21

6.9K 384 25
                                    

💝 Part - 21 💝

◽◽◽◽◽

ဦးခေါ်လာသည့်နေရာက တောင်စောင်းတစ်ခုပေါ်ရှိခြံကြီးတစ်ခုဆီသို့ဖြစ်ကာ တောင်စောင်းဟာခပ်ပြေပြေလေးဖြစ်သည့်အပြင် ကားလမ်းလေးပါရှိသည်။
ကျောက်ခင်းလမ်းတွေ၊ အင်္ဂတေခုံတွေဖြင့် အခိုင်အမာလုပ်ထားသောကြောင့် တောင်စောင်းကားလမ်းဖြစ်သော်ငြား အန္တရာယ်မရှိ။
ဦးက ထိုလမ်းလေးအတိုင်းမောင်းဝင်လာပြီး ကားလမ်းအဆုံးမှာရှိသော သစ်သားအိမ်လေးကိုမေးဆတ်ပြကာ…

"သဘောကျလား"

"ဟုတ်"

သိမ်မွေ့ခေါင်းညိတ်လိုက်တော့ ဦးကပြုံးသွားပြီး အိမ်လေးရှေ့မှာ ကားရပ်လိုက်၏။
အိမ်ကလေးကလည်း တစ်ထပ်ခွဲလေးဖြစ်ပြီး ဝရံတာလေးလည်းပါကာ ချစ်စရာကောင်းလွန်းတာမို့ ခြံကျယ်ကျယ်ကြီးနှင့်ဒီအိမ်ကလေးဟာ ဦး ပိုင်တာလားမသိ…

"ကိုယ်တို့လက်ထပ်ပြီးရင် ဒီမှာပဲနေရအောင်"

"ဟင်!"

သိမ်မွေ့အံ့ဩသွားမိသလို ဦးကိုမော့ကြည့်လိုက်မိတော့ ဦးက တည်ငြိမ်စွာပြုံးပြပြီး သိမ်မွေ့လက်ကလေးကိုဆွဲယူသည်။
အရင်ကဆို သိမ်မွေ့ကပဲ တစ်ဖက်သတ်လိုက်ကြိုက်နေသလားထင်ရအောင် ဦးက ချေမိုးနေပြီး အခုမှလက်ထပ်ဖို့ပြောလာ၍ နားမလည်နိုင်အောင်ပင်။

"ဘာလို့ငြိမ်သွားတာလဲ တစ်ခုခုပြောမယ်ထင်ထားတာ"

"ဦး အဲ့လိုလက်ထပ်ခွင့်တောင်းမယ်လို့မှ ထင်မထားတာ"

သိမ်မွေ့မျက်ရည်တွေဝဲလာပြီး ဦး ရင်ဘတ်ကြီးကို အားအင်ကင်းမဲ့စွာထုနှက်မိတော့ ဦးကတစ်ချက်ပြုံးကာ သိမ်မွေ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။
ကုတ်အင်္ကျီထဲက ကတ္တီပါဘူးလေးကိုထုတ်ကာ သိမ်မွေ့ကိုဖွင့်ပြတော့ စိန်တစ်ပွင့်တည်းပါသော လက်စွပ်ကလေး…

"ကိုယ် မင်းနဲ့အတူနေချင်ပြီ ငယ်လေး အဲ့ဒါကြောင့်မို့ လက်ထပ်ရအောင်နော် ကိုယ့်ကိုလက်ခံပေးပါ"

နူးညံ့တိုးတိတ်သော ဦးစကားအဆုံးမှာ သိမ်မွေ့ခေါင်းလေးညိတ်ပြရင်း ပျော်ရွှင်ခြင်းမျက်ရည်တွေကို သုတ်ပစ်လိုက်သည်။
ဦးက လက်စွပ်ကလေးကို သိမ်မွေ့လက်မှာစွပ်ပေးပြီး ထရပ်လိုက်ကာ သိမ်မွေ့ခါးလေးကနေသိမ်းဖက်ရင်း…

အသက်ကို အသက်လိုငြိတွယ်သူမယ်On viuen les histories. Descobreix ara