4

6.8K 337 16
                                    

💝 Part - 4 💝

◽◽◽◽◽

"တကယ် မျက်တောင်ခတ်ရမှာတောင်နှမျောမိတယ် ခလေးရဲ့အလှတွေက တကယ်ကြီး ကိုယ့်အတွက် perfect"

ရှက်ကိုးရှက်ကန်းဖြစ်သွားသော မျက်နှာလေးက ချစ်စဖွယ်ကောင်းလွန်းသလို ပါးအိအိလေးကို အသာအယာဖျစ်ညှစ်မိသည်အထိ အသည်းယားသွားမိသည်။
မေမီနဲ့ပတ်သက်ပြီးကတည်းက အတည်တကျရည်းစားထားဖို့ ခက်ခဲခဲ့ကာ အပျော်သဘောနဲ့လျှောက်တွဲနေခဲ့တာ ကြာပြီဖြစ်သည်။
ဒါကို ဒက်ဒီရော၊ မာမီကပါ သဘောမကျပေမယ့် တားဆီးခြင်းမရှိသလို သူ့ဘက်က တစ်ခုခုမှားယွင်းခဲ့ပါကလည်း ခွင့်လွှတ်မှာမဟုတ်။

"ကျော်မကောင်း ကြားမကောင်းဖြစ်လို့ကတော့ မင်းကိုငါကိုယ်တိုင်တရားစွဲပြီး အာမခံမရအောင်လုပ်ပစ်မယ်"

ဟု မာမီက ခဏခဏကြိမ်းတတ်မြဲ။
ထိုအခါတွေတိုင်း သူ့ကိုမျက်မုန်းကျိုးနေသော ဒက်ဒီကပါ ခေါင်းညိတ်ပြကာ…

"တပ်လို့ရသမျှပုဒ်မအကုန်တပ်နော် Bae တစ်ခုမှမကျန်စေနဲ့ ထောင်ကြာကြာကျလေကောင်းလေပဲ"

ဟု အားပေးအားမြှောက်လုပ်တတ်သည်။
သူလည်း ဒက်ဒီနဲ့မာမီလို ဒီတစ်ယောက်နဲ့ပဲတွဲပြီး ဒီတစ်ယောက်နဲ့ပဲ မြဲချင်ပေမယ့် ထိုတစ်ယောက်က အသက်ကိုလုပ်ကြံလာသည့်အခါမှာတော့ ငဲ့ညှာနေလို့မရ။
ထိုအချိန်က သက်ထက် ဘယ်လောက်တောင်လန့်သွားမလဲဟု တွေးမိတိုင်း အတည်တကျရည်းစားထားဖို့ တွန့်သွားမိစမြဲ။

"ကို Restroomသွားဦးမယ် ခဏ"

"ဟုတ်"

Restroomကိုထွက်လာခဲ့ကာ ကိစ္စအမြန်ဖြတ်ပြီး မှန်ထဲက ကိုယ့်ပုံကို ပိုပြီးသပ်ရပ်သွားအောင် အနည်းငယ်သ,လိုက်သေးသည်။
ပြီးမှ ထွက်လာခဲ့ကာ စားပွဲဝိုင်းကိုပြန်ရောက်သည်နှင့် မထိုင်ရခင်မှာ ဗျန်းခနဲ ရေနှင့်အပက်ခံလိုက်ရ၏။

"ခလေး"

"ရှင့်အရင်ကညီမလေးနဲ့ပဲ သွားပလူးနေလိုက် ရှင်နဲ့ကျွန်မ ပြတ်ပြီ"

"ဟာ.. ဘယ်ကညီမလဲ ခ​လေး မဟုတ်ဘူး"

ကျစ်ခနဲစုပ်သပ်မိကာ screenလင်းလာသည့်ဖုန်းကြောင့် ခလေးနောက် လိုက်မသွားနိုင်ဘဲ ဖုန်းဆီကိုအကြည့်ရောက်သွား၏။
အသက်ကလေး တဲ့…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now