46

7.5K 433 16
                                    

💝 Part - 46 💝

◽◽◽◽◽

"ဟုတ်လို့လား"

ကိုကြီးရဲ့အသံက ကျယ်လည်းကျယ်သလို ထိုင်ရာမှထကာ ဟိုဘက်လျှောက်ဒီဘက်လျှောက်လိုက် ဖြစ်သွားပြီး ဒါဟာစိတ်မတည်ငြိမ်ခြင်းရဲ့ လက္ခဏာရပ်ဖြစ်သည်။
စတော့ဈေးကွက်ကိုကြည့်နေရင်းမှ ကိုကြီးပုံစံကို အသက် အကဲခတ်နေမိကာ ဘာများဖြစ်လို့လဲဟု သိချင်စိတ်ပြင်းပြသွား၏။

"ဘယ်လိုဖြစ်လို့ ကားAccidentဖြစ်ရမှာလဲ သိမ်မွေ့က တောင်ပေါ်လမ်းတွေကိုသိပ်ကျွမ်းတာ အဲ့ဒီလမ်းတွေဆိုတာ သူသွားနေကျပဲ"

"-------"

"မဖြစ်နိုင်တာ ဘယ်လိုမှကိုမဖြစ်နိုင်တာ"

ဒီလိုဆို မမသိမ်မွေ့ဆုံးသွားပြီလား…
ရုတ်တရက် ဦးဇွဲကိုသတိရလိုက်သော အသက်သည် ဖုန်းကိုလှမ်းယူကာ အခန်းထဲပြန်ဝင်လာခဲ့ပြီး တံခါးကို lockချပစ်လိုက်သည်။
ပိုပြီးစိတ်ချရအောင် ရေချိုးခန်းထဲကိုဝင်လာခဲ့ကာ တံခါးကိုလုံအောင်ပိတ်လိုက်ပြီး ဦးဇွဲဆီဖုန်းခေါ်လိုက်သည်။

တောင်ပေါ်လမ်းတွေကို ကျွမ်းကျင်စွာမောင်းတတ်သော ယာဥ်မောင်းသူတစ်ယောက်ဟာ ဘာကြောင့်သေဆူံးသွားရသလဲ…
အသက်ကိုယ်တိုင်လည်း တောင်ပေါ်မြို့တွေမှာ ကားမောင်းခဲ့သူမို့ Accidentဖြစ်နိုင်ချေနည်းပါးလွန်းကြောင်းတွက်ဆမိသည်။
ဒါဆိုဒါဟာ ဦးဇွဲရဲ့ပယောဂ ကင်းရဲ့လား…

"အင်း အသက်ကလေး"

"မမသိမ်မွေ့ဘယ်မှာလဲ"

"ဘာ!"

ဦးဇွဲအသံက တအံတဩဖြစ်သွားသည့်အသံမို့ အသက် ဇဝေဇဝါဖြစ်သွားမိကာ ဤအသံသည် မမသိမ်မွေ့အကြောင်းအခုမှသိလို့လား။
သို့မဟုတ် အသက်က တည့်တည့်ကြီးမေးလိုက်လို့ သူခိုးလူမိသွားတာလား…

"ဦးဇွဲ.. ဦးဇွဲလက်ချက်မလား"

"အဟွန်း.. ဘယ်လိုလုပ်သိတာလဲ"

"အသက်က ဦးဇွဲရဲ့တူမမို့လေ မြွေမြွေချင်းခြေမြင်တယ်ဆိုပါတော့ ဘာလို့ဒီလိုလုပ်တာလဲ ဒီဘက်မှာမီးလောင်နေပြီ"

"ငယ်လေးကသိပ်ခေါင်းမာတယ် ခုထိလည်းပြန်ပို့ပေးဖို့ပဲ ပြောနေတာ ဒါပေမယ့် ဦးဇွဲမှမခွဲနိုင်တာ ငါ့တူမရယ်"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now