55

8.9K 431 21
                                    

💝 Part - 55 💝

◽◽◽◽◽

ဒီနေ့သည် နေနေအမျှော်လင့်ခဲ့ရဆုံးနေ့တစ်နေ့ဖြစ်ကာ အချိန်အကြာကြီးCrushခဲ့ရသော ကိုသားပေါက် ခေါ် ကိုကိုနှင့်လက်ထပ်ရမည့်နေ့လည်းဖြစ်သည်။
နေနေ့ဘဝရဲ့မှတ်တိုင် သို့မဟုတ် တစ်ဆစ်ချိုးဟုဆိုရလောက်သော ဒီနေ့လေးသည် ကိုကို့မာမီနှင့် အန်တီချစ်ခြင်း၏စီစဥ်မှုဖြင့် ခမ်းနားထည်ဝါနေကာ တက်ရောက်သူတွေလည်းအများကြီးဖြစ်၏။

တစ်ခြံလုံးကို နှင်းဆီပန်းတွေ၊ Irisပန်းတွေဖြင့် အလှဆင်ထားပြီး စံအိမ်မြက်ခင်းပြင်ပေါ်မှာ အခမ်းအနားကိုပြင်ဆင်ထားသောကြောင့် garden partyနှင့်ပိုတူနေသည်။
နေနေ့ကိုတော့ အဖြူရောင်သတို့သမီးဂါဝန်လှလှလေးဆင်ပေးထားပြီး မိတ်ကပ်ပြင်ဆင်ပြီးချိန်မှာ ကိုကို့မာမီက ဘူးလေးတစ်ဘူးဖြင့် စောင့်နေ၏။

"ဒါလေးတွေဆင်ပေးပါ"

မိတ်ကပ်Artistကို ထိုဘူးလေးကမ်းပေးကာ လှမ်းပြောတော့ ဘာတွေမှန်းမသိဘဲ ဘူးကိုဖွင့်တော့မှ အထဲကပစ္စည်းတွေကြောင့် လက်ခနဲဖြစ်သွား၏။
မှန်ရာဝန်ခံရရင် ထိုလောက်များပြားသောရတနာပစ္စည်းတွေကို တစ်ခါမှမမြင်ဖူးသလို ကိုကိုတို့အဲ့လောက်ချမ်းသာမှန်းလည်းမသိခဲ့…

"ကိုကြီးအမေရဲ့ပစ္စည်းတွေလေ ဒီမိသားစုရဲ့ချွေးမတိုင်းက မှေးမှိန်နေလို့မရဘူးဆိုပြီး မာမီတို့လက်ထပ်တဲ့နေ့မှာပေးခဲ့တာ အခုတော့ သမီးရဲ့ပစ္စည်းပေါ့"

"ဒါပေမယ့် ဒီလောက်အများကြီး.."

"များလည်းယူရမယ် ချွေးမကိုဆင်ဖို့က ယောက္ခမရဲ့တာဝန်ပဲ ဟုတ်တယ်မလား"

"ဟုတ်ပါဘူး ယောကျာ်းရဲ့တာဝန်ပါ"

"မာမီက အဲ့ဒီယောကျာ်းကိုမွေးပေးတဲ့အမေလေ ကဲပါ.. ကိုယ့်သားလေးအတွက် ကိုယ့်ချွေးမလေးကိုဆင်ပေးတာ ချေးများမနေပါနဲ့
ဒေါ်မှုန်းချယ်ရဲ့မြေးချွေးမက မှေးမှိန်နေလို့မရဘူး"

နေနေ ဘာမှပြန်မပြောတတ်တော့ဘဲ ခေါင်းလေးသာညိတ်ပြလိုက်တော့ ထိုဘူးထဲကပစ္စည်းတွေဟာ နေနေ့ကိုယ်ပေါ်ရောက်လာတော့၏။
စကားအသွားအလာအရဆို ဒါတွေသည် မာမီ့ကိုလည်း သူမယောက္ခမကပေးခဲ့၍ နောက်ထပ်ချွေးမကို လက်ဆင့်ကမ်းချင်ပုံ…
ဤသို့ဆိုလျှင် မမအတွက်ကရော…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now