင့္ အ သံုးနႈန္းႀကမ္းတမ္းလာေသာ ေႏြဦးေႀကာင့္ မငး္သတုိး သူ႕ကို ေစ့ေစ့ႀကည့္ကာ ေမးလိုက္ေတာ့သည္။ သူ႕ကိုယ္ထဲ ေရာက္ေနသည့္ လစြမ္းအင္ကို သူရ ဘယ္လိုနည္းနွင့္ ကူးေျပာင္းေပးသည္ကို မင္းသတိုး တကယ္ပဲ သိခ်င္မိသည္။ ေသခ်ာတာကေတာ့ သူရ အသားယူလို္က္မွာပင္။ ဒါဆိုေတာင္ မသိ မျမင္ရေလေအာင္ ေႏြဦး သူရအေပၚ ယံုႀကည္ခ်က္ လြန္ကဲေနသည္လား။

"ခင္ဗ်ား... ခင္ဗ်ား... ဘာေႀကာင့္ ဒီေလာက္ မုိက္ရိုင္းတဲ့ အေတြးေတြ၀င္ေနရတာလဲ... ကြ်န္ေတာ္က ခင္ဗ်ား ေရွ႕မွာေရာ ကြယ္ရာမွာေရာ ဘယ္သူနဲ႕မွ မေဖာက္ျပန္ဖူးဘူး။ ကိုယ္နဲ႕မေျပာနဲ႕ စိတ္နဲ႕ေတာင္ တဖက္သားကို မျပစ္မွားဖူးဘူး။ "

"မင္းက မေဖာက္ျပန္ဘူးဆိုရင္ေတာင္ သူရက မင္းအေပၚ ေဖာက္ျပန္ေနတယ္ဆုိတာ မင္းသိတယ္ မဟုတ္လား."

မင္းသတိုးသည္ ေႏြဦးစိတ္ကို ဆြသည့္အေနျဖင့္ တမင္ေျပာလိုက္သည္။ ေႏြဦးကို ရိုးရိုးသားသားေမးလွ်င္ သူ ေျဖမည္မဟုတ္လို႕ မခံခ်င္ေအာင္ တမင္ေမးလိုက္ျခင္းျဖစ္သည္။ ဒီလိုေမးလိုက္ျခင္းက ေႏြဦး၏ရင္ကို ဆားပက္သလိုျဖစ္သြားသည္ကိုေတာ့ မင္းသတိုး မသိလိုက္ပါ။

"သူ အဲ့လို မဟုတ္ဘူး။ ခင္ဗ်ား မစြပ္စြဲနဲ႕..."

ေႏြဦး တုန္တုန္ယင္ယင္နွင့္ ေျပာလိုက္သည္။ မိမ္ိခ်စ္ေသာ ကေ၀ႀကီးကို ေ၀၀ါးစြာႀကည့္ကာ ေျပာလိုက္သည္။

"ဘာလဲ ကိုယ္ေျပာတာ မွားသြားလို႕လား...."

"သူ႕ဖာသာ ဘာျဖစ္ျဖစ္ ကြ်န္ေတာ္ ခင္ဗ်ား တစ္ေယာက္တည္းကိုပဲ ခ်စ္တယ္။ သူ႕ကို ဘာေႀကာင့္ အကူညီေတာင္းတယ္ဆုိတာ ခင္ဗ်ားသိသိႀကီးနဲ႕ ဘာေႀကာင့္ ကြ်န္ေတာ့္ကို အျပစ္တင္ေနရတာလဲ...ဘာလဲ။ ခင္ဗ်ားက အသစ္ေတြ႕ျပီး ကြ်န္ေတာ့္ကို စြန္႕ျပစ္ခ်င္ေနတာလား"

ေႏြဦး ဆက္လက္သည္းမခံနို္င္ေတာ့ပါ။ သူနွင့္ ေ၀းေ၀းခြာျပီး နာက်င္စြာေမးလိုက္သည္။ သူ တကယ္ပဲ အျခားမိန္းမကို ေတြ႕လို႕ မိမိကို စြန္႕ပစ္ခ်င္လို႕ အျပစ္ရွာေနသလားဆိုသည့္ အေတြးက ေႏြဦး၏ ရူးမလိုျဖစ္လာေစသည္။

"မင္း ဘာေႀကာင့္ ဒီလိုေတြေတြးေနတာလဲ။ ကိုယ္က အေပ်ာ္ခရီးထြက္လာတာ မဟုတ္ဘူး။ ဘယ္မိန္းမနဲ႕မွ ေပ်ာ္ပါးစရာလည္း မရွိဘူး"

"ကြ်န္ေတာ့္ မ်က္စိနဲ႕တပ္အပ္ေတြ႕ေတာေတာင္ ခင္ဗ်ားက ျငင္းခ်င္ေနေသးတယ္။ ခင္ဗ်ားနဲ႕ ပင္လယ္သခင္မတို႕ ဘယ္လို ပတ္သတ္တယ္ဆိုတာ ကြ်န္ေတာ္ ျမင္ျပီးျပီ"

ေႏြဦးသည္ မင္းသတိုးကို နာက်င္စြာစိုက္ႀကည့္ျပီး တည္ျငိမ္စြာေျပာလိုက္သည္။ ခုနက ျမင္ကြင္းက မိမိမ်က္၀န္းထဲ ကြငး္ကြင္းကြက္ကြက္ေပၚလာေစျပီး ေဒါသတို႕ အလွိမ့္လိုက္ထြက္လာေစသည္။

"မင္းျမင္သလိုမဟုတ္ဘူး။ ျပီးေတာ့ မင္း ဘာေႀကာင့္ ကိုယ့္အခ်စ္ကို လြယ္လြယ္နဲ႕ ဒီလုိ ထင္ရတာလဲ။ မင္းကို အသက္နဲ႕လဲျပီး ခ်စ္တယ္ဆိုတာ သက္ေသျပျပီးသား မဟုတ္လား"

"ဟင့္အင္း... လူဆိုတာ အခ်ိန္နဲ႕အမွ်ေျပာင္းလဲတတ္တယ္။ ခင္ဗ်ားလည္း ေျပာင္းလဲေနျပီ၊ ခင္ဗ်ား ကြ်န္ေတာ့္ကို အရင္လို မခ်စ္ေတာ့ဘူး။ ကြ်န္ေတာ့္ကို အႀကာႀကီးျပစ္ထားတယ္။ မဆက္သြယ္ဘူး။ အရင္တုန္းကဆိုရင္ ခင္ဗ်ားကြ်န္ေတာ့္ကို တစ္ေန႕မေတြ႕ရရင္ေတာင္ ေသမလို ျဖစ္ေနတာ။ အခု အရမ္းေသြးေအးသြားျပီ။"

မိမိကို မဟာျမိဳင္တြင္ ပစ္ထားသည့္ အျဖစ္မ်ား၊ ေစာ္ကားခံရလုဆဲဆဲျဖစ္သြားသည့္ ျဖစ္ရပ္မ်ား၊ အထင္ျမင္ေသးသည့္ အႀကည့္မ်ားကို ျပန္ျမင္ေယာင္လာျပီး ေႏြဦး သူ႕ကို ေအးစက္စက္ ေျပာလိုက္သည္။

"ကေလး...ေႏြဦး... ကိုယ္အခု ၀ရမ္းေျပးျဖစ္ေနတယ္ေလ။ ကိုယ္ ေမွာ္နက္အစြမ္းနွိပ္စက္လို႕ အသိစိတ္လြတ္တခ်က္၊ ျပန္ရတစ္ခ်က္ျဖစ္ေနတယ္ေလ... ဘယ္လိုလုပ္ မင္းဆီကို အရင္လို လာလို႕ရမွာတဲ့လဲ။ ပုလဲေဒ၀ီက ကိုယ့္ကို ကူညီေပးေနတာပါ။ မင္း သူ႕ကို အထင္မလြဲပါနဲ႕"

မင္းသတိုးသည္ ေႏြဦး၏ နာက်င္လြန္းသည့္ အႀကည့္ကို သတိထားမိကာ ေလသံကိုေလွ်ာ့ျပီ းေတာင္းပန္လိုက္သည္။

"ဟက္.... ကူညီတာက ခင္ဗ်ား ရင္ခြင္ထဲ ၀င္ျပီး ကလူက်ီစယ္တာမ်ိဳးကို ေျပာတာလား.... ကြ်န္ေတာ္ အကန္းမဟုတ္ဘူး။ အအ မဟုတ္ဘူး။ ခင္ဗ်ားတုိ႕ကို တခ်က္ႀကည့္တာနဲ႕ ဘာဆုိတာ သိတယ္..."

"မဟုတ္ဘူး... မင္းထင္သလို မဟုတ္ဘူး။ ကိုယ္နဲ႕ ပုလဲက မင္းနဲ႕ သူရေလာက္ေတာင္ ပတ္သတ္မႈမရွိဘူး။ သူက ကိုယ့္ ေနာက္လိုက္သတ္သတ္ပဲ။ ဒါေပမယ့္ ကိုယ့္ေနာက္လိုက္ တစ္ခုခု အခက္ခဲႀကံဳေနခ်ိန္၊ ၀မ္းနည္းေနခ်ိန္ဆိုရင္ ကိုယ္ နွစ္သိမ့္ေပးရတာ သဘာ၀ပဲ။ ကိုယ္တုိ႕က ေမာင္နွမလို ျဖဴစင္တဲ့ သံေယာဇဥ္ပဲ ရွိတာပါ.."
မင္းသတိုးသည္ ေႏြဦး အထင္လြဲေနသည္ကို နားလည္ကာ ေသခ်ာရွင္းျပလိုက္သည္။ ေမွာ္နက္အစြမ္းကို နွိမ္နွင္းဖုိ႕ ဘယ္ေလာက္ခက္သည္။ ဘယ္ေလာက္နာက်င္ရသည္ကို ေႏြဦးသိေအာင္ ျပန္မေျပာျပခ်င္ ေသာေႀကာင့္ ကူညီေပးသည္ဟုသာ ေျပာလိုက္သည္။ ဒီလိုအေျပာက ေပါ့တန္ကာ အေႀကာင္းျပခ် က္ ေပးသည္ဟု ေႏြဦးပိုျပီး အထင္လြဲသြားေလသည္။

"ဟုတ္ပါျပီ။ ခင္ဗ်ား အလွည့္က် ျဖဴစင္တဲ့ သံေယာဇဥ္၊ ကြ်န္ေတာ္နဲ႕ အကိုသူရကိုေတာ့ ခင္ဗ်ားက သမုတ္တယ္။ ကြ်န္ေတာ္ ခင္ဗ်ာ းတစ္ေယာက္တည္းကိုပဲ ခ်စ္ပါတယ္လို႕ ေျပာေနတာေတာင္မွ.... ခင္ဗ်ား......"

ေႏြဦး စကားကို ဘယ္လိုမွ ေရွ႕မဆက္နုိင္ေတာ့ပဲ မ်က္ရည္စီးက်လာေတာ့သည္။ ဒါေပမယ့္ ေႏြဦး ဒီမ်က္ရည္ကို ခပ္ႀကမ္းႀကမ္းသုတ္ပစ္ကာ ငိုခ်င္စိတ္ကို အတင္းေအာင့္ထားေတာ့သည္။

"ေႏြဦးေလး.... မငိုပါနဲ႕ကြာ။ ကိုယ္ေတာင္းပန္ပန္တယ္။ အခ်ိန္ခဏေလး ေစာင့္ေပးပါ။ ကိုယ္ အားလံုးရွင္းသြားျပီးရင္ ကေလးကို ရွင္းျပပါ့မယ္..."

"ခင္ဗ်ား အခုရွင္းရင္ရွင္း၊ မရွင္းရင္ ေနာက္ထပ္ ရွင္းဖို႕ မလိုေတာ့ဘူး။ "

ေႏြဦးသည္ အခုထိ အမွန္မေျပာေသးပဲ လွည့္ပတ္ေျပာေနေသာ သူ႕ကိုႀကည့္ကာ စိတ္ပိုင္းျဖတ္ဟန္ျဖင့္ ေျပာလိုက္သည္။

"ေႏြဦးေလး...အခုေတာ့ ကိုယ္ ဘယ္လိုမွ ရွင္းျပလို႕မျဖစ္ေသးဘူး။ ကိုယ့္ကို နားလည္ေပးပါ... "

"ေကာင္းတယ္...ေကာင္းတယ္... မထင္ထားမိဘူး။ ခင္ဗ်ားက ကြ်န္ေတာ္ထက္ အျခားလူကို ေရြးလိုက္မယ္လို႕ ကြ်န္ေတာ္ ဘယ္တုနး္ကမွ ထင္မထားဘူး။ ဒါကြ်န္ေတာ့္ ကံလို႕ပဲ မွတ္ယူလိုက္ပါ့မယ္"

ေႏြဦး ခပ္အက္အက္ရယ္ေမာကာ သူ႕ကို ေျပာလိုက္သည္။ ခုိ္င္ျမဲမည္ဟု ထင္ထားသည့္ သံေယာဇဥ္ႀကိဳးက ေနာက္ဆံုး ပ်က္ျပယ္သြားေလျပီ။ ဒါေႀကာင့္ မိမိကို မခ်စ္ေတာ့သည့္ ကေ၀ႀကီးကို ဆက္လက္ဖက္တြယ္ထားဖို႕ ေႏြဦး မစဥ္းစားေတာ့ပါ။

မင္းသတိုးသည္ ေႏြဦး အထင္လြဲသြားသည္ကို သိသျဖင့္ သူ႕လက္ကို ဆြဲကိုင္ကာ ေတာင္းပန္္လိုက္သည္။

"ေႏြဦး... မင္း ကိုယ့္နားမွာပဲေနပါ။ ကိုယ္ေတာင္းပန္ပါတယ္"

"ဟင့္အင္း...မျဖစ္နုိင္ဘူး။ ခင္ဗ်ားနားမွာ ကြ်န္ေတာ္ ဘယ္လိုမွ ဆက္မေနနိုင္ဘူး...ကြ်န္ေတာ္ ျပန္ေတာ့မယ္..."
ေႏြဦး သူ႕လက္ကို တင္းမာစြာ ပုတ္ထုတ္ကာ ခပ္တင္းတင္းေျပာလိုက္သည္။ နာက်င္လြန္းသည့္ နွလံုးသားက ကြဲေႀကလုေနျပီ။ နွလံုးသားထဲ ေသြးစိမ္းရွင္ရွင္ထြက္သည္ ဆိုသည့္ စကားကို ေနြဦး အခု နားလည္သြားေလျပီ။ သူ႕ေရွ႕မွာ ေနြဦး တစ္မိနစ္မွ ဆက္မေနခ်င္ေတာ့ပါ.

"မျပန္ရဘူး...ေႏြဦး... မင္း ကိုယ့္ေဘးကေန ဘယ္မွ မသြားရဘူး..."

မင္းသတိုးသည္ မီးစြမ္းအင္ကို ထုတ္ကာ ေႏြဦးကုို တုတ္ေနွာင္လိုက္စဥ္ ေႏြဦးကိုယ္ထဲက အျဖဴေရာင္ အလင္းမ်ား ထြက္လာျပီး မီးစြမ္းအင္ကို ျဖတ္ေတာက္ျပစ္လိုက္ျပီး ထိုအလင္းက ခ်က္ခ်င္း သူရ၏ ပံုျဖစ္သြားေတာ့သည္။ ေႏြဦးက ရုတ္တရက္ ဘာျဖစ္သြားသည္ကို မသိလုိက္ပဲ မိမိေရွ႕ အကိုသူရေရာက္လာျပီး ကေ၀ႀကီး၏ မီးေက်ာ့ကြင္းကို ျဖတ္လိုက္သည္ကိုသာ ျမင္လိုက္ရသည္။

"၀ုန္း.... "

"သူ မေနခ်င္ဘူးဆိုရင္ ခင္ဗ်ား အတင္းအႀကပ္လုပ္စရာ မလိုဘူး မင္းသတိုး။ ေႏြဦးေလး...လာ...ကိုယ္ မင္းကို ျပန္လာေခၚတာ..."
သူရက ေႏြဦးကို မိမ္ိဘက္ကို ဆြဲေခၚကာ မင္းသတိုးကို သတိေပးဟန္ျဖင့္ ေျပာလိုက္သည္။

"အကို....ကြ်န္ေတာ့္ကို ဒီေနရာကေန ေခၚထုတ္သြားေပးပါ..."

"ေကာင္းျပီ... ေႏြဦး သြားခ်င္တဲ့ေနရာ အကို လိုက္ပို႕ေပးမယ္"

ေႏြဦးသည္ ကေ၀ႀကီး မိမ္ိအေပၚ ေမွာ္စြမ္းအင္ သံုးလိုက္သည္ကို ေတြ႕ေသာ္ ရင္ထဲ မခံနုိင္ ေအာင္နာ က်င္လာျပန္သည္။ ဒါေႀကာင့္ အကိုသူရကို သူနွင့္ေ၀းရာကို ေခၚသြားေပးရန္ ေတာင္းဆိုိလိုက္သည္။

မင္းသတိုးသည္ လွည့္စားခံေနရသည့္ ခ်စ္သူေလးကို အျပစ္မတင္ရက္ပဲ သူရကိုသာ စိုက္ႀကည့္ကာ ေျပာလိုက္သည္။ အခုခ်က္ခ်င္း သူရကို ဖမ္းကာ သတ္ျပစ္ခ်င္သည္အထိ မုန္းတီးစိတ္တို႕ ၀င္လာသည္။ သူရဆိုသည့္ ေႀကာင္သူေတာ္ ႀကြက္သူခိုးေကာင္ကို ေနြဦးက သူေတာ္ေကာင္းထင္ေနတာ ဘယ္ေလာက္ ခံျပင္းစရာေကာင္းလိုက္သလဲ။

"သူရ... မင္း ငါ့ ခ်စ္သူနဲ႕ ေ၀းေ၀းေနစမ္း.... မင္းလို အေရျခံဳေကာင္ရဲ႕ ဇစ္ျမစ္ကို ေႏြဦး မသိလို႕ မင္းကို ယံုႀကည္ေနတာ။ "

"ဟား...ဟား...ဟား... ခင္ဗ်ားက ေျပာင္းျပန္ေျပာရေသးတယ္ မင္းသတိုးရာ.... မင္းသာ ေႏြဦးကို စိတ္ဆင္းရဲေအာင္လုပ္လို႕ ေႏြဦးက ခင္ဗ်ားအနားကေန ထြက္သြားခ်င္တာ...က်ဳပ္နဲ႕ ဘာမွ မဆုိင္ဘူး။ ေအး...က်ဳပ္ကို ႀကိဳက္သလို စြပ္စြဲရတယ္။ က်ဳပ္က ေႏြဥိီး စိတ္ခ်မ္းသာမႈတစ္ခုကိုပဲ ႀကည့္တယ္။ လာ..ေႏြဦးေလး...သြားႀကစို႕..."
သူရက အနုိင္ရလိုက္သည္ကို သိသျဖင့္ ေက်နပ္စြာရယ္ေမာကာ ေႏြဦးကို ေခၚျပီး ထြက္ခြာရန္လုပ္လိုက္သည္။

"ဒီလိုလြယ္လြယ္နဲ႕သြားလို႕ရမလား....ေတာက္ေလာင္စမ္း..."
"ဒီေလာက္ ပညာနဲ႕ က်ဳပ္ကို တားဖို႕ ခင္ဗ်ား မစဥ္းစားနဲ႕..."

မင္းသတိုးက မီးဌက္ကို ဆင့္ေခၚကာ သူရကို မီးနွင့္မႈတ္ေစေသာ္လည္း ေငြေရာင္ အလြာပါးတစ္ခုက ေတာက္ပစြာေပၚလာျပီး မီးလွ်ံႀကားက အလြယ္တကူ ေဖာက္ထြက္သြားေတာ့သည္။


"ေႏြဦး...ျပန္လာပါ...ေႏြဦး..."

မင္းသတိုးသည္ သူရ၏ ရင္ခြင္ထဲ ပါသြားသည့္ ေႏြဦးကို စိုက္ႀကည့္ကာ ရင္ကြဲမတတ္ ေအာ္ေခၚလိုက္ေတာ့သည္။ ေႏြဦးက ေ၀းကြာသြားသည့္ ကေ၀ႀကီးကို ႀကည့္ကာ တီးတိုး နူတ္ဆက္လိုက္သည္။

"နူတ္ဆက္လိုက္ပါတယ္ ကေ၀ႀကီး..."
======================
Unicode

သန်းခေါင်ယံချစ်သူ
Season _ 2, အပိုင်း (37)

နွေဦးသည် အကိုသူရထံမှ စွမ်းအင်လွှဲပြောင်းယူပြီးနောက် တကိုယ်လုံးပေါ့ပါးကာ လေပေါ်ပျံဝဲမတတ် ခံစား လိုက်ရသည်။ ဒါကြောင့် မှော်ပညာကို လူတိုင်း အရူးမူးတတ်ချင်ပါလားဆိုတာကို နွေဦး လက်တွေ့သိရှိသွားသည်။ မိမိသာ မှော်ပညာတတ်လျှင် ကဝေကြီးကို ကူညီပေးနိုင်မည်ကို တွေးမိတော့ နွေဦး ဒီမှော်ပညာကို တတ်ချင်သည့် စိတ်လေးပေါ်လာတော့သည်။ ဒါပေမယ့် ဒီအကြောင်းကို အကိုသူရသိအောင် တစွန်းတစမျှ ထုတ်မပြဝံ့ပါ။ ဘာကြောင့်လဲဆိုတော့ မိမိသာ ပြောလိုက်မည်ဆိုလျှင် အကိုသူရ ချက်ချင်းလုပ်ပေးမှာကို သိနေသောကြောင့်ဖြစ်သည်။

အကိုသူရလုပ်ပေးတာကို မလိုချင်ပါ။ နွေဦး လိုချင်တာက ကဝေကြီး မိမိ ချစ်သူကိုယ်တိုင် သင်ကြားပေးတာကိုပဲ  ခံယူချင်မိသည်။ မိမိနှင့် အကိုသူရက ဘာမှ မသတ်ဆိုင်တော့သည့် သူစိမ်းတွေဖြစ်လို့ အခုလို ကဝေကြီးကို ကယ်တင်ဖို့ အကူညီတောင်းရတာတောင် နွေဦး မျက်နှာပူလှပြီ။ ဒါကို ဘယ်လို မျက်နှာဖြင့် အကိုသူရကို မှော်ပညာသင်ချင်ကြောင်းပြောဝံ့ပါ့မလဲ။

လူဆိုတာ တဖက်က ပေးချင်တာကို သိပေမယ့် အကူညီကို လက်တစ်ဆုံး မယူသင့်ဟု ဖေဖေဆုံးမထားကို နှလုံးသားထဲထိ မှတ်မိနေသော နွေဦးအတွက် ဒီလို အကူညီကို ဘယ်တော့မှ တောင်းဖြစ်မည် မဟုတ်ပေ။ ပြီးတော့ လောကမှာ အလကားရသည့် အကူညီရယ်လို့ ဘာမှမရှိပေ။ တစ်ခုလိုချင်လျှင် တစ်ခုပြန်ပေးဆပ်ရသည်။ နွေဦးမှာ မိမိချစ်သူကလွဲရင် ဘယ်သူ့ကိုမှ ပေးစရာ မရှိပါ။ စိတ်နှင့် ကိုယ်ကို ကဝေကြီးကို အပိုင်ပေးထားပြီးနောက် ကဝေကြီးကလွဲပြီး ဘယ်သူ့ကိုမှ ဘာမှ ထပ်မပေးနိုင်တော့ပါ။
ဒီလိုစိတ်ပိုင်းဖြတ်တာက မိမိအတွက်တင်မက တဖက်လူအတွက်လည်း စဉ်းစားပေးရာကျသည်။ တကယ်လို့ မိမိသာ အကိုသူရကို ထပ်မံတွယ်ကပ်ပြီး အကူညီတောင်းလိုက်မည်ဆိုလျှင် အကိုသူရ၏ မျှော်လင့်ချက်ကို ဆီလောင်းလိုက်သလိုဖြစ်ပြီး ပြတ်တောက်သွားသည့် သံယောဇဉ်ကို မိမိက ထပ်ဆက်ချင်သည်ဟု သူထင်သွားလျှင် မခက်ပါလား။ မချစ်နိုင်သောသူကို အကျိုးအမြတ်တစ်စုံတစ်ရာကြောင့် နွေဦး အသုံးမချချင်ပါ။ ဒါက နွေဦး၏ ရိုးသားမှုပင်ဖြစ်သည်။

နွေဦးသည် အကိုသူရနှင့်အတူ တောင်ပိုင်းပင်လယ်ကို ရုပ်ရွှေ့ပြောင်းရောက်ရှိခဲ့သည်။ နွေဦး၏ မျက်ဝန်းထဲ အစိမ်းရောင်နန်းတော်တစ်ခု၏ မုခ်ပေါက်ဝကို လှမ်းမြင်လိုက်ရသောအခါ တောင်ပိုင်းပင်လယ်သခင်မ၏ နန်းတော်ဆိုတာ သိလိုက်ရလို့ ရင်ခုန်သွားသည်။ ကဝေကြီးနှင့် တွေ့ရတော့မည်။ အကိုသူရက နွေဦးကို အခွင့်ရေးမရလျှင်နောက်ပြန်ဆုတ်ဖို့ အထပ်ထပ် သတိပေးကာ အနီးနားမှာ စောင့်နေမည်ဟု ပြောပြီး ပျောက်ကွယ်သွားတော့သည်။

နွေဦးတစ်ယောက်တည်း ရေညှိစိမ်းရောင် နန်းတော်မုခ်ဝကို လျှောက်လာစဉ် ပင်လည်စစ်သည်တော်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ပင်လယ်စစ်သည်တော်များက နွေဦးကို မြင်သည်နှင့် လူစိမ်းမှန်းသိလိုက်ပြီး လက်နက်ဖြင့် ချိန်ရွယ်ကာ ဖမ်းဆီးရန်ပြင်စဉ် ခန့်ညားသည့် လူရွယ်တစ်ဦး မုခ်ဝမှ ဖြတ်သန်းလာသည်နှင့် ကြုံသောကြောင့် အစောင့်များကို တားဆီးကာ နွေဦး ဒီနန်းတော်ပတ်လည် တမိုင်အကွာက ချထားသည့် အကာရံကို ဘယ်လိုဖောက်ထွင်းလာသည်ကို ချေချေငံငံမေးလိုက်သည်။

နွေဦးသည် ကဝေကြီးနှင့် တွေ့ဆုံရန်စိတ်လောနေသဖြင့် ထိုလူရွယ်ကို မိမိအမည်ကိုပြောလိုက်ပြီး ကဝေကြီးနှင့် တွေ့ချင်ကြောင်းပြောလိုက်သည်နှင့် ပင်လယ်စစ်သည်များနှင့် လူရွယ်က ချက်ချင်း မျက်နှာ အမူယာပြောင်းကာ နွေဦးကို အရိုသေပေးပြီး နန်းတော်ထဲကို ချက်ချင်းခေါ်ဆောင်လာတော့သည်။

မိမိလာမည်ကို သိလို့ ကဝေကြီး ကြိုတင်မှာကြားထားတာဖြစ်မည်ကို တွေးမိသော် နွေဦး စိတ်ထဲ ကျေနပ်သွားတော့သည်။ မိမိအတွက် ကြိုတင်စီစဉ်ပေးထားသည်ကို ကျေနပ်ရင်း ဘာကြောင့် မိမိကို သူကိုယ်တိုင် လာမခေါ်ရသည်ကို တိတ်တိတ်လေး တွေးရင်း သက်ပြင်းချမိသည်။ သူ အရမ်း အလုပ်များနေတာ ဖြစ်ပါလိမ့်မည်ဟု ကိုယ့်ဖာသာ ဖြေတွေးပြီး နန်းတော်အတွင်းပိုင်းကို အကဲခတ်ရင်း နောက်မှ အသာတကြည်လိုက်လာခဲ့သည်။

မကြာခင် သီးသန့်နန်းဆောင်တစ်ခုကို ရောက်လာတော့သည်။ နန်းဆောင်တစ်ခုလုံး လှပသည့် အခြွေရံမိန်းမပျိုလေးများနှင့် ပြည့်နေသောကြောင့် ဒီနန်းဆောင်က ပင်လယ်သခင်မ နန်းဆောင်များ ဖြစ်နေမလားဟု နွေဦး  တွေးနေမိစဉ် ကဝေကြီးနှင့် လှပသည့် မိန်းမပျိုတစ်ဦးကို ဥယျာဉ်ထဲက နားနေဆောင်တွင် အတူ ခေါင်းချင်းဆိုင်တွတ်ထိုးနေသည်ကို ရုတ်တရက်တွေ့လိုက်ရသောကြောင့် နွေဦးရင်ထဲ မုန်တိုင်းနှင့် လေပြေ တစ်ခါတည်း ရောက်လာသလို ခံစားလိုက်ရပြီး ရင်ထဲ အောင့်သွားသည်။

သူ့ကိုတွေ့လို့ ဝမ်းသာသွားသည့်စိတ်နှင့် အခြားမိန်းမပျိုတစ်ဦးနှင့် အရမ်းနီးကပ်နေသည့် သူ့ကို တွေ့လို့ ဝမ်းနည်းသွားခြင်းတို့ လွန်ဆွဲနေရင်း နောက်ဆုံး နွေဦး သူ့ကို လှမ်းခေါ်လိုက်တော့သည်။ မိမိအသံကို ကြားလိုက်သည်နှင့် ကဝေကြီးက ချက်ချင်းလှည့်ကြည့်လာပြီး  ပြုံးရွှင်စွာနှင့် မိမိထံကို အပြေးတပိုင်းလာသည်ကို တွေ့သော် နွေဦးရင်ထဲက မကျေနပ်စိတ်တို့ ချက်ချင်း လွင့်ပြယ်သွားတော့သည်။ မိမိချစ်သူက မိမိကို အချစ်ဆုံးဆိုသည့် အချက်က နွေဦး၏ စိတ်ကို လုံခြုံသွားစေတော့သည်။

"နွေဦး... နွေဦး... မင်း ဒီကို ဘယ်လို ရောက်လာတာလဲ..."

"ကဝေကြီး...ခင်ဗျားကို မဟာမြိုင်က ဝိုင်းတိုက်ခိုက်ကြတော့မယ် ကြားရလို့ ကျွန်တော် လာခဲ့တာ... ခင်ဗျား ဘယ်နေရာရောက်နေ ရောက်နေ ကျွန်တော် ခင်ဗျား ရှိတဲ့နေရာကို အရောက်လာမှာ..."

နွေဦးသည် မိမိချစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြောလိုက်သည်။ သူ့မျက်နှာကိုတွေ့လိုက်သည်နှင့် မိမိ ကြိုးစားသမျှ မမှားဘူးဆိုတာ နွေဦးယုံကြည်သွားသည်။ ကဝေကြီး... မိမိ၏ တစ်ဦးတည်းသော ချစ်သူ.... မိမိကို ချစ်တတ်လာအောင် ညှို့ငင်နိုင်သော တစ်ဦးတည်းသော မှော်ဆရာကြီး။

"နွေဦးလေး... ကိုယ် မင်းကို စိုးရိမ်နေတာ... မင်း ဒီကို ဘယ်လို လိုက်လာတာလဲ... မင်းကို ဘယ်သူ လိုက်ပို့ပေးတာလဲ..."

မင်းသတိုးက နွေဦးကို ဝမ်းသာစွာထွေးပွေ့ထားပြီး မေးလိုက်သည်။ နွေဦးနောက်မှ ဘယ်သူများ ပါလာသေးသလဲဆိုတာ အကဲခတ်လိုက်သည်။ မောင်ရှင် တစ်ယောက်ပဲ တွေ့သဖြင့် ဖွင့်မေးလိုက်သည်။ မိမိ၏ အစွမ်းထက်သည့် အကာရံ အတားဆီးကို ကျော်လွှားနိုင်သည့် အစွမ်း နွေဦးထံတွင် မရှိတာ သေချာသည်။ ဒါဆို မိမိထက် အင်အားကြီးသည့် တစ်စုံတစ်ယောက်က နွေဦးကို ဒီကိုလိုက် ပို့တာဖြစ်နိုင်သည်။

"အကို သူရကို အကူညီတောင်းပြီး လာခဲ့တာပါ။ ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို လာမတွေ့တာလဲ... ဘာကြောင့် သူစိမ်းတွေ အလည်မှာ ကျွန်တော့်ကို ထားခဲ့ရတာလဲ.... "

နွေဦးသည် ကဝေကြီး၏ ရင်ခွင်ထဲ တိုးဝင်နေသဖြင့် သူ့မျက်နှာ အပြောင်းလဲကို သတိမထားလိုက်မိပေ။ ဒါကြောင့် သူ့ကို ရင်ထဲ သိမ်းဆည်းထားသည့် အချက်ကို ဖွင့်မေးလိုက်သည်။

"နွေဦးလေး.... မင်း အဲ့ဒီမှာ ဘေးကင်းတယ်ဆိုတာ ကို်ယ်သိလို့... မင်းကို စောင့်ရှောက်နေတဲ့သူလည်းရှိလို့ ကိုယ် လုပ်စရာရှိတာကို ဆက်လုပ်နေတာပါ..."

"ခင်ဗျား.... ဘာကြောင့် ဒီလို ပြောရတာလဲ.... ဘယ်သူရှိရှိ ခင်ဗျားရှိတာနဲ့ တူနိုင်ပါ့မလား...ကျွန်တော့်ကို အရင်လို အလေးမထားတော့ဘူးလား.... ခင်ဗျား အသစ်တွေ့နေလို့လားဟင်.."

မင်းသတိုးသည် နွေဦးလေး ဘာမှ မသိသဖြင့် ဒီလိုပြောသည်ကို နားလည်သောကြောင့် စိတ်ကိုလျှော့ကာ သူ့ကျောပြင်လေးကို အသာယာပုတ်ကာ ပြောလိုက်သည်။
နွေဦးက မင်းသတိုးပြောလိုက်သည့် စကားကြောင့်ဝမ်းနည်းသွားပြီး သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။ မိမိလာသည်ကို သူ မကြိုက်လေရော့လားဟု တွေးကာ ရင်ထဲ မကောင်းဖြစ်သွားသည်။ ဒါမှမဟုတ်... မိမိထက် ပို အလေးထားရသည့် လူရှိနေရော့လားဆိုသည့် အတွေးတစ်စက ရင်ကို ပူလောင်လာစေသည်။

"မဟုတ်ဘူး နွေဦး။ မင်းကလွဲပြီး ကိုယ့်မှာ အလေးထားစရာ ဘယ်သူမှမရှိဘူး..."

"ဒါဆို ဘာကြောင့် လာမတွေ့တာလဲ..."

နွေဦးသည် မင်းသတိုး၏ အဖြေကြောင့် အနည်းငယ်ကျေနပ်သွားပြီး သူ့ကို ဆက်မေးလိုက်သည်။ တကယ်လည်း ဘာကြောင့် မိမိကို လာမတွေ့သည်ကို နွေဦး သိချင်နေသည်။ သူ...ခါတိုင်းလို မဟုတ်တော့ပါလား....။

"မင်း လာတွေ့မယ်ဆိုတာ ကိုယ်သိနေလို့..."

ကဝေကြီးက နွေဦး၏ ပါးပြင်လေးကို ညင်ညင်သာသာပွတ်သပ်ကာ တီးတိုးပြောလိုက်သည်။ ဒါပေမယ့် ကဝေကြီး ပြောလိုက်သည့် စကားနှင့် လေသံကို နွေဦး မကြိုက်ပေ။ သူ တစ်ခုခု အထင်လွဲနေပုံရသည်ဟု ထင်ကာ သေချာအောင် မေးလိုက်သည်။

"ဘယ်လို... ဘာကြောင့် ကျွန်တော် လာတွေ့မယ်လို့ ခင်ဗျား ထင်ရတာလဲ..."

"မင်း ဒီကို လာအောင် သူရ လိုက်ပို့တာ မဟုတ်လား။"

မင်းသတိုး၏ နူတ်မှ အကို့စကားကို ကြားလိုက်ရစဉ် နွေဦး ထူပူသွားသည်။ သူ့သံသယကို နွေဦးချက်ချင်း သိသွားပြီး စိတ်မကောင်းဖြစ်သွားသည်။ ကြာလှပြီဖြစ်သော သံယောဇဉ်ကို သူ ဘာကြောင့် သံသယဝင်တာပါလိမ့်။ မိမိကို သူ မယုံကြည်လို့ ဒီလိုတွေးတာလား ဆိုသည့်အတွေးက နွေဦး၏ ရင်ကို ခါးသက်သည့် ခံစားချက်ဖြစ်ပေါ်စေသည်။ ဒါကြောင့်သူ့ကို လေသံမာမာနှင့် ပြောလိုက်မိသည်။

"ဘယ်သူ လိုက်ပို့ပို့ ဘာထူးလို့လဲ။ အဓိက ကျွန်တော် ခင်ဗျားကို တွေ့နိုင်ဖို့ပဲ လိုတာ မဟုတ်ဘူး"

မင်းသတိုးသည် နွေဦး၏ စကားကြောင့် ချုပ်တည်းထားတာတွေ လွတ်ထွက်သွားတော့သည်။ နွေဦးက ဘာကြောင့် သူရ နာမည်ကို ထုတ်ပြောလိုက်သည်နှင့် အနာပေါ် ဒုတ်ကျသလို ဆတ်ဆတ်ခါသွားရသလဲဆိုတာ မင်းသတိုး တကယ်သိချင်မိသည်။ ရိုးသားတယ်ဆိုလျှင် ဘာကြောင် မိမိမေးသည်ကို ရိုးရိုးသားသား ပြန်မဖြေပဲ ပုံမှန်ထက် အကဲဆတ်ရပါသလဲ။ ဒါက မရိုးသားခြင်းရဲ့ ပြယုသ်ဆိုတာ ဆရာဝန်လေး မသိလေရော့သလား။

"ထူးတယ်... အခြားလူလိုက်ပို့တာနဲ့..သူရ လိုက်ပို့တာရဲ့ကြားက ကွာခြားမှုကို မင်း မမြင်တာလား။ တမင် မမြင်ချင်ယောင်ဆောင်နေတာလား..."
"မမြင်ချင်ယောင်ဆောင်နေတယ် ဟုတ်လား... အကို သူရက ဘာဖြစ်နေလို့လဲ.... ခင်ဗျား ဘာလို့ ဒီလိုတွေပြောနေတာလဲ ကဝေကြီး။ ခင်ဗျား ကျွန်တော့်ကို သံသယဝင်တာလား..."

ကဝေကြီး၏ စကားကိုကြားသော် နွေဦး ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။ အကိုသူရက မိမိကို အဖြူစင်ဆုံး ကူညီပေးနေတာတောင်...သူက မိမိတို့ကို သံသယဝင်ရက်သည်။ မဟာမြိုင်က လုံခြုံသည်ဆိုသည့် အကြောင်းပြချက်ဖြင့် သူ ထားရစ်ခဲ့သည်။ မဟာမြိုင်မှာ မိမိအရှက်တကွဲနှင့် အသတ်ခံရတော့မည်ကို သူ သိပါလေစ။ အဲ့အချိန် သူ ဘာလုပ်နေသလဲ။ မိမိကို အကိုသူရ ကယ်တင်ထားလို့သာ သူ မိမိကို အကောင်းတိုင်း တွေ့ခွင့်ရသည်ကို ဘာမှ မသိပါပဲ... တွေ့တွေ့ခြင်း ဆောက်နှင့်ထွင်းသလို ဆီးပြီး သမုတ်လိုက်သည်။ သူ့စိတ်တွေ ဘယ်လောက်တောင် ရိုင်းစိုင်းကြမ်းတမ်းနေပြီလဲ။

"မင်းကို သံသယ မဝင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဆီကို လာဖို့ ရည်းစားဟောင်းကို အကူညီတောင်းတာကို နားမလည်နိုင်လို့ မေးတာပါ..."
"ဒါတွေက ကြာခဲ့ပါပြီ။ ဘာကြောင့် သူ့ကို သာမန် မိတ်ဆွေတစ်ယောက်လို သဘောမထားနိုင်ရတာလဲ.... ခင်ဗျား ကျွန်တော့် ကိုယ်ကျင့်တရားကို စော်ကားလိုက်တာပဲ ကဝေကြီး။"

နွေဦး သူ့စကားကို မခံနိုင်သောကြောင့် အေးစက်စက်ကြည့်ကာ မေးလိုက်သည်။ သူ တကယ် ပြောင်းလဲသွားလေပြီ။ သူက မိမိကို အရိပ်တကြည့်ကြည့်နှင့် ချစ်ခဲ့သည့် ကဝေကြီး မင်းသတိုး မဟုတ်တော့ပေ။ သူက မဟာမြိုင်က မှော်ဆရာတွေ ပြောသလို မှော်နက်စွမ်းအင် ချုပ်ထိန်းခံလိုက်ရပြီလား။

"သူရက မင်းကို ဒီလို ပြောဖို့အပြင် အခြား ဘာတွေသင်ပေးလိုက်သေးလဲ... "

မင်းသတိုးသည် မိမိမေးသည်ကို မဖြေပဲ ကွေ့ဝိုက်ပြောနေသည့် နွေဦး၏ စကားကိုကြားသော် သူ့ကို လေသံ ခပ်ဆတ်ဆတ်ဖြင့် မေးလိုက်သည်။
မင်းသတိုး၏ စကားကိုကြားသော် နွေဦး၏ သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးသွားလေပြီ။ သူ့ကို စေ့စေ့ကြည့်ကာ ဗြောင်မေးလိုက်တော့သည်။

"ခင်ဗျား.... ကျွန်တော်တို့ နှစ်ယောက်ကို သမုတ်တာလား။ အကိုသူရက ကျွန်တော် တောင်းဆိုလို့ မဟာမြိုင်အကြီးကဲတွေရဲ့ အမိန့်ကို ဆန့်ကျင်ပြီး လိုက်ပို့ခဲ့တာ... ဘာကြောင့် ကျွန်တော်ရောက်လာတာကို ဝမ်းမသာပဲ လိုက်ပို့တဲ့ လူကို ရမယ်ရှာပြီး ဒီလို ရန်လုပ်ရတာလဲ... ခင်ဗျား အရမ်းပြောင်းလဲသွားတယ် ကဝေကြီး...ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုရင် ဒီမှာ နေလည်း ဘာမှမထားဘူး။ ကျွန်တော် ပြန်တော့မယ်..."

"နေဦး နွေဦး။ မင်းကို ပြန်မလွှတ်နိုင်ဘူး။ မင်း ပြန်သွားရင် သူတို့က မင်းကို တခုခုလုပ်လိမ့်မယ်။ အထူးသဖြင့် သူရက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

မင်းသတိုးသည် နွေဦး၏ ဒေါသတကြီးစကားကို ကြားသော် ချက်ချင်း တားလိုက်သည်။ နွေဦးက ရိုးသားသည်။ သူ့ ဆေးကုသည့် အလုပ်လိုပဲ ဖြူစင်လွန်းသည်။ သူက သူတပါးကို အကောက်မကြံဖူးသလို သူ့ကို သူများလည်း အကောက်မကြံဘူးဟု ယုံကြည်ထားသူဖြစ်သည်။ အခု သူ လေးစားရသော သူရဆိုသည့် လူက သူ့ကို လှည့်စားချင်တိုင်းလှည့်စားနေသည်ကို မိမိ ဘယ်လိုနည်းနှုင့်မှ ကြည့်မနေနိုင်ပါ။

"ကဝေကြီး...ခင်ဗျား စော်ကားလွန်းနေပြီနော်.... အကိုသူရက ကျွန်တော့်အပေါ် အဲ့ဒီလို မရိုးသားတဲ့ စိတ်မရှိဘူး..."

"ဒါဆိုရင် မင်းကိုယ်ထဲမှာ ဘာကြောင့် သူ့စွမ်းအင်ကို အာရုံခံမိနေတာလဲ။ မင်းကိုယ်ထဲ သူ့စွမ်းအင်ရောက်ဖို့ တနည်းပဲရှိတယ်။ အဲ့ဒါ လိင်ဆက်ဆံတာပဲ... မင်း သူနဲ့ ဖောက်ပြန်နေတာလား။ ကျုပ်မရှိတာနဲ့ သူ့ကို လက်ခံလိုက်တာလား..."

မိမိ၏ စေတနာကို မမြင်ပဲ လေသံနှင့် အ သုံးနှုန်းကြမ်းတမ်းလာသော နွေဦးကြောင့် မင်းသတိုး သူ့ကို စေ့စေ့ကြည့်ကာ မေးလိုက်တော့သည်။ သူ့ကိုယ်ထဲ ရောက်နေသည့် လစွမ်းအင်ကို သူရ ဘယ်လိုနည်းနှင့် ကူးပြောင်းပေးသည်ကို မင်းသတိုး တကယ်ပဲ သိချင်မိသည်။ သေချာတာကတော့ သူရ အသားယူလိုက်မှာပင်။ ဒါဆိုတောင် မသိ မမြင်ရလေအောင် နွေဦး သူရအပေါ် ယုံကြည်ချက် လွန်ကဲနေသည်လား။

"ခင်ဗျား... ခင်ဗျား... ဘာကြောင့် ဒီလောက် မိုက်ရိုင်းတဲ့ အတွေးတွေဝင်နေရတာလဲ... ကျွန်တော်က ခင်ဗျား ရှေ့မှာရော ကွယ်ရာမှာရော ဘယ်သူနဲ့မှ မဖောက်ပြန်ဖူးဘူး။ ကိုယ်နဲ့မပြောနဲ့ စိတ်နဲ့တောင် တဖက်သားကို မပြစ်မှားဖူးဘူး။ "

"မင်းက မဖောက်ပြန်ဘူးဆိုရင်တောင် သူရက မင်းအပေါ် ဖောက်ပြန်နေတယ်ဆိုတာ မင်းသိတယ် မဟုတ်လား."

မင်းသတိုးသည် နွေဦးစိတ်ကို ဆွသည့်အနေဖြင့် တမင်ပြောလိုက်သည်။ နွေဦးကို ရိုးရိုးသားသားမေးလျှင် သူ ဖြေမည်မဟုတ်လို့ မခံချင်အောင် တမင်မေးလိုက်ခြင်းဖြစ်သည်။ ဒီလိုမေးလိုက်ခြင်းက နွေဦး၏ရင်ကို ဆားပက်သလိုဖြစ်သွားသည်ကိုတော့ မင်းသတိုး မသိလိုက်ပါ။

"သူ အဲ့လို မဟုတ်ဘူး။ ခင်ဗျား မစွပ်စွဲနဲ့..."

နွေဦး တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။ မိမိချစ်သော ကဝေကြီးကို ေ၀ဝါးစွာကြည့်ကာ ပြောလိုက်သည်။

"ဘာလဲ ကိုယ်ပြောတာ မှားသွားလို့လား...."

"သူ့ဖာသာ ဘာဖြစ်ဖြစ် ကျွန်တော် ခင်ဗျား တစ်ယောက်တည်းကိုပဲ ချစ်တယ်။ သူ့ကို ဘာကြောင့် အကူညီတောင်းတယ်ဆိုတာ ခင်ဗျားသိသိကြီးနဲ့ ဘာကြောင့် ကျွန်တော့်ကို အပြစ်တင်နေရတာလဲ...ဘာလဲ။ ခင်ဗျားက အသစ်တွေ့ပြီး ကျွန်တော့်ကို စွန့်ပြစ်ချင်နေတာလား"

နွေဦး ဆက်လက်သည်းမခံနိုင်တော့ပါ။ သူနှင့် ဝေးဝေးခွာပြီး နာကျင်စွာမေးလိုက်သည်။ သူ တကယ်ပဲ အခြားမိန်းမကို တွေ့လို့ မိမိကို စွန့်ပစ်ချင်လို့ အပြစ်ရှာနေသလားဆိုသည့် အတွေးက နွေဦး၏ ရူးမလိုဖြစ်လာစေသည်။

"မင်း ဘာကြောင့် ဒီလိုတွေတွေးနေတာလဲ။ ကိုယ်က အပျော်ခရီးထွက်လာတာ မဟုတ်ဘူး။ ဘယ်မိန်းမနဲ့မှ ပျော်ပါးစရာလည်း မရှိဘူး"

"ကျွန်တော့် မျက်စိနဲ့တပ်အပ်တွေ့တောတောင် ခင်ဗျားက ငြင်းချင်နေသေးတယ်။ ခင်ဗျားနဲ့ ပင်လယ်သခင်မတို့ ဘယ်လို ပတ်သတ်တယ်ဆိုတာ ကျွန်တော် မြင်ပြီးပြီ"

နွေဦးသည် မင်းသတိုးကို နာကျင်စွာစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ ခုနက မြင်ကွင်းက မိမိမျက်ဝန်းထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာစေပြီး ဒေါသတို့ အလှိမ့်လိုက်ထွက်လာစေသည်။

"မင်းမြင်သလိုမဟုတ်ဘူး။ ပြီးတော့ မင်း ဘာကြောင့် ကိုယ့်အချစ်ကို လွယ်လွယ်နဲ့ ဒီလို ထင်ရတာလဲ။ မင်းကို အသက်နဲ့လဲပြီး ချစ်တယ်ဆိုတာ သက်သေပြပြီးသား မဟုတ်လား"

"ဟင့်အင်း... လူဆိုတာ အချိန်နဲ့အမျှပြောင်းလဲတတ်တယ်။ ခင်ဗျားလည်း ပြောင်းလဲနေပြီ၊ ခင်ဗျား ကျွန်တော့်ကို အရင်လို မချစ်တော့ဘူး။ ကျွန်တော့်ကို အကြာကြီးပြစ်ထားတယ်။ မဆက်သွယ်ဘူး။ အရင်တုန်းကဆိုရင် ခင်ဗျားကျွန်တော့်ကို တစ်နေ့မတွေ့ရရင်တောင် သေမလို ဖြစ်နေတာ။ အခု အရမ်းသွေးအေးသွားပြီ။"

မိမိကို မဟာမြိုင်တွင် ပစ်ထားသည့် အဖြစ်များ၊ စော်ကားခံရလုဆဲဆဲဖြစ်သွားသည့် ဖြစ်ရပ်များ၊ အထင်မြင်သေးသည့် အကြည့်များကို ပြန်မြင်ယောင်လာပြီး နွေဦး သူ့ကို အေးစက်စက် ပြောလိုက်သည်။

"ကလေး...နွေဦး... ကိုယ်အခု ဝရမ်းပြေးဖြစ်နေတယ်လေ။ ကိုယ် မှော်နက်အစွမ်းနှိပ်စက်လို့ အသိစိတ်လွတ်တချက်၊ ပြန်ရတစ်ချက်ဖြစ်နေတယ်လေ... ဘယ်လိုလုပ် မင်းဆီကို အရင်လို လာလို့ရမှာတဲ့လဲ။ ပုလဲဒေဝီက ကိုယ့်ကို ကူညီပေးနေတာပါ။ မင်း သူ့ကို အထင်မလွဲပါနဲ့"

မင်းသတိုးသည် နွေဦး၏ နာကျင်လွန်းသည့် အကြည့်ကို သတိထားမိကာ လေသံကိုလျှော့ပြီ းတောင်းပန်လိုက်သည်။

"ဟက်.... ကူညီတာက ခင်ဗျား ရင်ခွင်ထဲ ဝင်ပြီး ကလူကျီစယ်တာမျိုးကို ပြောတာလား.... ကျွန်တော် အကန်းမဟုတ်ဘူး။ အအ မဟုတ်ဘူး။ ခင်ဗျားတို့ကို တချက်ကြည့်တာနဲ့ ဘာဆိုတာ သိတယ်..."

"မဟုတ်ဘူး... မင်းထင်သလို မဟုတ်ဘူး။ ကိုယ်နဲ့ ပုလဲက မင်းနဲ့ သူရလောက်တောင် ပတ်သတ်မှုမရှိဘူး။ သူက ကိုယ့် နောက်လိုက်သတ်သတ်ပဲ။ ဒါပေမယ့် ကိုယ့်နောက်လိုက် တစ်ခုခု အခက်ခဲကြုံနေချိန်၊ ဝမ်းနည်းနေချိန်ဆိုရင် ကိုယ် နှစ်သိမ့်ပေးရတာ သဘာဝပဲ။ ကိုယ်တို့က မောင်နှမလို ဖြူစင်တဲ့ သံယောဇဉ်ပဲ ရှိတာပါ.."
မင်းသတိုးသည် နွေဦး အထင်လွဲနေသည်ကို နားလည်ကာ သေချာရှင်းပြလိုက်သည်။ မှော်နက်အစွမ်းကို နှိမ်နှင်းဖို့ ဘယ်လောက်ခက်သည်။ ဘယ်လောက်နာကျင်ရသည်ကို နွေဦးသိအောင် ပြန်မပြောပြချင် သောကြောင့် ကူညီပေးသည်ဟုသာ ပြောလိုက်သည်။ ဒီလိုအပြောက ပေါ့တန်ကာ အကြောင်းပြချ က် ပေးသည်ဟု နွေဦးပိုပြီး အထင်လွဲသွားလေသည်။

"ဟုတ်ပါပြီ။ ခင်ဗျား အလှည့်ကျ ဖြူစင်တဲ့ သံယောဇဉ်၊ ကျွန်တော်နဲ့ အကိုသူရကိုတော့ ခင်ဗျားက သမုတ်တယ်။ ကျွန်တော် ခင်ဗျာ းတစ်ယောက်တည်းကိုပဲ ချစ်ပါတယ်လို့ ပြောနေတာတောင်မှ.... ခင်ဗျား......"

နွေဦး စကားကို ဘယ်လိုမှ ရှေ့မဆက်နိုင်တော့ပဲ မျက်ရည်စီးကျလာတော့သည်။ ဒါပေမယ့် နွေဦး ဒီမျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်ပစ်ကာ ငိုချင်စိတ်ကို အတင်းအောင့်ထားတော့သည်။

"နွေဦးလေး.... မငိုပါနဲ့ကွာ။ ကိုယ်တောင်းပန်ပန်တယ်။ အချိန်ခဏလေး စောင့်ပေးပါ။ ကိုယ် အားလုံးရှင်းသွားပြီးရင် ကလေးကို ရှင်းပြပါ့မယ်..."

"ခင်ဗျား အခုရှင်းရင်ရှင်း၊ မရှင်းရင် နောက်ထပ် ရှင်းဖို့ မလိုတော့ဘူး။ "

နွေဦးသည် အခုထိ အမှန်မပြောသေးပဲ လှည့်ပတ်ပြောနေသော သူ့ကိုကြည့်ကာ စိတ်ပိုင်းဖြတ်ဟန်ဖြင့် ပြောလိုက်သည်။

"နွေဦးလေး...အခုတော့ ကိုယ် ဘယ်လိုမှ ရှင်းပြလို့မဖြစ်သေးဘူး။ ကိုယ့်ကို နားလည်ပေးပါ... "

"ကောင်းတယ်...ကောင်းတယ်... မထင်ထားမိဘူး။ ခင်ဗျားက ကျွန်တော်ထက် အခြားလူကို ရွေးလိုက်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားဘူး။ ဒါကျွန်တော့် ကံလို့ပဲ မှတ်ယူလိုက်ပါ့မယ်"

နွေဦး ခပ်အက်အက်ရယ်မောကာ သူ့ကို ပြောလိုက်သည်။ ခိုင်မြဲမည်ဟု ထင်ထားသည့် သံယောဇဉ်ကြိုးက နောက်ဆုံး ပျက်ပြယ်သွားလေပြီ။ ဒါကြောင့် မိမိကို မချစ်တော့သည့် ကဝေကြီးကို ဆက်လက်ဖက်တွယ်ထားဖို့ နွေဦး မစဉ်းစားတော့ပါ။

မင်းသတိုးသည် နွေဦး အထင်လွဲသွားသည်ကို သိသဖြင့် သူ့လက်ကို ဆွဲကိုင်ကာ တောင်းပန်လိုက်သည်။

"နွေဦး... မင်း ကိုယ့်နားမှာပဲနေပါ။ ကိုယ်တောင်းပန်ပါတယ်"

"ဟင့်အင်း...မဖြစ်နိုင်ဘူး။ ခင်ဗျားနားမှာ ကျွန်တော် ဘယ်လိုမှ ဆက်မနေနိုင်ဘူး...ကျွန်တော် ပြန်တော့မယ်..."
နွေဦး သူ့လက်ကို တင်းမာစွာ ပုတ်ထုတ်ကာ ခပ်တင်းတင်းပြောလိုက်သည်။ နာကျင်လွန်းသည့် နှလုံးသားက ကွဲကြေလုနေပြီ။ နှလုံးသားထဲ သွေးစိမ်းရှင်ရှင်ထွက်သည် ဆိုသည့် စကားကို နွေဦး အခု နားလည်သွားလေပြီ။ သူ့ရှေ့မှာ နွေဦး တစ်မိနစ်မှ ဆက်မနေချင်တော့ပါ.

"မပြန်ရဘူး...နွေဦး... မင်း ကိုယ့်ဘေးကနေ ဘယ်မှ မသွားရဘူး..."

မင်းသတိုးသည် မီးစွမ်းအင်ကို ထုတ်ကာ နွေဦးကို တုတ်နှောင်လိုက်စဉ် နွေဦးကိုယ်ထဲက အဖြူရောင် အလင်းများ ထွက်လာပြီး မီးစွမ်းအင်ကို ဖြတ်တောက်ပြစ်လိုက်ပြီး ထိုအလင်းက ချက်ချင်း သူရ၏ ပုံဖြစ်သွားတော့သည်။ နွေဦးက ရုတ်တရက် ဘာဖြစ်သွားသည်ကို မသိလိုက်ပဲ မိမိရှေ့ အကိုသူရရောက်လာပြီး ကဝေကြီး၏ မီးကျော့ကွင်းကို ဖြတ်လိုက်သည်ကိုသာ မြင်လိုက်ရသည်။

"ဝုန်း.... "

"သူ မနေချင်ဘူးဆိုရင် ခင်ဗျား အတင်းအကြပ်လုပ်စရာ မလိုဘူး မင်းသတိုး။ နွေဦးလေး...လာ...ကိုယ် မင်းကို ပြန်လာခေါ်တာ..."
သူရက နွေဦးကို မိမိဘက်ကို ဆွဲခေါ်ကာ မင်းသတိုးကို သတိပေးဟန်ဖြင့် ပြောလိုက်သည်။

"အကို....ကျွန်တော့်ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ..."

"ကောင်းပြီ... နွေဦး သွားချင်တဲ့နေရာ အကို လိုက်ပို့ပေးမယ်"

နွေဦးသည် ကဝေကြီး မိမိအပေါ် မှော်စွမ်းအင် သုံးလိုက်သည်ကို တွေ့သော် ရင်ထဲ မခံနိုင် အောင်နာ ကျင်လာပြန်သည်။ ဒါကြောင့် အကိုသူရကို သူနှင့်ဝေးရာကို ခေါ်သွားပေးရန် တောင်းဆိုလိုက်သည်။

မင်းသတိုးသည် လှည့်စားခံနေရသည့် ချစ်သူလေးကို အပြစ်မတင်ရက်ပဲ သူရကိုသာ စိုက်ကြည့်ကာ ပြောလိုက်သည်။ အခုချက်ချင်း သူရကို ဖမ်းကာ သတ်ပြစ်ချင်သည်အထိ မုန်းတီးစိတ်တို့ ဝင်လာသည်။ သူရဆိုသည့် ကြောင်သူတော် ကြွက်သူခိုးကောင်ကို နွေဦးက သူတော်ကောင်းထင်နေတာ ဘယ်လောက် ခံပြင်းစရာကောင်းလိုက်သလဲ။

"သူရ... မင်း ငါ့ ချစ်သူနဲ့ ဝေးဝေးနေစမ်း.... မင်းလို အရေခြုံကောင်ရဲ့ ဇစ်မြစ်ကို နွေဦး မသိလို့ မင်းကို ယုံကြည်နေတာ။ "

"ဟား...ဟား...ဟား... ခင်ဗျားက ပြောင်းပြန်ပြောရသေးတယ် မင်းသတိုးရာ.... မင်းသာ နွေဦးကို စိတ်ဆင်းရဲအောင်လုပ်လို့ နွေဦးက ခင်ဗျားအနားကနေ ထွက်သွားချင်တာ...ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး။ အေး...ကျုပ်ကို ကြိုက်သလို စွပ်စွဲရတယ်။ ကျုပ်က နွေဦး စိတ်ချမ်းသာမှုတစ်ခုကိုပဲ ကြည့်တယ်။ လာ..နွေဦးလေး...သွားကြစို့..."
သူရက အနိုင်ရလိုက်သည်ကို သိသဖြင့် ကျေနပ်စွာရယ်မောကာ နွေဦးကို ခေါ်ပြီး ထွက်ခွာရန်လုပ်လိုက်သည်။

"ဒီလိုလွယ်လွယ်နဲ့သွားလို့ရမလား....တောက်လောင်စမ်း..."
"ဒီလောက် ပညာနဲ့ ကျုပ်ကို တားဖို့ ခင်ဗျား မစဉ်းစားနဲ့..."

မင်းသတိုးက မီးဌက်ကို ဆင့်ခေါ်ကာ သူရကို မီးနှင့်မှုတ်စေသော်လည်း ငွေရောင် အလွာပါးတစ်ခုက တောက်ပစွာပေါ်လာပြီး မီးလျှံကြားက အလွယ်တကူ ဖောက်ထွက်သွားတော့သည်။


"နွေဦး...ပြန်လာပါ...နွေဦး..."

မင်းသတိုးသည် သူရ၏ ရင်ခွင်ထဲ ပါသွားသည့် နွေဦးကို စိုက်ကြည့်ကာ ရင်ကွဲမတတ် အော်ခေါ်လိုက်တော့သည်။ နွေဦးက ဝေးကွာသွားသည့် ကဝေကြီးကို ကြည့်ကာ တီးတိုး နူတ်ဆက်လိုက်သည်။

"နူတ်ဆက်လိုက်ပါတယ် ကဝေကြီး..."
======================

Continue Reading

You'll Also Like

195K 19.9K 26
Junior ​ေလး Zhang Yixing?နဲ႔... Junior​ေလးကိုCrush​ေနတဲ့SeniorႀကီးKim Jun Myeon?
42.7K 5.5K 29
باس لە ژیانی کچێکی بچوک ئەکات کە لەبەر ھەژاری و نەداری بێ دایک و باوک وازی لەمەکتەب ھێناوە دەستی بەکار کردوە لە کۆمپانیەیەکی بەناوبانگ و بەھێز بەڵام...
1.4K 126 8
" ငါနဲ့သက်ဆိုင်တဲ့အလုပ်ပဲ ငါလုပ်မယ်.. အခြားသောကိစ္စတွေ ငါ ဝင်ပါမှာမဟုတ် သီလဆောက်တည်မွေ့လျော်ဖို့ သာ ငါ စိတ်ထက်သန်တယ် " သီရိသောတ နတ်မင်း " ခင...
320K 32K 27
♣အနာဂတ္​ကို ဖန္​တီးယူခဲ့တာမဟု​တ္​ပါဘူး....ႀကိဳတြက္​ခ်က္​ၾကည္​့မိရံုပါ♣ ♠မ​ေသခ်ာတဲ့ အရာ​ေတြ အ​ေကာင္​အထည္​​ေဖာ္​လို႔မရတဲ့ အရာ​ေတြ လက္​​ေတြ႔မဆန္​တာ​ေတြက...