49

6.8K 412 34
                                    

💝 Part - 49 💝

◽◽◽◽◽

ဒေါသစိတ်ဖြင့် ထင်ရာလုပ်ခဲ့ပြီးမှ ငိုယိုပြီးကျန်နေခဲ့သောMineကို သတိရလိုက်ကာ စိတ်ထဲနေမရထိုင်မရဖြစ်သွားမိသည်။
ဇာတ်ကားကြည့်တာတောင် ဝမ်းနည်းပက်လက်ငိုတတ်သောသူမဟာ ဒီအခြေအနေကို ဘယ်အချိန်ထိများ၊ ဘယ်လောက်ထိများ ငိုကြွေးနေလိမ့်မလဲ…

"ကျွတ်!"

မျက်စိစုံမှိတ်ပစ်ရင်း ခေါင်းကိုတစ်ချက်ခါပစ်မိတော့ Mineလျှို့ဝှက်ထားခဲ့သောကိစ္စဟာ ခေါင်းထဲပြန်ရောက်လာခဲ့သည်။
အနည်းဆုံးတော့ သူ့ကိုပြောပြခဲ့ဖို့ မကောင်းဘူးလား…

သူ ခြေလှမ်းတွေရပ်ပစ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်မိတော့ ဓာတ်လှေကားတံခါးသည်ပိတ်လျက်သားရှိနေသလို မြေအောက်ကားပါကင်သည်လည်း တိတ်ဆိတ်နေဆဲ။
တကယ်တမ်း Mineက ဖုံးကွယ်ထားခဲ့ပေမယ့် ကျူးလွန်ခဲ့သူက ဦးဇွဲကပင်ပဲမလား..
ပြီးတော့ သူ တကယ်ပဲ Mineနဲ့ဝေးကွာပြီးနေနိုင်လို့လား…
ဒီလောက်ဆိုရင်တောင် အတော်လေးဝေးကွာနေပြီမလား…
မေးခွန်းတွေထပ်လာတော့ သက်ပြင်းတစ်ချက်ချပြီး ခြေလှမ်းတွေကို နောက်ပြန်လှည့်လိုက်ကာ သူမအခန်းတံခါးရှေ့ကိုပြန်ရောက်လာခဲ့သည်။

"Mine"

တံခါးကိုခေါက်ရင်း ခေါ်လိုက်ပေမယ့် တိတ်ဆိတ်နေကာ စိတ်မရှည်တော့၍ အခန်းpasswordကိုနှိပ်ကာ တံခါးကိုဆွဲဖွင့်လိုက်သည်။

"Mine"

သူ အသံပြုရင်း အခန်းတွေထဲဝင်ကြည့်တော့လည်း ဘယ်သူမှမရှိတာမို့ အခန်းတိုင်းကိုအသည်းအသန်လိုက်ဖွင့်ကြည့်မိ၏။
ဟိုတစ်ခါကလို သူမ ပျောက်ဆုံးသွားပြန်ပြီမို့ ရင်ထဲပူလောင်သွားပြီး တောင်ကြီးကိုပြန်သွားသလားဆိုသည့်အတွေးဖြင့် ငလျှံ့ဆီဖုန်းဆက်လိုက်၏။

"အေး.. မင်းနေ"

"အသက် ဘယ်မှာလဲ သူအိမ်မှာမရှိဘူး"

"ဆိုဒ်ထဲမှာနေမှာပေါ့"

"မဟုတ်ဘူး စောစောက ငါသူနဲ့တွေ့သေးတယ် စကားနည်းနည်းများမိသွားတယ်ကွာ အခုငါပြန်လာရှာတော့ မရှိတော့ဘူး မင်းညီမ ဟိုတစ်ခါကလို.."

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now