Extra 1

10.4K 419 25
                                    

💝 Extra part - 1💝

◽◽◽◽◽

လားရှိုးစံအိမ်ထဲခြေချမိသည်နှင့် ရင်ထဲသိမ့်ခနဲဖြစ်သွားကာ အိမ်ရှေ့မှာသတင်းစာဖတ်နေသောအဖေ့ကိုအရင်ဆုံးလှမ်းမြင်လိုက်သည်။
အဖေက သတင်းစာကိုချကာ သူ့ခြေလှမ်းတွေကို မျှော်လင့်နေသလိုကြည့်နေခဲ့၍ စိတ်ထဲနူးညံ့သွားမိကာ လွန်ခဲ့သော အနှစ်၄၀ကျော်ကိုပြန်ရောက်သွားသလိုပင်…

တန်ခိုးနဲ့အတူ ပြေးလွှားဆော့ခဲ့ဖူးသည့် မြက်ခင်းစိမ်းနှင့် ထင်းရှူးတောတွေ..
သူတို့နောက်က တကောက်ကောက်လိုက်ကာ ထမင်းခွံ့လိုက်၊ ရေတိုက်လိုက်ရှိခဲ့သော အမေ..
ယောကျာ်းမှန်ရင်ခေါင်းငုံ့မခံဖို့ ပြင်းထန်သောလေ့ကျင့်မှုတွေနှင့် သေနဝာ်ပစ်နည်းသင်ပေးခဲ့သော အဖေ…
၁၇နှစ်သားဘဝကတည်းက မိဘရင်ကိုခြေစုံကန်ပြီး အိမ်ကနေထွက်ပြေးလာသော သူ…

"ပြန်ရောက်ပြီလား"

အဖေ့စကားကြောင့် ခေါင်းညိတ်ပြလိုက်ကာ အဖေ့ခြေရင်းမြက်ခင်းပြင်မှာ ဒီအတိုင်းထိုင်ချပစ်လိုက်ပြီး အဖေလက်တွေကို ဆုပ်ကိုင်ထားလိုက်သည်။
Babyကလည်း သူ့လိုပင်၊ သူ့အနားမှာ ထိုင်ချလိုက်ပြီး အဖေ့ကိုကန်တော့ဖို့ပြင်နေ၍ သူရော၊Babyပါ အဖေ့ကိုကန်တော့လိုက်ကြသည်။

"မင်းဘယ်လိုစိတ်ကူးနဲ့များ အိမ်ပြန်လာဖို့ဆုံးဖြတ်လိုက်တာလဲ ထက်ဘုန်းလျှံ"

"ကျွန်တော် အိမ်မှာနေချင်တယ် အဖေ့ကိုရော၊ အမေ့ကိုပါ ကျွန်တော် မပြုစုနိုင်ခဲ့ဘူး အမေ့ကိုမမှီလိုက်ပေမယ့် အဖေ့ကိုတော့မှီချင်သေးတယ်"

"မြေးလျှံကရော"

"အဖေ့မြေးက ဂိုဏ်းချုပ်ကြီးဖြစ်နေပြီလေ သားပေါက်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းက အစစအရာရာစိတ်ချရပါပြီ လွှတ်ထားလို့ရပါတယ်"

အဖေက တည်ငြိမ်စွာပြုံးပြီး သူ့ဆံပင်တွေကို အသာအယာဆွဲဖွတော့ သူဟာ ကလေးပြန်ဖြစ်သွားသလို ခံစားလိုက်ရသည်။
ထိုအချိန် သူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လာသည့် Babyလက်ကလေး…

သူ့ဘဝရဲ့ရှင်သန်ရခြင်းအဓိပ္ပါယ်လေး
သို့မဟုတ်..
သူ အမြစ်တွယ်ရသည့် တစ်ခုတည်းသောချစ်ခြင်းတရားလေး…

အသက်ကို အသက်လိုငြိတွယ်သူမယ်Место, где живут истории. Откройте их для себя