"အစ်ကို.. သူရ.."
"အစ်.. ကို...."
••••••••••••••••••••••••••••••
==========================================
(zawgyi+Unicode)
သန်းခေါင်ယံချစ်သူ Season_2 - Episode (33)
နွေဦးသည် ကဝေကြီး၏ အထိအတွေ့မှတစ်ပါး မည်သူ့အထိအတွေ့မှ မခံထားသူပီပီ မိမိကိုယ်ပေါ် ပြေးလွှားထိတွေ့နေသည့် မှော်ဆရာများ၏ လက်အတွေ့ကြောင့် ရွံရှာလွန်းကာ အော်ဂလီဆန်လာခဲ့သည်။
"ကဝေကြီး.. ကဝေကြီး.. ကယ်ပါဦး.. ကဝေကြီး.."
နွေဦး၏ကိုယ်ပေါ်မှ အဝတ်အားလုံး မှော်ပညာဖြင့် တစ်စစီဖြစ်ကာ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်သွားစဉ် ရင်အစုံ ပွင့်ထွက်မတတ် ခံစားလိုက်ရပြီး နာကြည်းခြင်းက ရင်တစ်ခုလုံးကို ချေမွနေသလို ခံစားလိုက်ရသည်။
"ဒီကောင့်ကို မင်းသတိုး စွဲလန်းတယ်ဆိုတော့ အတွေ့ထူးလို့ဖြစ်မယ်.. မထူးလို့ကတော့ အပိုင်းပိုင်းဖြတ်ပြီး သတ်ပစ်လိုက်တာပေါ့.."
"ဟေ့ကောင်.. စကားများလိုက်တာ.. မင်းမလုပ်ရင် ဖယ်တော့.. ငါ အရင်လုပ်မယ်.."
"ဟေ့.. ဟေ့.. မရဘူး.. ငါ အရင်လို့ ပြောထားတာ.. ကဲ.. လာစမ်း.. မင်းအော်သံ ကျယ်ကျယ်လေး ကြားချင်တယ်.. အော်စမ်း.. အော်.. စမ်း.."
နွေဦးကို ကျောက်ပြားပေါ်တွန်းလှဲကာ ရုန်းမရအောင် မှော်ပညာဖြင့် ချုပ်နှောင်ထားသည့် မှော်ဆရာက နွေဦး၏ခြေထောက်ကြား နေရာယူကာ နွေဦးကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ရန် ဟန်ပြင်ပြီး ယုတ်မာစွာဖြင့် ပြောလိုက်သံကိုကြားသော် နွေဦး လျှာကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ဆုံးဖြတ်လိုက်သည်။
ထိုစဉ် ရမ္မက်ဘီလူးသုံးဦး၏နောက်မှ လမင်းတစ်စင်းကြွေကျသလို အဖြူရောင်တောက်သည့်လူရိပ် ညင်သာစွာ ကျဆင်းလာသည်ကိုတွေ့သော် နွေဦး၏ရင်ထဲ မျှော်လင့်ချက်ရောင်ခြည်တို့ တက်လာခဲ့သည်။
"အစ်ကို.. သူရ.."
သူရသည် လကသိုဏ်းကို ဝင်စားနေစဉ် မိမိ၏နှလုံးသားများ လှပ်ခနဲတုန်ယင်သွားပြီး နွေဦး၏ကိုယ်ပေါ်ချထားသည့် မှော်ပညာကို တစ်စုံတစ်ဦး ထိခိုက်သွားသည်ကို သိလိုက်ရစဉ် ချက်ချင်း နွေဦးရှိရာကို ခြေရာခံပြီး ပျံသန်းရောက်ရှိလာခဲ့သည်။ မြင်လိုက်ရသည့်မြင်ကွင်းက အကျည်းတန်လွန်းလှသည်။ မဟာမြိုင်လို မှော်ဆရာဌာနချုပ်မှာပင် ဒီလို ရာဇဝတ်မှုမျိုး၊ နိုင်ထက်စီးနင်း အပြုအမူမျိုးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ဝံ့သည်။
လူငယ်လေးတစ်ဦးကို မှော်အင်အားကြီးသည့် လူသုံးဦးက ဝိုင်းချုပ်ကာ အယုတ္တ အနတ္တ ပြောဆိုရေရွတ်နေသည့်အပြင် ညစ်ပတ်သည့်လက်များက တဏှာရာဂလွှမ်းစွာ ကိုင်တွယ်ပွတ်သပ်နေပုံက သူရ၏ရင်ထဲမှာ နစ်မြုပ်ပျောက်ကွယ်နေသည့် ဒဏ်ရာကို ပြန်သတိရစေပြီး ထိုနာကြည်းမှုကို ဆွလိုက်သလိုဖြစ်သွားသည်။
သူရ၏မျက်လုံးများ ရဲရဲနီလာပြီး ဦးနှောက်အောက်မှ နာကျင်ခံစားခဲ့ရသည့် ရှက်ရွံ့မှုများ၊ နာကြည်းမှုများက လှိုင်းလုံးကြီး ထပ်ဆင့်ရိုက်ခတ်လာသလို မိမိအသိဉာဏ်ကို ရိုက်ခတ်လို့နေသည်။ နွေဦး၏ဖြစ်ရပ်က ဆယ်ကျော်သက်အရွယ် မိမိကြုံခဲ့ရသည့်ဖြစ်ရပ်နှင့် တစ်ထပ်တည်းတူညီနေခြင်းက သူရ တစ်သက်လုံးတည်ဆောက်ခဲ့သည့် ဆင်ခြင်တုံတရားကို ရိုက်ချိုးပစ်လိုက်တော့သည်။
သတ်ချင်သည်။ ရက်ရက်စက်စက် သတ်ပစ်ချင်သည်။
မိမိဘဝကို စုတ်ပြတ်သွားအောင် ခြေမွသွားသည့် ကာမဘီလူးများကို ဘာမှမတုံ့ပြန်လိုက်ရဘဲ ဒီအတိုင်းလွှတ်ပေးလိုက်သည့် ငွေများငွေနိုင်သည့်ဥပဒေကို သွေးထွက်သည်အထိ နှုတ်ခမ်းကိုက်ကာ နစ်နာသူမိမိက နာခံလိုက်ရသည့်အချိန်ကို ပြန်သတိရလိုက်စဉ် သူရ၏ရင်ထဲမှ စိတ်ရိုင်းတို့ကို ထိန်းချုပ်ထားသည့်ကြိုးများ ပြတ်တောက်သွားသလို ခံစားလိုက်ရပြီး ကောင်းကင်ယံအပေါ်စီးမှ ကြည့်နေသော သူရ၏ကိုယ်ထဲ စွမ်းအင်ပေါက်ကွဲမှုကြီး ပေါ်ပေါက်လာခဲ့သည်။
သူရနှလုံးသား၏ အနက်ရှိုင်းဆုံးမှ အမုန်းတရားပေါက်ကွဲလာစဉ် သူ့အပေါ်မှဖုံးအုပ်ထားသည့် ဘာသာရေးသဘောတရားဆိုသည့်အရာလည်း ပေါက်ကွဲထွက်သွားသည်။ ထို့နောက် အပေါ်မှဖုံးအုပ်ထားသည့် ကိုယ်ကျင့်တရားစံ ဆိုသည့်အရာလည်း ပေါက်ကွဲလာသည်။ နောက် လူယဉ်ကျေးများ လိုက်တာသင့်သည့်အရာ ဆိုသည်လည်း ပေါက်ကွဲလွင့်စင်ကာ တစ်စစီဖြစ်သွားပြီး သူရ၏တစ်ကိုယ်လုံး သွေးကြောများထဲ ဆင့်ကဲပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံး အဖြူရောင်အလင်းတို့ ပေါ်ထွက်လာတော့သည်။ ထိုအလင်းက တောက်ပလာလေ သူရတစ်ကိုယ်လုံး နှောင်ဖွဲ့ထားသည့် အတားအဆီးများ၊ ကြိုးများအားလုံး ပြတ်တောက်လေဖြစ်ပြီး သိုလှောင်ထားသည့်စွမ်းအားများ အတားအဆီးမဲ့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့သည်။
သူရ၏ကိုယ်ထဲမှ လနတ်သမီး၏ ရှေးဟောင်းမျိုးဆက် မှော်စွမ်းအင်သည်လည်း စွမ်းအင်ပေါက်ကွဲမှုနှင့်အတူ နိုးထလာပြီး လမင်းကြီးကြွေကျလာသလို သူရတစ်ကိုယ်လုံး အလင်းစွမ်းအင်တို့ ဖုံးလွှမ်းသွားတော့သည်။
မိမိတို့မျက်စိရှေ့မှသားကောင်ကို တစ်စစီဖျက်ဆီးရန်ကြံနေစဉ် တောက်ပသည့်လရောင် ဖြာကျလာသဖြင့် မှောဆရာသုံးဦး လှည့်ကြည့်လိုက်စဉ် သူရ၏မှော်စွမ်းအင်ကိုတွေ့သော် အကြောက်တရားတို့ တစ်ကိုယ်လုံးပျံ့နှံ့သွားပြီး နေရာမှာပင် ကိုယ်ပိုင်ပစ္စည်းတန်းလန်းနှင့် ကျောက်ရုပ်ပမာ ဖြစ်သွားတော့သည်။ နွေဦး၏ ခြေထောက်ကြားမှကောင်လည်း ဝင်ရောက်ရန် အသင့်အနေအထားအတိုင်း ကျောက်ရုပ်ဖြစ်သွားတော့သည်။
နွေဦးသည် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် စိတ်ပိုင်းဖြတ်ထားပြီးနောက် မိမိအသက်နှင့်အရှက်ကို ကယ်တင်ပေးသည့် အစ်ကို့ကိုတွေ့သောအခါ မျက်ရည်များက မျက်လုံးထောင့်မှ စီးကျလာတော့သည်။
"အစ်.. ကို...."
"နွေဦးလေး.. ကိုယ့်ကလေးလေး.. ဘာမှမဖြစ်တော့ဘူး.. နားလိုက်ဦးနော်.."
သူရက မှော်ပညာဖြင့် လူယုတ်မာသုံးဦးကို ဖမ်းချုပ်ထားပြီး ကျောက်ပြားပေါ် ပက်လက်အနေအထားဖြင့်ရှိနေသည့် နွေဦး၏ကိုယ်ပေါ် မိမိ၏အပေါ်ဝတ်ရုံကိုချွတ်ကာ လွှမ်းပေးပြီး ပွေ့ချီကာ ပြောလိုက်သည်။
နွေဦးသည် ညင်သာသောလေသံနှင့်အတူ အအေးလှိုင်းတစ်ခုကြောင့် ချက်ချင်း အိပ်မောကျသွားတော့သည်။ နွေဦးအိပ်မောကျသွားတော့မှ သူရက ထိုသုံးဦးကို လူသတ်ချင်သည့် အေးစက်စက်မျက်ဝန်းနှင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ကို ဘယ်သူခိုင်းလိုက်တာလဲ.."
မှော်ဆရာသုံးဦးသည် ကျောက်ရုပ်ပမာ ဖြစ်နေသော်လည်း သွေးကြောများထဲ ပိုးကောင်လေးများဝင်ရောက်ပြီး ကိုက်ခံနေရသလို ခံစားနေရပြီး တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များကျကာ ဝေဒနာခံစားနေရသဖြင့် သူရမေးလာသောအခါ လိမ်မပြောဝံ့ဘဲ အမှန်အတိုင်း ဖွင့်ဟတော့သည်။
"သခင်မကြီးပါ.. သခင်မကြီးက ဒီကောင်လေးကို ဖျက်ဆီးပြီး နှိပ်စက်ခိုင်းတာပါ.."
"ကျွန်တော်တို့ကို ခွင့်လွှတ်တော်မူပါ သခင်လေး.. ကျွန်တော်တို့က ခိုင်းလို့လုပ်ရတာပါ.."
သူရသည် ထိုသုံးဦး၏စကားကို နားမထောင်တော့ဘဲ ထားရစ်ကာ နွေဦးကိုပွေ့ချီပြီး မိမိအဆောင်ကို ပျံသန်းလာခဲ့စဉ် ရူပကလျာဏီ အခေါ်လွှတ်လိုက်သည့်လူနှင့် တွေ့လိုက်သည်။
"သခင်လေးကို အရှင်သုပညာက ညီလာခံတက်ဖို့ ပြောလိုက်ပါတယ်.."
"ကောင်းပြီ.. အခုလာခဲ့မယ်.."
သူရက ထိုသို့သာပြောပြီး နွေဦးကို အဆောင်ထဲခေါ်သွင်းပြီး အိပ်ယာပေါ် ညင်သာစွာချလိုက်သည်။ သတိမေ့နေသည့် နွေဦး၏တစ်ကိုယ်လုံးကို ယူကျုံးမရစွာကြည့်ကာ လက်ဝါးနှစ်ဖက်တွင် လစွမ်းအင်ကိုစုစည်းကာ တစ်ကိုယ်လုံး တစ်လက်မမကျန် လစွမ်းအင်ဖြင့် သန့်စင်ပေးလိုက်တော့သည်။
ပုံမှန်မှော်ဆရာအနေနှင့်ပြောရလျှင် သန့်စင်သည့်စွမ်းအင်ကို ရန်သူနှင့်တိုက်ခိုက်ဖို့ သေချာသိုလှောင်ထားတတ်ကြသည်။ သူရအတွက်တော့ နွေဦးလောက် ဘယ်အရာကမှ တန်ဖိုးမရှိပါ။ ပြီးတော့ မိမိပိုင်သည့် ကောင်လေး၏ကိုယ်ပေါ် သူတစ်ပါး၏အရိပ်အငွေ့များ ထင်ကျန်နေသည်ကို ဘယ်လိုမှသည်းမခံနိုင်ပေ။
ဒါကြောင့် မိမိကိုယ်ထဲမှ နိုးထလာသည့် ရှေးဟောင်း လနတ်သမီး၏ အစွမ်းကိုသုံးကာ နွေဦးကိုယ်ပေါ်မှ ညစ်ပတ်သည့်မှော်စွမ်းအင်ကို သုတ်သင်ပစ်ရင်း တစ်လက်စတည်း မင်းသတိုး၏အရိပ်အငွေ့ကိုပါ ရှင်းလင်းပစ်လိုက်သည်။ အပေါ်ယံရှင်းလင်းပြီးနောက် သူရသည် သတိမေ့နေသော နွေဦး၏နှုတ်ခမ်းကို ငုံ့ကာနမ်းလိုက်သည်။
နှုတ်ခမ်းလေးကို လျှာနှင့်တစ်ချက်လျက်လိုက်ပြီး အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်းကို ငုံခဲကာ လျှာများကို အထဲသို့ တိုးဝင်မွှေနှောက်လိုက်ပြီး နွေဦး၏လျှာကို ရစ်ပတ်လိုက်သည်။ ထို့နောက် မိမိကိုယ်ထဲမှ သန့်စင်သည့်လစွမ်းအင်ကို နွေဦးကိုယ်ထဲထည့်သွင်းကာ အထဲမှာရှိနေသည့် မင်းသတိုး၏မှော်စွမ်းအင်ကို အေးခဲကာ တစ်စစီလုပ်ပြီး နွေဦးကိုယ်ထဲမှ အနီရောင်ချွေးစက်များအဖြစ် ထွက်လာစေသည်။
ယခုအချိန်တွင် သူရ၏ကိုယ်ထဲ မကုန်ဆုံးနိုင်သည့်မှော်စွမ်းအင်တို့ နိုးထလာပြီဖြစ်လို့ နွေဦး၏တစ်ကိုယ်လုံးကို စိတ်တိုင်းကျ မှော်စွမ်းအင်ပေးသွင်းကာ အထပ်ထပ် သန့်စင်ပစ်လိုက်သည်။ ယခုအချိန်တွင် နွေဦး၏ကိုယ်လေးက မည်သည့်မှော်အရိပ်မှ မရှိတော့ဘဲ မိမိအစွမ်းဖြင့်လွှမ်းခြုံထားသည့် မိမိပိုင်အရုပ်ကလေး ဖြစ်လာတော့သည်။
"နွေဦးလေး.. မင်းလေးက ကိုယ်တစ်ယောက်တည်းပိုင်တဲ့သူ.. ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ရဘူး.. ဘယ်သူ့အထိအတွေ့ကိုမှ မခံရဘူး.. မင်းက ကိုယ်တစ်ယောက်တည်းကိုပဲ ချစ်ရမယ်.. ကိုယ့်တစ်ယောက်တည်းရဲ့ ဆန္ဒကိုပဲ လိုက်လျောရမယ်.. မင်းက ကိုယ်ပိုင်တဲ့ အရုပ်လေးပဲ.."
ထိုစကားကိုရေရွတ်ပြီး သူရ ကျေနပ်စွာ ရယ်မောလိုက်သည်။ ယခုအခါ နွေဦး၏တစ်ကိုယ်လုံး အညစ်အကြေးကင်းစင်ကာ အသားအရေကအစ မွေးကင်းစကလေးရဲ့ အသားအရေလို သန့်စင်ကာ တစ်လက်မမကျန် လျှာနှင့်လျက်ချင်စိတ် ပေါ်လာစေသည်။ ပြီးတော့ ရင်ဘတ်မှ ရဲရဲနီသောပွင့်ဖတ်လေးက စားလှည့်ပါလို့ ဖိတ်ခေါ်နေသလို။ နောက် နွေဦး၏အငယ်လေးက လှပတင့်တယ်ကာ ဆုပ်ကိုင်ဆော့စကားချင်စဖွယ် သူရကို မြှူစွယ်နေတော့သည်။
ဒါပေမယ့် သူရ စိတ်ကိုထိန်းကာ နွေဦးကို ဝတ်စုံတစ်စုံ ဝတ်ထားပေးပြီး စောင်ခြုံပေးကာ အခန်းကို သန့်စင်သည့်မှော်စွမ်းအင်နှင့် ပိတ်ဆို့ကာ ညီလာခံကိုထွက်လာခဲ့သည်။ ရန်ညှိုးကို အရင်ရှင်းရမည်။ ပြီးမှ ဒီကောင်လေးနှင့် တူနှစ်ကိုယ်ချစ်ပွဲကို ဆင်နွှဲရမည်။ ဒီကောင်လေးကိုယ်တိုင် သူ့ကိုချစ်ပါဟု တောင်းဆိုလာတော့မှ မင်းသတိုးရှေ့ ချစ်တင်းနှောပြမည်ဟုတွေးကာ ကျေနပ်စွာထွက်လာခဲ့သည်။
••••••••••••••••••••••••••••••
ရူပကလျာဏီသည် မိမိလက်ပါးစေ ပြောသည့်စကားကိုကြားသော် ထိတ်လန့်သွားပြီး သစ်တောထဲမှ မိမိလူကိုသွားကြည့်ရန် ခိုင်းစေလိုက်ပြီး ခန်းမထဲဝင်လာသည့်သူရကို မုန်းတီးစွာ လှမ်းကြည့်လိုက်သည်။ သို့သော် သူရ၏ကိုယ်မှ ထွက်ပေါ်နေသည့် လစွမ်းအင်ကိုတွေ့သော် ရူပကလျာဏီ လန့်ဖျပ်သွားတော့သည်။
"ရှေးဟောင်း လနတ်သမီးရဲ့အစွမ်း နိုးထလာပြီ.."
အရှင်သုပညာသည်လည်း မင်းသတိုး၏ကိုယ်ထဲမှ မူလစွမ်းအင် ပေါက်ကွဲထွက်ကာ အဆင့်တက်သွားသဖြင့် မင်းသတိုးကိုဖမ်းဖို့ အထိအခိုက်များမည်ကိုတွေးကာ စိတ်ရှုပ်နေစဉ် မိမိတပည့်၏ကိုယ်ထဲမှ မူလစွမ်းအင် နိုးထလာသည်ကိုတွေ့သော် ဂုဏ်ယူဝမ်းသာသွားသည်။
==========================================