37

7.3K 434 19
                                    

💝 Part - 37 💝

◽◽◽◽◽

"နေ မမနဲ့အိပ်ရမှာမလား"

"ဟင့်အင်း"

"မမကလည်း နေနေတို့က ယူမှမယူရသေးတာကို"

"မယူရသေးလည်း တခြားအခန်းကိုသွားနေလေ ငါကနှစ်ယောက်မအိပ်တတ်ဘူး"

"အဲ့ဒါဆို မမ ကိုမင်းနေရာနဲ့ယူပြီးရင်ရော"

"အဲ့ဒီအခါကျရင်တော့ ပြောင်းလဲချင်ပြောင်းလဲသွားမှာပေါ့ အခုတော့မအိပ်တတ်ဘူး"

"လုပ်ပါ မမကလည်း.. နေနေလည်း ကိုမင်းနေရာလိုချောချောလေးပဲလေ 'နေ'ပါတာချင်းလည်းတူတယ် 'ရာ'ပါတာချင်းလည်းတူတယ်"

"ပါးချိုင့်မှမပါတာ"

"မမလို့"

မမကိုအတင်းကပ်ချွဲနေပေမယ့် မမကတော့ ပြုံးစိစိဖြင့် နေနေ့ကိုအကပ်မခံဘဲ Stockဈေးကွက်တွေကိုသာ ကြည့်နေ၏။
ပါပါးကိုမလွန်ဆန်ရဲ၍ စံအိမ်အထိလိုက်လာရပေမယ့် နေ ဟိုလူကြီးနဲ့အိပ်ရမှာလားဆိုသည့်အတွေးဖြင့် ကြောက်နေမိသည်။

ဘုန်းအာဏာလျှံဆိုတာ မင်းသားခေါင်းဆောင်းထားသည့် ဘီလူးကြီးမို့ လူမသိသူမသိ နေနေ့ကလီစာတွေကိုထုတ်ရောင်းနေမလားဟု တွေးမိတိုင်းငိုချင်မိသည်။
သေဝာာဝောာင် မလှမပသေရမည့်အဖြစ်…

"မမ ဘယ်တော့လက်ထပ်ပေးမှာတဲ့လဲ"

"မကြာဘူးလို့ပြောတာပဲ ကိုကိုက နှစ်လအတွင်းလို့ပြောထားတာလေ အဲဲ့ဒီအတွင်းပေါ့"

"သူကဘာလို့အခုမှ အရမ်းတွေမိန်းမရချင်နေတာလဲ တကယ်ဆို နေနေ့ကိုမတည့်ဘူးမလား"

"အခုတည့်သွားလို့နေမှာပေါ့"

"နေအဉ္ဇရာ ဒီမှာလား"

ဆိုသည့် အမေးစကားနှင့်အတူ တံခါးပွင့်လာပြီး ဟိုလူကြီးက တံခါးဝမှာပဲရပ်သွား၏။
ညဘက်ရောက်နေပြီမို့ တီရှပ်နှင့်ဘောင်းဘီတိုကိုဝတ်ထားကာ လူငယ်ဆန်ဆန်ပုံရိပ်က နေနေ့မျက်လုံးထဲမှာ ကြည့်ကောင်းနေပြန်သည်။
မာရေကျောရေနဲ့ အချေမင်းသားဖြစ်ပေမယ့် နေနေသည် ဒီလူကြီးကိုတော့ တကယ်ကြိုက်မိကာ မချေဘဲ၊ မာကျောမနေဘဲရှိလျှင် နေနေ သူ့ကိုကပ်ချွဲမိမလားမသိ။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now