အသက်ကို အသက်လိုငြိတွယ်သူမယ်

Por SummerMaung

550K 25.9K 1.7K

ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်း... Más

Intro
1
2
3
4
6
7
Photo
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59 (ဇာတ်သိမ်းပိုင်း)
Extra 1
Extra 2
Extra 3
Extra 4

5

7.8K 331 23
Por SummerMaung

💝 Part - 5 💝

◽◽◽◽◽

"အသက်ကလေး အပြင်မှာ ဒက်ဒီတို့ရောက်နေတယ်"

အခန်းတံခါးကိုခေါက်ရင်း ခေါ်လိုက်တော့ အသက်က ချက်ချင်းဖွင့်ပြီးထွက်လာကာ စွပ်ကျယ်အဖြူလေးက ချွေးတွေဖြင့်စိုကပ်နေ၏။
Airconကများ အလုပ်မလုပ်သလားဟု လှမ်းကြည့်မိတော့လည်း 24အထိရောက်နေ၍ ဒီကလေးမအခန်းထဲမှာ လေ့ကျင့်ခန်းလုပ်နေသလား…

"လေးဘုန်း"

ပီဘိကလေးငယ်လေးလို ခုန်ပေါက်ပြီး ဒက်ဒီ့အနားကပ်သွားပြီးမှ ချွေးတွေစိုနေတာကို သူမ သတိရသွားပုံရသည်။
ဟဲခနဲရယ်ပြပြီး ခြေစုံရပ်သွားတော့ ဒက်ဒီကပဲရှေ့တိုးကာ အသက်ကိုယ်လေးကို ဖွဖွလေးပွေ့ဖက်ပြီး နှုတ်ဆက်သည်။
ပုံမှန်ဆို ဒက်ဒီက အသန့်အပြန့်ကြိုက်သူဖြစ်ပေမယ့် တစ်ဦးတည်းသောတူမလေးကိုတော့ ငြိုငြင်ဟန်မရှိဘဲ ဆံပင်တွေဖွနေသည်မှာ ယုယုယယ…

"သမီး လေ့ကျင့်ခန်းလုပ်နေတာ"

"Gymသွားလေ သမီးရဲ့ မြေညီထပ်မှာ GYMရှိတယ် memberမဝင်နဲ့ ဘုန်းတန်ခိုးတူမလို့သာ ပြောလိုက်"

"ဟုတ် ရာရာကရော မခေါ်တော့ဘူးလား"

"ပေတိပေစုတ်လေးနဲ့ ကြည့်ဦး"

အသက်က တစ်ခါတလေ မာမီ့ကိုရာရာဟုခေါ်တတ်ပြီး ငယ်ငယ်ကတည်းက မာမီ့လိုဒေါက်မြင့်စီးတတ်အောင် လေ့ကျင့်နေခဲ့သူ။
မာမီကလည်း ဒက်ဒီ့နည်းတူ တယုတယပွေ့ဖက်နှုတ်ဆက်ကာ အသက်ကို ခေါင်းအစခြေအဆုံးလိုက်ကြည့်နေ၏။

"မိန်းကလေးနဲ့ကိုမတူဘူး ချစ်ခြင်းစိတ်ညစ်မယ်ဆိုလည်း ညစ်လောက်ပါရဲ့"

"ရာရာကလည်း မေမေက အသက်ကို သူ့လိုဖြစ်စေချင်တာ ဒါပေမယ့် အသက်မှမနေချင်တဲ့ဟာ"

"မနေလို့မရဘူးလေ မိန်းကလေးဆိုတာ မိန်းကလေးနဲ့တူအောင်နေရမှာပေါ့"

"အခု အသက်က ငယ်ပါသေးတယ် ထားလိုက်ပါ Baeရယ် ကလေးကိုစိတ်ကျဥ်းကြပ်အောင်မလုပ်နဲ့"

"လေးဘုန်းအကောင်းဆုံးပဲ"

ဒက်ဒီ့ပခုံးကိုမှီပြီး ခပ်ချွဲချွဲလေးပြောတော့ သူ အမြင်ကတ်သွားပြီး ပန်းနုသွေးလွန်းသော ဒင်းကို ကြိတ်ကျိန်ဆဲမိ၏။
ဒါကို အသက်ကမြင်လိုက်ဟန်ဖြင့် သူ့ကို အသံတိတ်ပြန်ကျိန်ဆဲပြသည်။

"ဆိုတော့ အသက်က ဒီကိုဘာလို့ရောက်လာတာလဲ သမီးဖေဖေက ဘာမှာလိုက်လဲ"

"ကျောင်းသွားမတက်ခင် မြေပြန့်မှာသွားနေလို့ ပြောတာပဲ တခြားဘာမှမမှာလိုက်ဘူး"

ဒက်ဒီ့မျက်ခုံးတွေ ပင့်တက်သွားသလို မာမီကလည်း ထူးဆန်းသွားဟန်ဖြင့် ဒက်ဒီ့ကိုကြည့်နေပြီး ဦးယံရဲ့ဆန္ဒဟာ ဒီလောက်မရိုးရှင်းဟု သူလည်း ထင်မိသည်။
Black tigerရဲ့အိမ်ရှေ့မင်းသမီးဟာ Leoponရဲ့အိမ်ရှေ့မင်းသမီးကြောင့် ကိစ္စပြတ်ခဲ့ရ၍ ထိုလူတွေဟာ အသက်ကိုသာ ဦးတည်မှာသေချာ၏။
ဒါကို ဦးယံမသိဘဲနေမှာမဟုတ်…

"ကြားရတာတော့ ထူးထူးဆန်းဆန်းပဲ ဒါပေမယ့် အစ်ကိုကတော့ မသေချာဘဲဘာမှမလုပ်ပါဘူး"

"အဲ့ဒါဆို မြေပြန့်မှာဘာလုပ်မလဲ သမီးရဲ့လေးဘုန်းနဲ့အလုပ်လုပ်မလား"

"အသက် သင်တန်းတက်ချင်တာ"

"ဘာသင်တန်းလဲ"

"စကားပြောသင်တန်းတစ်ခုခုပေါ့ ပြီးတော့ အသက် တက်ရမယ့်ကျောင်းက Economic and Financeပိုင်းဆိုတော့ အဲ့ဒါနဲ့ဆိုင်တဲ့သင်တန်းတွေ တက်ချင်တယ်"

"ဒါဆို လေးဘုန်းရှာထားလိုက်မယ် တစ်ခုပဲနော် သမီး သမီးက သမီးကိုကိုနဲ့နေမယ်ဆို ကိုကိုမသိအောင်ဘာမှမလုပ်ရဘူး ကြားလား"

"ဟုတ်"

"သားကလည်း ညီမလေးလိုတာအကုန်လုပ်ပေးလိုက် အဆင်မပြေတာရှိရင် မာမီ့ကိုပြော"

"ဟုတ်ကဲ့ မာမီ"

ဒက်ဒီရော၊ မာမီကပါ ဒီငမွှေထိုးကို ရွှေမင်းသမီးလေးလိုဥထားကြတာမို့ အသက်ရဲ့မျက်နှာက ပြုံးဖြီးဖြီးဖြစ်လာကာ ဒါသည် မကောင်းသောနိမိတ်ဖြစ်သည်။
အသက်ဟာ ပြဿနာကို မီးထွန်းရှာတတ်သူမဟုတ်၊ ဆလိုက်မီးထိုး၍ ရှာတတ်သူဖြစ်သည်။

"မင်း သူငယ်ချင်းကိုဘယ်လိုလုပ်မလဲ"

အသက်နဲ့မာမီ မီးဖိုခန်းဝင်သွားတုန်း ဒက်ဒီကမေးလာတော့ သူ ပခုံးတွန့်ပြလိုက်သည်။
ဒီလောကမှာ ဒက်ဒီနဲ့ဦးယံမသိအောင် ဘာမှလုပ်မရပါလားဟု တွေးနေမိချိန်…

"အသက်က မင်းနဲ့နေချင်လို့ရောက်လာတာနော် ပြီးတော့ အစ်ကို့ရဲ့တစ်ဦးတည်းသောသမီး
ကြုံရာလူနဲ့ငြိသွားလို့မရဘူး"

"ကြုံရာလူမဟုတ်ပါဘူး ဒက်ဒီ"

"Mafiaလည်းမဟုတ်ဘူးလေ Leoponကဘာလဲ မင်းမသိလို့လား"

သူ ခေါင်းကိုသာ ခါပြလိုက်သည်။
မိဘနဲ့စကားများပြီး လူချည်းသက်သက်ဆင်းလာသော ဟိုငနဲကိုလည်း ပထုတ်ဖို့အားနာမိသလို ကိုယ့်ညီမ နုနုထွတ်ထွတ်လေးနဲ့လည်း တစ်အိမ်တည်းနေလို့မဖြစ်။

"ခဏပါပဲ ဒက်ဒီ တစ်ပတ်လောက်နေရင် ပြန်မှာပါ အဲ့ဒီတစ်ပတ်တော့ နေခွင့်ပေးလိုက်မယ် အဲ့ဒီနောက်မှာမှ အဆင်မပြေသေးရင်တော့ သူ့အတွက် တစ်ခန်းငှားပေးလိုက်တော့မယ်"

"မင်းမှာလည်း ဘော်ဒါကဏ္ဍတော့ရှိမှာပဲ အဆင်ပြေသလိုလုပ်.. ငါမှာတယ်နော်"

ဒက်ဒီ့အသံက အေးစက်မာကျောသွား၏။
ဤအသံအနေအထားအရ အသက် ဘဲရသွားလျှင် သူ အထောင်းးခံရမည့်သဘောရှိသည်။

"ဒက်ဒီကလည်း ကျွန်တော်ကသားအရင်းပါ"

"မင်းအမေမွေးထားလို့ မင်းကိုချစ်ပေးနေရတာ ငပွေငရှုပ်ကောင်"

အခါအခွင့်သင့်တိုင်း ဒီလိုအဖဲ့ခံနေကျမို့ သူ ရှုံ့မဲ့သွားချိန် အသက်နဲ့မာမီက အခန်းထဲပြန်ဝင်လာ၏။
အန်တီဘေဘီက ဘာလို့များ ဒင်းကိုတစ်ယောက်တည်းမွေးခဲ့ပါလိမ့်…
၄၊ ၅ယောက်လောက်သာ မွေးလိုက်လျှင် ဒင်းလေး ကိုကိုဆိုပြီးလည်း သူ့ကိုလာမွှေနေမှာမဟုတ်ချေ။

"သားရေ ပြီးရင် အသက်ကို ကားShowroomလိုက်ပို့လိုက်ဦး ကားလဲချင်လို့တဲ့"

"ရတယ် ရာရာ အသက် ကိုကို့ကားပဲယူစီးချင်လို့"

"ဟ!.. ငါ့ကားက ဖယ်.."               "လေးဘုန်း"

ငြင်းတောင်မငြင်းရသေးမှီ ဒက်ဒီ့ကိုတိုင်သလိုခေါ်လိုက်၍ ဒက်ဒီ့ရဲ့စူးစူးရဲရဲအကြည့်တွေကြောင့် သူဟာ အော်တိုမစ်တစ်ပါးစပ်ပိတ်သွားရ၏။
ဝယ်ထားတာ နှစ်ဝက်တောင်မရှိသေးသော သူ့ကားအသစ်ကလေးကို ဘယ်တုန်းကများ တွေ့သွားလို့ တောင်းနေတာလဲ…

"ငါ့ကားက Farrierနော် ဦးယံက မီးရှို့နေဦးမယ်"

"ရတယ် ကိုကို့မျက်နှာကြီးသာစူပုတ်မနေနဲ့ အသက်ရဲ့ကားက မြေပြန့်သွားမယ်ဆိုမှ ဖေဖေကလဲပေးလိုက်တာ BMWနော်"

"သိပါတယ် ငါကလွဲရင် အားလုံးက BMWတွေချည်းပဲ"

"အဲ့ဒါကြောင့် ကိုကိုကားကိုယူချင်တာ"

ပြေလည်ရေးရသွားပြီမို့ မောင်နှမနှစ်ယောက် လက်သီးချင်းတိုက်လိုက်ကြတော့ ဒက်ဒီတို့က ပြုံးပြီးခေါင်းညိတ်ပြ၏။

"ဒါဆို ဒက်ဒီတို့ပြန်တော့မယ် သမီး ဒီကောင်အချိုးမပြေရင်လည်း လေးဘုန်းကိုလာတိုင်"

"ဟုတ်"

ဟုတ်ဆိုသည့်မျက်နှာဟာ စပ်ဖြဲဖြဲနှင့်မို့ အသက်ဟာ သူ့ခေါင်းကိုတက်နင်းထားသလို ခံစားလိုက်ရသည်။
ဒါ တကယ်မကောင်းတဲ့နိမိတ်ပဲ…

💝💝◽◽◽💝💝

ဒီနေ့တော့ အိမ်အပြန်နောက်ကျနေသလို နည်းနည်းလည်းမူးနေမိ၍ ငလျှံဆဲတော့မှာကိုသိနေကာ အခန်းတံခါးကိုဆွဲဖွင့်လိုက်၏။
၁၁နာရီထိုးခါနီးပြီမို့ တစ်ခန်းလုံးမှာ ညမီးအလင်းဖျော့ဖျော့လေးသာ ရှိသည်။
တစ်အိမ်လုံးတိတ်ဆိတ်နေ၍ သူ ရေသောက်ဖို့အတွက် မီးဖိုခန်းထဲ ခြေဖွပြီးဝင်လာခဲ့သည်။
သို့သော် သူ့နားရွက်အနားမှဖြတ်ကာ ဒုတ်ခနဲအသံနှင့်အတူ ရေခဲသေတ္တာတံခါးမှာ စိုက်ဝင်နေသော ဓားးလေးတစ်ချောင်း။

"Open the light "

Voice commandနှင့်အတူ ဖွေးခနဲလင်းလာသော မီးရောင်အောက်မှာ သူ့ကိုဓားးနဲ့ရွယ်နေသော ဟိုကောင်မလေး…

"မင်း ငါ့ကိုဓားးနဲ့ပေါက်တာလား"

"Sorry လူမှားသွားလို့"

"လူမှားစရာလား အခန်းက passwordနဲ့ ဘယ်သူသိလို့လဲ"

"ရှင်သိတယ်လေ"

အနည်းငယ်အေးနေသည့် ညဘက်မှာတောင် စွပ်ကျယ်အနက်ကလေးနှင့် ဘောင်းဘီအတိုဝတ်ထားသော တောင်ကြီးသူမက တော်တော်လေးပူအိုက်နေပုံရသည်။
လက်မောင်းမှာလည်း ချွေးတွေစို့နေသောကြောင့် ဖြူဥသောအသားအရေက ပိုပြီးဝင်းစက်နေ၏။
စူးရှသော မျက်လုံးလေးတွေက အရွယ်နဲ့မလိုက်အောင် လင်းလက်နေကာ ဘယ်သူ့ကိုမှကြောက်မည့်ပုံလည်းမပေါ်ချေ။
ဒီကလေးမ အရင်ကနဲ့ တကယ်မတူတော့ဘဲ…

"ဒီအချိန်မှပြန်လာတာလား"

"၁၁နာရီပဲရှိသေးတယ် နောက်ကျလို့လား"

"မကျပါဘူး ဒါပေမယ့် ကျွန်မ မကြိုက်ဘူး"

မျက်နှာထားတင်းတင်းလေးဖြင့်ပြောလာတော့ ထိုမျက်နှာကို ရိုဂာ်ဖြဝာ်ပစ်ချင်သွားပေမယ့် တကယ်တမ်း လက်သီးနဲ့အထိူးခံရ၊ ဓားးနဲ့အပေါက်ခံနေရတာက သူ…
နည်းနည်းလေးမှ သတိမလွတ်သင့်သည့်မိန်းကလေးပဲ…

"မင်း တော်တော်ဆိုးလာတယ်"

ရေဘူးကိုဖွင့်ကာ ဖန်ခွက်ထဲထည့်ပြီး သူမကိုအရင်လှမ်းပေးလိုက်တော့ သက်ထက်ဘုန်းလျှံက လှမ်းယူပြီး မော့သောက်ပစ်လိုက်တာ တစ်ကျိုက်တည်း။
အနည်းဆုံးတော့ မိန်းကလေးဆန်ဆန် ဟန်ဆောင်ပန်ဆောင်နဲ့ နည်းနည်းလေးချင်းသောက်တာမျိုး မဖြစ်သင့်ဘူးလား…
ဧကန္တ မိန်းကလေးအစစ်ရော ဟုတ်ရဲ့လား…

"ဆိုးလာတယ်ဆိုတော့ ရှင်က အသက်ကိုအရင်တုန်းကသိတယ်လား"

"မင်း ဘုန်းFamily privateမှာ ကျောင်းတက်သွားသေးတယ်မလား"

"ရှင်က ဘယ်သူလဲ"

ထိုအခါမှ ပြူးပြဲကြည့်လာသည့်မျက်လုံးလေးတွေကြောင့် သူ တစ်ချက်ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

"မင်း ၆တန်းနှစ်တုန်းက ငါ ၁၀တန်း မင်းအစ်ကိုနဲ့အတူတူ Basketballကစားခဲ့တာ"

ထိုအခါမှ ဒင်းလေးကမှတ်မိသွားပုံရပြီး လက်ညှိုးလေးထိုးကာ…

"Aww.. ဟိုအစ်ကိုကြီး မှတ်မိပြီ Bioဆရာရဲ့ကားဘီးကို သံစူးနဲ့ထိုးတဲ့အစ်ကိုကြီး"

"ဟ!!"

"အယ်.. ကျန်ပါသေးတယ် မိုးရွာနေတုန်း ဘောလုံးကန်ခိုင်းလို့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းတာလေ"

သူ ရှုံ့မဲ့သွားရသလို မဟုတ်တာလုပ်ခဲ့တာတွေမှ သတိရသော ဒင်းကိုသာ ဂွပ်ခနဲ ဂွပ်ခနဲခေါင်းခေါက်ပစ်ချင်သွားမိသည်အထိ။
ထို့ကြောင့် လက်ပိုက်ရပ်လိုက်တော့ သူမက ဟီးခနဲရယ်ပြကာ…

"နာမည်တော့မမှတ်မိဘူး ကိုကိုကတော့ ကျွဲကြီးလို့ခေါ်တာပဲလေ"

"အေး ကောင်းတယ်"

မျက်နှာရှစ်ခေါက်ချိုးဖြစ်သွားသော ထိုလူကြီးကြောင့် အသက် အသည်းယားသွားရပြီး နာမည်ကိုအသည်းအသန်ပြန်စဥ်းစားတော့လည်း ကျွဲကြီးဆိုတာကလွဲပြီး ပေါ်မလာ။
၁၀တန်းနှစ်ဝက်မှပြောင်းလာပြီး ကိုကို့ဘော်ဒါဖြစ်သွားခဲ့တာမို့ အသက် မမှတ်မိတာ မဆန်းပါ။
ဘုန်းFamilyဆိုတာ ကိုကိုနဲ့အသက်အတွက် ဖေဖေဝယ်ထားသည့်ကျောင်းဖြစ်ကာ နေရာတကာတော်နေရမည်ဆိုသော အတွေးဖြင့် ကျန်တာဘာမှဂရုမစိုက်အားခဲ့ဘဲ…

"ကိုကျွဲကြီး"

"အေးနော် ငါ့ကိုအဲ့လိုထပ်ခေါ်ရင် မင်းကိုဆွဲပြီးလွှင့်ပစ်မှာ"

"ဟုတ်လား ထိကြည့်လေ"

မေးဆတ်ပြီး စိန်ခေါ်သလိုပြောလိုက်တော့ ထိုလူကြီးက ရေခဲသေတ္တာမှာကျောကပ်သွားကာ…

"ငါနဲ့ဝေးဝေးနေစမ်း မင်းအစ်ကိုက ၆ပေအကွာမှာနေဖို့ပြောသွားတယ်"

"အမလေး ကြီးကျယ်မနေစမ်းပါနဲ့"

အသက် မျက်စောင်းထိုးပစ်လိုက်ကာ ရေခဲသေတ္တာပေါ်စိုက်ဝင်နေသော ဓားးလေးကိုဆွဲနှုတ်တော့ အခန်းတံခါးဝမှာ ကိုကိုရောက်နေပြီဖြစ်သည်။
ကိုကိုက မျက်လုံးကြီးပြူးကာ အသက်ကို ဝါးစားပစ်တော့မတတ် စူးစူးရဲရဲကြီးကြည့်ကာ…

"ငါ့Freezerကို ဓားးနဲ့ပေါဂာ်တယ် အသက်မ"

"သူ့ကို သူခိုးမှတ်လို့"

"ဘာ!!"

"လူခြေတိတ်မှ ခိုးဝင်လာတာကိုး ကိုကျွဲကြီးက"

"ငါ့ကိုအဲ့လိုမခေါ်နဲ့လို့ ပြောနေတယ်နော်"

"အဲ့ဒီကျွဲကိုအသာထား လာ.. အသက် နင့်လဂာ်နက်တွေ အကုန်ထုတ်စမ်း"

"ဒါလေးပဲပါတာ"

ဓားးဝာိုလေးသာထုဝာ်ပြလိုက်ပေမယ့် ကိုကိုကမယုံဘဲ အသက်အနားထိလျှောက်လာပြီး လက်ထဲကဓားးလေးကိုလညါးဆွဲယူသည်။
စွပ်ကျယ်အင်္ကျီရဲ့ခါးကြားမှာညှပ်ထားသည့် ပစ္စတိူတစ်လက်ကိုလည်း ထုတ်ယူသွားပြီး ပေါင်မှာအနက်ရောင်ဇာနှင့်ကပ်ကာဖွက်ထားသည့် ဓားးမြောငိကိုလည်း ဆွဲယူသွား၏။
အသက်ဆံထုံးမှာစိုက်ထားသည့် ဆံထိုးကိုလည်း ဆွဲနှုတ်သွားကာ လည်ပင်းမှာရှိသော Heartbeatပုံစံ လက်နဂာ်ပုန်းကိုလည်း ဖြုတ်ယူသွားတော့ စားပွဲပေါ်မှာ အပုံလိုက်ဖြစ်သွား၏။

"ကုန်ပီလား"

"ကိုကိုနော်"

"ကြည့်စမ်း နင် တကယ်မလွယ်တဲ့ဟာလေးပဲ ဒါတွေတစ်ချိန်လုံးဆောင်ထားရအောင် တို.က်ပွဲထဲရောက်နေတယ်ထင်နေတာလား"

"ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လေ"

"မလိုဘူး ညီမလေး နောက်ထပ်ဒါတွေဆောင်မထားနဲ့ ဒီကွန်ဒိုကလည်း ဒက်ဒီလုပ်ထားတာ ငါကလည်းနင့်အနားမှာပဲရှိတာ အရင်တစ်ခါလိုမဖြစ်စေရဘူး"

"ဖြစ်လည်း အသက်က တွေဝေနေမယ့်သူမဟုတ်ပါဘူး"

"ငါသွားသင့်ပြီထင်တယ်"

တစ်ယောက်ကိုတစ်ယောက် ခပ်စူးစူးကြည့်ရင်း ပြောမိတော့ ဟိုလူကြီးက မသိမသာရှောင်ထွက်သွားတော့သည်။
အသက်တို့ပြောနေတာက မိသားစုအရေးဘက် ရောက်သွားပြီမဟုတ်လား…

"ဒီအိမ်မှာနေရင် ဒီအိမ်ရဲ့စည်းကမ်းကိုလိုက်နာရမယ် ပြီးတော့ နင့်အစ်ကိုတစ်ယောက် အနေနဲ့ပါပြောမယ် မြေပြန့်မှာ နင့်အတွက် အန္တရာယ်ရှိကောင်းရှိနိုင်တယ် ဒါပေမယ့် ဒီမြို့ထဲမှာတော့ ဘုန်းတန်ခိုးရဲ့တူမကို ထိရဲတဲ့သူမရှိဘူး"

"ကိုကိုကရော"

"ငါကနာမည်ကြီးမှမဟုတ်တာ ဒါပေမယ့် နင်ငါနဲ့ရှိနေသ၍ ဘယ်ရန်သူမှ ဒီအိမ်ယာဝင်းအနား လာလို့မရစေရဘူး အဲ့ဒီတော့ အိမ်မှာ လက်နဂာ်မကိုင်ရဘူး ဒါစည်းကမ်းပဲ"

ဟု ဆိုကာ အသက်ပစ္စည်းတွေ အားလုံးကို ကောက်ယူသွားလေသည်။

"ဒါနဲ့ အဲ့ဒီကိုကျွဲကြီးက ဒီမှာပဲနေတော့မှာလား"

"ပြောင်းခိုင်းဖို့အဆင်မပြေသေးဘူး အသက် ခဏတော့သည်းခံပေး.. ပြီးတော့ ဒီကောင်က နင့်ကိုနှောက်ယှက်မယ့်သူမဟုတ်ဘူး"

"နာမည်က ဘာတဲ့လဲ သိသာသိပြီးမမှတ်မိတော့လို့"

"မင်းနေရာ"

💝💝◽◽◽💝💝

Part 6 ဆက်ရန်

ဘယ်သူတဲ့လဲဟေ့ ပရိသတ်😋

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~

💝 Part - 5 💝

◽◽◽◽◽

"အသက္ကေလး အျပင္မွာ ဒက္ဒီတို႔ေရာက္ေနတယ္"

အခန္းတံခါးကိုေခါက္ရင္း ေခၚလိုက္ေတာ့ အသက္က ခ်က္ခ်င္းဖြင့္ၿပီးထြက္လာကာ စြပ္က်ယ္အျဖဴေလးက ခၽြေးေတျြဖင့္စိုကပ္ေန၏။
Airconကမ်ား အလုပ္မလုပ္သလားဟု လွမ္းၾကၫ့္မိေတာ့လည္း 24အထိေရာက္ေန၍ ဒီကေလးမအခန္းထဲမွာ ေလ့က်င့္ခန္းလုပ္ေနသလား…

"ေလးဘုန္း"

ပီဘိကေလးငယ္ေလးလို ခုန္ေပါက္ၿပီး ဒက္ဒီ့အနားကပ္သြားၿပီးမွ ခၽြေးေတြစိုေနတာကို သူမ သတိရသြားပံုရသည္။
ဟဲခနဲရယ္ျပၿပီး ေျခစံုရပ္သြားေတာ့ ဒက္ဒီကပဲေရ႔ွတိုးကာ အသက္ကိုယ္ေလးကို ဖြဖြေလးေပြ့ဖက္ၿပီး ႏႈတ္ဆက္သည္။
ပံုမွန္ဆို ဒက္ဒီက အသန႔္အျပန႔္ႀကိဳက္သူျဖစ္ေပမယ့္ တစ္ဦးတည္းေသာတူမေလးကိုေတာ့ ၿငိဳျငင္ဟန္မရိွဘဲ ဆံပင္ေတြဖြေနသည္မွာ ယုယုယယ…

"သမီး ေလ့က်င့္ခန္းလုပ္ေနတာ"

"Gymသြားေလ သမီးရဲ့ ေျမညီထပ္မွာ GYMရိွတယ္ memberမဝင္နဲ႔ ဘုန္းတန္ခိုးတူမလို႔သာ ေျပာလိုက္"

"ဟုတ္ ရာရာကေရာ မေခၚေတာ့ဘူးလား"

"ေပတိေပစုတ္ေလးနဲ႔ ၾကၫ့္ဦး"

အသက္က တစ္ခါတေလ မာမီ့ကိုရာရာဟုေခၚတတ္ၿပီး ငယ္ငယ္ကတည္းက မာမီ့လိုေဒါက္ျမင့္စီးတတ္ေအာင္ ေလ့က်င့္ေနခဲ့သူ။
မာမီကလည္း ဒက္ဒီ့နည္းတူ တယုတယေပြ့ဖက္ႏႈတ္ဆက္ကာ အသက္ကို ေခါင္းအစေျခအဆံုးလိုက္ၾကၫ့္ေန၏။

"မိန္းကေလးနဲ႔ကိုမတူဘူး ခ်စ္ျခင္းစိတ္ညစ္မယ္ဆိုလည္း ညစ္ေလာက္ပါရဲ့"

"ရာရာကလည္း ေမေမက အသက္ကို သူ႔လိုျဖစ္ေစခ်င္တာ ဒါေပမယ့္ အသက္မွမေနခ်င္တဲ့ဟာ"

"မေနလို႔မရဘူးေလ မိန္းကေလးဆိုတာ မိန္းကေလးနဲ႔တူေအာင္ေနရမွာေပါ့"

"အခု အသက္က ငယ္ပါေသးတယ္ ထားလိုက္ပါ Baeရယ္ ကေလးကိုစိတ္က်ဥ္းၾကပ္ေအာင္မလုပ္နဲ႔"

"ေလးဘုန္းအေကာင္းဆံုးပဲ"

ဒက္ဒီ့ပခံုးကိုမွီၿပီး ခပ္ခၽဲြခၽဲြေလးေျပာေတာ့ သူ အျမင္ကတ္သြားၿပီး ပန္းႏုေသြးလြန္းေသာ ဒင္းကို ႀကိတ္က်ိန္ဆဲမိ၏။
ဒါကို အသက္ကျမင္လိုက္ဟန္ျဖင့္ သူ႔ကို အသံတိတ္ျပန္က်ိန္ဆဲျပသည္။

"ဆိုေတာ့ အသက္က ဒီကိုဘာလို႔ေရာက္လာတာလဲ သမီးေဖေဖက ဘာမွာလိုက္လဲ"

"ေက်ာင္းသြားမတက္ခင္ ေျမျပန႔္မွာသြားေနလို႔ ေျပာတာပဲ တျခားဘာမွမမွာလိုက္ဘူး"

ဒက္ဒီ့မ်က္ခံုးေတြ ပင့္တက္သြားသလို မာမီကလည္း ထူးဆန္းသြားဟန္ျဖင့္ ဒက္ဒီ့ကိုၾကၫ့္ေနၿပီး ဦးယံရဲ့ဆႏၵဟာ ဒီေလာက္မရိုးရွင္းဟု သူလည္း ထင္မိသည္။
Black tigerရဲ့အိမ္ေရ႔ွမင္းသမီးဟာ Leoponရဲ့အိမ္ေရ႔ွမင္းသမီးေၾကာင့္ ကိႁစၥပတ္ခဲ့ရ၍ ထိုလူေတြဟာ အသက္ကိုသာ ဦးတည္မွာေသခ်ာ၏။
ဒါကို ဦးယံမသိဘဲေနမွာမဟုတ္…

"ၾကားရတာေတာ့ ထူးထူးဆန္းဆန္းပဲ ဒါေပမယ့္ အစ္ကိုကေတာ့ မေသခ်ာဘဲဘာမွမလုပ္ပါဘူး"

"အဲ့ဒါဆို ေျမျပန႔္မွာဘာလုပ္မလဲ သမီးရဲ့ေလးဘုန္းနဲ႔အလုပ္လုပ္မလား"

"အသက္ သင္တန္းတက္ခ်င္တာ"

"ဘာသင္တန္းလဲ"

"စကားေျပာသင္တန္းတစ္ခုခုေပါ့ ၿပီးေတာ့ အသက္ တက္ရမယ့္ေက်ာင္းက Economic and Financeပိုင္းဆိုေတာ့ အဲ့ဒါနဲ႔ဆိုင္တဲ့သင္တန္းေတြ တက္ခ်င္တယ္"

"ဒါဆို ေလးဘုန္းရွာထားလိုက္မယ္ တစ္ခုပဲေနာ္ သမီး သမီးက သမီးကိုကိုနဲ႔ေနမယ္ဆို ကိုကိုမသိေအာင္ဘာမွမလုပ္ရဘူး ၾကားလား"

"ဟုတ္"

"သားကလည္း ညီမေလးလိုတာအကုန္လုပ္ေပးလိုက္ အဆင္မေျပတာရိွရင္ မာမီ့ကိုေျပာ"

"ဟုတ္ကဲ့ မာမီ"

ဒက္ဒီေရာ၊ မာမီကပါ ဒီငေမႊထိုးကို ေရႊမင္းသမီးေလးလိုဥထားၾကတာမို႔ အသက္ရဲ့မ်က္ႏွာက ႃပံုးၿဖီးၿဖီးျဖစ္လာကာ ဒါသည္ မေကာင္းေသာနိမိတ္ျဖစ္သည္။
အသက္ဟာ ျပႆနာကို မီးထြန္းရွာတတ္သူမဟုတ္၊ ဆလိုက္မီးထိုး၍ ရွာတတ္သူျဖစ္သည္။

"မင္း သူငယ္ခ်င္းကိုဘယ္လိုလုပ္မလဲ"

အသက္နဲ႔မာမီ မီးဖိုခန္းဝင္သြားတုန္း ဒက္ဒီကေမးလာေတာ့ သူ ပခံုးတြန႔္ျပလိုက္သည္။
ဒီေလာကမွာ ဒက္ဒီနဲ႔ဦးယံမသိေအာင္ ဘာမွလုပ္မရပါလားဟု ေတြးေနမိခ်ိန္…

"အသက္က မင္းနဲ႔ေနခ်င္လို႔ေရာက္လာတာေနာ္ ၿပီးေတာ့ အစ္ကို႔ရဲ့တစ္ဦးတည္းေသာသမီး
ႄကံုရာလူနဲ႔ၿငိသြားလို႔မရဘူး"

"ႄကံုရာလူမဟုတ္ပါဘူး ဒက္ဒီ"

"Mafiaလည္းမဟုတ္ဘူးေလ Leoponကဘာလဲ မင္းမသိလို႔လား"

သူ ေခါင္းကိုသာ ခါျပလိုက္သည္။
မိဘနဲ႔စကားမ်ားၿပီး လူခ်ည္းသက္သက္ဆင္းလာေသာ ဟိုငနဲကိုလည္း ပထုတ္ဖို႔အားနာမိသလို ကိုယ့္ညီမ ႏုႏုထြတ္ထြတ္ေလးနဲ႔လည္း တစ္အိမ္တည္းေနလို႔မျဖစ္။

"ခဏပါပဲ ဒက္ဒီ တစ္ပတ္ေလာက္ေနရင္ ျပန္မွာပါ အဲ့ဒီတစ္ပတ္ေတာ့ ေနခြင့္ေပးလိုက္မယ္ အဲ့ဒီေနာက္မွာမွ အဆင္မေျပေသးရင္ေတာ့ သူ႔အတြက္ တစ္ခန္းငွားေပးလိုက္ေတာ့မယ္"

"မင္းမွာလည္း ေဘာ္ဒါက႑ေတာ့ရိွမွာပဲ အဆင္ေျပသလိုလုပ္.. ငါမွာတယ္ေနာ္"

ဒက္ဒီ့အသံက ေအးစက္မာေက်ာသြား၏။
ဤအသံအေနအထားအရ အသက္ ဘဲရသြားလ်ွင္ သူ အေထာင္းးခံရမၫ့္သေဘာရိွသည္။

"ဒက္ဒီကလည္း ကၽြန္ေတာ္ကသားအရင္းပါ"

"မင္းအေမေမြးထားလို႔ မင္းကိုခ်စ္ေပးေနရတာ ငေပြငရႈပ္ေကာင္"

အခါအခြင့္သင့္တိုင္း ဒီလိုအဖဲ့ခံေနက်မို႔ သူ ရႈံ႔မဲ့သြားခ်ိန္ အသက္နဲ႔မာမီက အခန္းထဲျပန္ဝင္လာ၏။
အန္တီေဘဘီက ဘာလို႔မ်ား ဒင္းကိုတစ္ေယာက္တည္းေမြးခဲ့ပါလိမ့္…
၄၊ ၅ေယာက္ေလာက္သာ ေမြးလိုက္လ်ွင္ ဒင္းေလး ကိုကိုဆိုၿပီးလည္း သူ႔ကိုလာေမႊေနမွာမဟုတ္ေခ်။

"သားေရ ၿပီးရင္ အသက္ကို ကားShowroomလိုက္ပို႔လိုက္ဦး ကားလဲခ်င္လို႔တဲ့"

"ရတယ္ ရာရာ အသက္ ကိုကို႔ကားပဲယူစီးခ်င္လို႔"

"ဟ!.. ငါ့ကားက ဖယ္.."               "ေလးဘုန္း"

ျငင္းေတာင္မျငင္းရေသးမွီ ဒက္ဒီ့ကိုတိုင္သလိုေခၚလိုက္၍ ဒက္ဒီ့ရဲ့စူးစူးရဲရဲအၾကၫ့္ေတြေၾကာင့္ သူဟာ ေအာ္တိုမစ္တစ္ပါးစပ္ပိတ္သြားရ၏။
ဝယ္ထားတာ ႏွစ္ဝက္ေတာင္မရိွေသးေသာ သူ႔ကားအသစ္ကေလးကို ဘယ္တုန္းကမ်ား ေတြ့သြားလို႔ ေတာင္းေနတာလဲ…

"ငါ့ကားက Farrierေနာ္ ဦးယံက မီးရိႈ႔ေနဦးမယ္"

"ရတယ္ ကိုကို႔မ်က္ႏွာႀကီးသာစူပုတ္မေနနဲ႔ အသက္ရဲ့ကားက ေျမျပန႔္သြားမယ္ဆိုမွ ေဖေဖကလဲေပးလိုက္တာ BMWေနာ္"

"သိပါတယ္ ငါကလဲြရင္ အားလံုးက BMWေတြခ်ည္းပဲ"

"အဲ့ဒါေၾကာင့္ ကိုကိုကားကိုယူခ်င္တာ"

ေျပလည္ေရးရသြားၿပီမို႔ ေမာင္ႏွမႏွစ္ေယာက္ လက္သီးခ်င္းတိုက္လိုက္ၾကေတာ့ ဒက္ဒီတို႔က ႃပံုးၿပီးေခါင္းညိတ္ျပ၏။

"ဒါဆို ဒက္ဒီတို႔ျပန္ေတာ့မယ္ သမီး ဒီေကာင္အခ်ိဳးမေျပရင္လည္း ေလးဘုန္းကိုလာတိုင္"

"ဟုတ္"

ဟုတ္ဆိုသၫ့္မ်က္ႏွာဟာ စပ္ၿဖဲျဖဲႏွင့္မို႔ အသက္ဟာ သူ႔ေခါင္းကိုတက္နင္းထားသလို ခံစားလိုက္ရသည္။
ဒါ တကယ္မေကာင္းတဲ့နိမိတ္ပဲ…

💝💝◽◽◽💝💝

ဒီေန့ေတာ့ အိမ္အျပန္ေနာက္က်ေနသလို နည္းနည္းလည္းမူးေနမိ၍ ငလ်ွံဆဲေတာ့မွာကိုသိေနကာ အခန္းတံခါးကိုဆဲြဖြင့္လိုက္၏။
၁၁နာရီထိုးခါနီးၿပီမို႔ တစ္ခန္းလံုးမွာ ညမီးအလင္းေဖ်ာ့ေဖ်ာ့ေလးသာ ရိွသည္။
တစ္အိမ္လံုးတိတ္ဆိတ္ေန၍ သူ ေရေသာက္ဖို႔အတြက္ မီးဖိုခန္းထဲ ေျခဖြၿပီးဝင္လာခဲ့သည္။
သို႔ေသာ္ သူ႔နားရြက္အနားမျွဖတ္ကာ ဒုတ္ခနဲအသံႏွင့္အတူ ေရခဲေသတၲာတံခါးမွာ စိုက္ဝင္ေနေသာ ဓားးေလးတစ္ေခ်ာင္း။

"Open the light "

Voice commandႏွင့္အတူ ေဖြးခနဲလင္းလာေသာ မီးေရာင္ေအာက္မွာ သူ႔ကိုဓားးနဲ႔ရြယ္ေနေသာ ဟိုေကာင္မေလး…

"မင္း ငါ့ကိုဓားးနဲ႔ေပါက္တာလား"

"Sorry လူမွားသြားလို႔"

"လူမွားစရာလား အခန္းက passwordနဲ႔ ဘယ္သူသိလို႔လဲ"

"ရွင္သိတယ္ေလ"

အနည္းငယ္ေအးေနသၫ့္ ညဘက္မွာေတာင္ စြပ္က်ယ္အနက္ကေလးႏွင့္ ေဘာင္းဘီအတိုဝတ္ထားေသာ ေတာင္ႀကီးသူမက ေတာ္ေတာ္ေလးပူအိုက္ေနပံုရသည္။
လက္ေမာင္းမွာလည္း ခၽြေးေတြစို႔ေနေသာေၾကာင့္ ျဖဴဥေသာအသားအေရက ပိုၿပီးဝင္းစက္ေန၏။
စူးရွေသာ မ်က္လံုးေလးေတြက အရြယ္နဲ႔မလိုက္ေအာင္ လင္းလက္ေနကာ ဘယ္သူ႔ကိုမွေၾကာက္မၫ့္ပံုလည္းမေပၚေခ်။
ဒီကေလးမ အရင္ကနဲ႔ တကယ္မတူေတာ့ဘဲ…

"ဒီအခ်ိန္မျွပန္လာတာလား"

"၁၁နာရီပဲရိွေသးတယ္ ေနာက္က်လို႔လား"

"မက်ပါဘူး ဒါေပမယ့္ ကၽြန္မ မႀကိဳက္ဘူး"

မ်က္ႏွာထားတင္းတင္းေလးျဖင့္ေျပာလာေတာ့ ထိုမ်က္ႏွာကို ရိုဂာ္ျဖဝာ္ပစ္ခ်င္သြားေပမယ့္ တကယ္တမ္း လက္သီးနဲ႔အထိူးခံရ၊ ဓားးနဲ႔အေပါက္ခံေနရတာက သူ…
နည္းနည္းေလးမွ သတိမလြတ္သင့္သၫ့္မိန္းကေလးပဲ…

"မင္း ေတာ္ေတာ္ဆိုးလာတယ္"

ေရဘူးကိုဖြင့္ကာ ဖန္ခြက္ထဲထည့္ၿပီး သူမကိုအရင္လွမ္းေပးလိုက္ေတာ့ သက္ထက္ဘုန္းလ်ွံက လွမ္းယူၿပီး ေမာ့ေသာက္ပစ္လိုက္တာ တစ္က်ိဳက္တည္း။
အနည္းဆံုးေတာ့ မိန္းကေလးဆန္ဆန္ ဟန္ေဆာင္ပန္ေဆာင္နဲ႔ နည္းနည္းေလးခ်င္းေသာက္တာမ်ိဳး မျဖစ္သင့္ဘူးလား…
ဧကႏၲ မိန္းကေလးအစစ္ေရာ ဟုတ္ရဲ့လား…

"ဆိုးလာတယ္ဆိုေတာ့ ရွင္က အသက္ကိုအရင္တုန္းကသိတယ္လား"

"မင္း ဘုန္းFamily privateမွာ ေက်ာင္းတက္သြားေသးတယ္မလား"

"ရွင္က ဘယ္သူလဲ"

ထိုအခါမွ ျပဴးၿပဲၾကၫ့္လာသၫ့္မ်က္လံုးေလးေတြေၾကာင့္ သူ တစ္ခ်က္ႃပံုးလိုက္ကာ ေခါင္းညိတ္ျပလိုက္သည္။

"မင္း ၆တန္းႏွစ္တုန္းက ငါ ၁၀တန္း မင္းအစ္ကိုနဲ႔အတူတူ Basketballကစားခဲ့တာ"

ထိုအခါမွ ဒင္းေလးကမွတ္မိသြားပံုရၿပီး လက္ၫွိုးေလးထိုးကာ…

"Aww.. ဟိုအစ္ကိုႀကီး မွတ္မိၿပီ Bioဆရာရဲ့ကားဘီးကို သံစူးနဲ႔ထိုးတဲ့အစ္ကိုႀကီး"

"ဟ!!"

"အယ္.. က်န္ပါေသးတယ္ မိုးရြာေနတုန္း ေဘာလံုးကန္ခိုင္းလို႔ ကိုယ့္ဂိုးကိုယ္ျပန္သြင္းတာေလ"

သူ ရႈံ႔မဲ့သြားရသလို မဟုတ္တာလုပ္ခဲ့တာေတြမွ သတိရေသာ ဒင္းကိုသာ ဂြပ္ခနဲ ဂြပ္ခနဲေခါင္းေခါက္ပစ္ခ်င္သြားမိသည္အထိ။
ထို႔ေၾကာင့္ လက္ပိုက္ရပ္လိုက္ေတာ့ သူမက ဟီးခနဲရယ္ျပကာ…

"နာမည္ေတာ့မမွတ္မိဘူး ကိုကိုကေတာ့ ကၽဲြႀကီးလို႔ေခၚတာပဲေလ"

"ေအး ေကာင္းတယ္"

မ်က္ႏွာရွစ္ေခါက္ခ်ိဳးျဖစ္သြားေသာ ထိုလူႀကီးေၾကာင့္ အသက္ အသည္းယားသြားရၿပီး နာမည္ကိုအသည္းအသန္ျပန္စဥ္းစားေတာ့လည္း ကၽဲြႀကီးဆိုတာကလဲြၿပီး ေပၚမလာ။
၁၀တန္းႏွစ္ဝက္မွေျပာင္းလာၿပီး ကိုကို႔ေဘာ္ဒါျဖစ္သြားခဲ့တာမို႔ အသက္ မမွတ္မိတာ မဆန္းပါ။
ဘုန္းFamilyဆိုတာ ကိုကိုနဲ႔အသက္အတြက္ ေဖေဖဝယ္ထားသၫ့္ေက်ာင္းျဖစ္ကာ ေနရာတကာေတာ္ေနရမည္ဆိုေသာ အေတြးျဖင့္ က်န္တာဘာမွဂရုမစိုက္အားခဲ့ဘဲ…

"ကိုကၽဲြႀကီး"

"ေအးေနာ္ ငါ့ကိုအဲ့လိုထပ္ေခၚရင္ မင္းကိုဆဲြၿပီးလႊင့္ပစ္မွာ"

"ဟုတ္လား ထိၾကၫ့္ေလ"

ေမးဆတ္ၿပီး စိန္ေခၚသလိုေျပာလိုက္ေတာ့ ထိုလူႀကီးက ေရခဲေသတၲာမွာေက်ာကပ္သြားကာ…

"ငါနဲ႔ေဝးေဝးေနစမ္း မင္းအစ္ကိုက ၆ေပအကြာမွာေနဖို႔ေျပာသြားတယ္"

"အမေလး ႀကီးက်ယ္မေနစမ္းပါနဲ႔"

အသက္ မ်က္ေစာင္းထိုးပစ္လိုက္ကာ ေရခဲေသတၲာေပၚစိုက္ဝင္ေနေသာ ဓားးေလးကိုဆဲြႏႈတ္ေတာ့ အခန္းတံခါးဝမွာ ကိုကိုေရာက္ေနၿပီျဖစ္သည္။
ကိုကိုက မ်က္လံုးႀကီးျပဴးကာ အသက္ကို ဝါးစားပစ္ေတာ့မတတ္ စူးစူးရဲရဲႀကီးၾကည့္ကာ…

"ငါ့Freezerကို ဓားးနဲ႔ေပါဂာ္တယ္ အသက္မ"

"သူ႔ကို သူခိုးမွတ္လို႔"

"ဘာ!!"

"လူေျခတိတ္မွ ခိုးဝင္လာတာကိုး ကိုကၽဲြႀကီးက"

"ငါ့ကိုအဲ့လိုမေခၚနဲ႔လို႔ ေျပာေနတယ္ေနာ္"

"အဲ့ဒီကၽဲြကိုအသာထား လာ.. အသက္ နင့္လဂာ္နက္ေတြ အကုန္ထုတ္စမ္း"

"ဒါေလးပဲပါတာ"

ဓားးဝိာုေလးသာထုဝာ္ျပလိုက္ေပမယ့္ ကိုကိုကမယံုဘဲ အသက္အနားထိေလ်ွာက္လာၿပီး လက္ထဲကဓားးေလးကိုလညါးဆဲြယူသည္။
စြပ္က်ယ္အက်ႌရဲ့ခါးၾကားမွာၫွပ္ထားသၫ့္ ပစၥတိူတစ္လက္ကိုလည္း ထုတ္ယူသြားၿပီး ေပါင္မွာအနက္ေရာင္ဇာႏွင့္ကပ္ကာဖြက္ထားသၫ့္ ဓားးေျမာငိကိုလည္း ဆဲြယူသြား၏။
အသက္ဆံထံုးမွာစိုက္ထားသၫ့္ ဆံထိုးကိုလည္း ဆဲြႏႈတ္သြားကာ လည္ပင္းမွာရိွေသာ Heartbeatပံုစံ လက္နဂာ္ပုန္းကိုလည္း ျဖဳတ္ယူသြားေတာ့ စားပဲြေပၚမွာ အပံုလိုက္ျဖစ္သြား၏။

"ကုန္ပီလား"

"ကိုကိုေနာ္"

"ၾကၫ့္စမ္း နင္ တကယ္မလြယ္တဲ့ဟာေလးပဲ ဒါေတြတစ္ခ်ိန္လံုးေဆာင္ထားရေအာင္ တို.က္ပဲြထဲေရာက္ေနတယ္ထင္ေနတာလား"

"ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ေလ"

"မလိုဘူး ညီမေလး ေနာက္ထပ္ဒါေတြေဆာင္မထားနဲ႔ ဒီကြန္ဒိုကလည္း ဒက္ဒီလုပ္ထားတာ ငါကလည္းနင့္အနားမွာပဲရိွတာ အရင္တစ္ခါလိုမျဖစ္ေစရဘူး"

"ျဖစ္လည္း အသက္က ေတြေဝေနမယ့္သူမဟုတ္ပါဘူး"

"ငါသြားသင့္ၿပီထင္တယ္"

တစ္ေယာက္ကိုတစ္ေယာက္ ခပ္စူးစူးၾကၫ့္ရင္း ေျပာမိေတာ့ ဟိုလူႀကီးက မသိမသာေရွာင္ထြက္သြားေတာ့သည္။
အသက္တို႔ေျပာေနတာက မိသားစုအေရးဘက္ ေရာက္သြားၿပီမဟုတ္လား…

"ဒီအိမ္မွာေနရင္ ဒီအိမ္ရဲ့စည္းကမ္းကိုလိုက္နာရမယ္ ၿပီးေတာ့ နင့္အစ္ကိုတစ္ေယာက္ အေနနဲ႔ပါေျပာမယ္ ေျမျပန႔္မွာ နင့္အတြက္ အႏၲရာယ္ရိွေကာင္းရိွႏိုင္တယ္ ဒါေပမယ့္ ဒီၿမိဳ႔ထဲမွာေတာ့ ဘုန္းတန္ခိုးရဲ့တူမကို ထိရဲတဲ့သူမရိွဘူး"

"ကိုကိုကေရာ"

"ငါကနာမည္ႀကီးမွမဟုတ္တာ ဒါေပမယ့္ နင္ငါနဲ႔ရိွေနသ၍ ဘယ္ရန္သူမွ ဒီအိမ္ယာဝင္းအနား လာလို႔မရေစရဘူး အဲ့ဒီေတာ့ အိမ္မွာ လက္နဂာ္မကိုင္ရဘူး ဒါစည္းကမ္းပဲ"

ဟု ဆိုကာ အသက္ပစၥည္းေတြ အားလံုးကို ေကာက္ယူသြားေလသည္။

"ဒါနဲ႔ အဲ့ဒီကိုကၽဲြႀကီးက ဒီမွာပဲေနေတာ့မွာလား"

"ေျပာင္းခိုင္းဖို႔အဆင္မေျပေသးဘူး အသက္ ခဏေတာ့သည္းခံေပး.. ၿပီးေတာ့ ဒီေကာင္က နင့္ကိုေနွာက္ယွက္မယ့္သူမဟုတ္ဘူး"

"နာမည္က ဘာတဲ့လဲ သိသာသိၿပီးမမွတ္မိေတာ့လို႔"

"မင္းေနရာ"

💝💝◽◽◽💝💝

Part 6 ဆက္ရန္

ဘယ္သူတဲ့လဲေဟ့ ပရိသတ္😋

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Seguir leyendo

También te gustarán

3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
132K 8.3K 10
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
3.2M 80.7K 87
When a 15 year old girl gets stolen by her mother as a child she is forced to live with her abusive mom and stepdad. She is told of an accident res...
71.4K 1.5K 41
Clara Lily was born almost exactly nine months before Harry. She wasn't born a Potter though. Lily kept her secret until a few nights before she died...