1

13K 376 12
                                    

💝 Part - 1 💝

◽◽◽◽◽

"ဖေဖေ သမီးကိုခေါ်တယ်ဆို"

ဖေဖေက ခေါင်းညိတ်ပြရုံသာပြပြီး ဆိုဖာကိုမေးဆတ်ပြ၍ ဆိုဖာမှာဝင်ထိုင်ဖို့ပြင်လိုက်သည်။
ဆိုဖာတစ်ဖက်မှာ မေမေလည်းရှိနေကာ မေမေကတော့ သက်ထက်ကို အရယ်အပြုံးကင်းမဲ့သောမျက်နှာဖြင့်ကြည့်လိုက်၊ ဖေဖေ့ဆီအကြည့်ရောက်လိုက်…
သေချာတာတစ်ခုက မေမေ့မျက်နှာပျက်ယွင်းနေသလို ဖေဖေ့မှာလည်း အေးစက်သောအငွှေ့အသက်တွေဖြင့်။

"ခေါ်ခဲ့"

ဖေဖေ့အမိန့်သံအဆုံးမှာ တံခါးနောက်ကွယ်မှာ ဖေဖေ့ကိုယ်ရံတော်တွေထွက်လာပြီး လူတစ်ယောက်ကို တရွတ်တိုက်ဆွဲခေါ်လာသည်။
ဘယ်သူလဲတော့မသိပေမယ့် ဒီပုံစံ၊ ဒီအနေအထားဟာ သစ္စာဖောက်တစ်ယောက်ယောက် ဖြစ်နိုင်လောက်သည်။

"မော့စမ်း"

ဦးနန္ဒက ထိုသူကိုဆံပင်မှဆွဲကာ မျက်နှာမော့စေတော့ ဟန်သူဖြစ်နေ၍ သက်ထက်နှုတ်ခမ်းတွေပွင့်ဟသွားရသည်။
တစ်ဆက်တည်း ဖေဖေ့ရဲ့အေးစက်နေမှုကို သတိရလိုက်ကာ ထိုင်ရာမှထရပ်လိုက်ပြီး ဟန်သူ့ရှေ့မှ ကာဆီးထားလိုက်သည်။

"သက်ထက် ဒီကိုပြန်လာ"

"ဟင့်အင်း မေမေ မေမေတို့ သူ့ကိုအထင်လွဲနေတာ ဘာလို့လဲ ဟန်သူ့မှာဘာအပြစ်ရှိလို့လဲ"

"အပြစ်မရှိဘဲ ဒီနေရာကိုရောက်မလာဘူး သမီး လာ.. မေမေ့ဆီ"

"ဟင့်အင်း ဖေဖေ ဖေဖေပြောတော့ သမီးတို့ကိုလက်ထက်ပေးမယ်ဆို အခုဘာလို့.."

"သက်ထက်ဘုန်းလျှံ"           "ချစ်ခြင်း"

မေမေက စိတ်တိုလာဟန်ဖြင့် ထရပ်တော့ ဖေဖေက မေမေ့ကိုဟန့်တားသည့်အနေဖြင့် တစ်ချက်လှမ်းခေါ်တော့ မေမေက တစ်ချက်ငြိမ်သွား၏။
ဖေဖေသည် Leoponပုံထွင်းထုထားသော ထိုင်ခုံကြီးပေါ်ကဆင်းလာကာ သက်ထက်အနားကိုရောက်လာတော့ အရပ်မြင့်သည့်ဖေဖေ့ကို သက်ထက်မော့ကြည့်မိသည်။

Evil princeဟု နာမည်ကျော်ကြားပြီး မှောင်ခိုလောကသားတိုင်းကို လွှမ်းမိုးချုပ်ကိုင်ထားသည့်ဖေဖေဟာ အမြဲလိုအေးစက်ခက်ထန်နေတတ်ပေမယ့် မေမေနဲ့ သက်ထက်ကိုတော့ အမြဲအလျှော့ပေးခဲ့သည်သာ…

အသက်ကို အသက်လိုငြိတွယ်သူမယ်حيث تعيش القصص. اكتشف الآن